Dec 25, 2009

Shwe and Madam Shwe


ဒေါ်ကြိုင်ကြိုင်ရဲ့ ခန့်ခန့်ကြီးပုံ ဖြစ်ပါတယ်။
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲ သွားအားပေးတာလို့ ၁၈ ရက်နေ့ သတင်းစာမှာ ရေးထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးက မိန့်ခွန်းပြောတယ်တဲ့ အဲဒီ သင်တန်းပိတ်ပွဲမှာ။

ပုံကို ကြည့်ပါဦး၊ ဒေါ်ကြိုင်ကြိုင် မျက်နှာထား တင်းရတာက

၁။ တခုခုကို ချုပ်ထိန်းထားရလို့ (အင်း - - - ကိုယ်ချင်းစာပါတယ်လေ)
၂။ အနားမှာ လက်တင်စရာမရှိတဲ့အတွက် ညောင်းလို့ (ဘေးကိုလည်း မရွှေ့ဘူး အပျင်းကြီးပုံများ)
၃။ ဓာတ်ပုံဆရာများက သူ့ကို ကင်မရာမှန်ဘီလူးကနေ ကြည့်နေကြလို့
၎။ သူ့ကို ဘာမှ မကျွေးလို့
၅။ (
ဘယ်အချိန်ကမှန်း မသိ) ညာဘက်က စိန်နားကပ် ပြုတ်သွားလို့
၆။ ခုံသေးလို့
၇။ ဒေါ်ကွိုင်ကွိုင်ဆိုတဲ့ nick name ကို သူ့ရှေ့မှာ မသုံးကြလို့
၈။ ချစ်လှစွာသော မောင်တော်ဘုရားက စကားထစ်နေလို့ သို့မဟုတ် မိန့်ခွန်းဖတ်တာ ဖတ်ပြီးသားအပိုဒ်တွေ ပြန်ဖတ်လို့

ဘာကြောင့်ဖြစ်မယ် ထင်သလဲး)

အဲဒါတွေ တခုမှ မဟုတ်ဘူး လို့ ဒီနေ့ သတင်းစာမှာ ပါတဲ့ပုံက ပြောပါတယ်း)

လက်တင်စရာ ဘုတုံးကြီးတခု ပေးထားပေမယ့် မျက်နှာက အပူသည်ရုပ် ဖြစ်နေလေရဲ့း)
ဗိုလ်ချုပ်မှူးကြီးကိုနိုင်တာ သူပဲရှိတယ်လို့ တချို့က ယူဆကြတယ်။ ဒါဆိုရင်တော့ ဒီမိန်းမကြီးက ခေသူမဟုတ်ပေါ့ဗျာ။
ဗိုလ်ချုပ်မှူးကြီးနောက်ကနေပြီး သူက ချယ်လှယ်နေတာလို့ ယူဆမှုများလည်း ရှိပ။ ဒါလည်း ဖြစ်နိုင်တာပါပဲ။
သူ့နားသွားချင်ကြဘူး တဲ့ ဗိုလ်ကတော်များကး) ခစားဖို့အရေး ဒူးထောက်ရ လက်အုပ်ချီရ စကားပြော အလွန် ဆင်ခြင်ရ ဆိုပဲး)
ထင်ကြေးတွေအများကြီး ထွက်လာတာ ဘယ်ဟာက မှန်မလဲ မသိဘူး။

တိုင်းပြည်ဟာ ဒီလိုလူတွေနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူမှ ကြိုမသိခဲ့ကြဘူး။ ဒီ လူကြမ်းမင်းသမီးကြီးလည်း တနေ့ ဒီနေရာရောက်လိမ့်မယ် ဆိုတာ သူကိုယ်တိုင် သိမှာ မဟုတ်ပါဘူး။

လောလောဆယ်တော့ ဒီလင် ဒီမယားက မြန်မာပြည်အတွက် အသုံးမကျပေမယ့် ကာတွန်းဆွဲသူ၊ စာပြောင်ရေးသူတွေရဲ့ လက်ကမြင်းစရာဖြစ်နေလေရဲ့း)




Dec 13, 2009

Maonfai or Lanna Kingdom

ကဲ - သွားကြမယ်။

ဒါ တနေ့ညက ရောက်ခဲ့တဲ့နေရာ။ ကျနော့်အိမ်နဲ့ သိပ်မဝေးဘူး။ ဆိုင်ကယ်နဲ့ဆို ၁ဝ မိနစ်ပေါ့။ ချင်းမိုင်မြို့ လားနားဆေးရုံနောက်ဘက်မှာ။ Soi Lanna Hospital ဆိုရင် တက္ကစီသမား လိုက်ပို့တတ်မှာပါ။ လမ်းသွယ် ၉ ထဲမှာ ရှိတယ်။ အဲဒီအဆောက်အအုံကို Maonfai လို့ ခေါ်တယ်။ ဘာအဓိပ္ပာယ်မှန်းတော့ မသိဘူး။ ပုံစံကတော့ ကျေးလက်ပြတိုက်။ လမ်းကြိုလမ်းကြားထဲမှာ ရှိတယ်။ အင်္ဂလိပ်လို တလုံးမှ ရေးမထားဘူး။ (မာန သိပ်ကြီးတာပဲး)။ အဝင်ဝမှာ ညောင်မုတ်ဆိတ် ခေါ်မလား အဲဒါတွေ ကျနေတယ်။


အပေါ်ထပ်မတက်ခင် ဖိနပ်ချွတ်ဗျာ။ ဖိနပ်စင်မှာတော့ လူ အယောက် ၁ဝဝ ကျော်ရဲ့ ဖိနပ်တွေ ထားနိုင်မယ် ထင်ပါရဲ့။ ဖိနပ်စင်ဘေးမှာ ရှေးဟောင်း မီးခံသေတ္တာကြီးတလုံးလည်း ရှိတယ်။ ပြတိုက်ဆိုတော့လည်း စုံပါ့။ အပေါ်မှာ မြင်ရတာကတော့ အပေါ်ထပ် လူသွားစင်္ကြန်ပေါ့ဗျာ။ လန်းနားခေတ်အိမ်ကြီးရခိုင်တွေဟာ ဂလိုပါလားလို့ အထင်ရောက်အောင် စီမံထားပုံရ။


သိပ်မဝေးလှသေးတဲ့ ရှေးခေတ်က ဒီဒေသမှာ ဒေသခံတွေ ဘယ်လို နေထိုင် စားသောက် ဝတ်ဆင်ကြတယ် ဆိုတာကို လေ့လာချင်သူများအတွက် ပြင်ဆင်ထားတဲ့ ပြတိုက်ပေါ့။ အသုံးအဆောင်တွေ အဝတ်အစားတွေ ပစ္စည်းတွေ ပြထားသလို မိုဒယ်အဖြစ် သရုပ်ဆောင်တဲ့သူတွေကိုလည်း တွေ့ရတယ်။

လန်းနားခေတ် (Lanna Kingdom) ဒေသတွေ ဆိုတာ ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၈ ခု ကို ဆိုလိုတာပါ။ ချင်းမိုင်၊ ချင်းရိုင်၊ နန်၊ လမ်ပန်း၊ လမ်ဖွန်း၊ မယ်ဟောင်ဆောင်၊ ပြီးတော့ Phayao နဲ့ Phrae လို့ ခေါ်တဲ့ ခရိုင်တွေပေါ့။ အသံမထွက်တတ်လို့ အင်္ဂလိပ်လိုပဲ ကော်ပီ ကူးပေးလိုက်တယ်။ လန်းနားခေတ်တုန်းကတော့ ဒီဒေသတွေအပြင် မြန်မာပြည်နဲ့ လာအိုနိုင်ငံက ဒေသတချို့လည်း ပါဝင်တယ်လို့ ဆိုတယ်။ လန်းနားဆိုတာ စပါးခင်းပေါင်း တသန်း လို့ အဓိပ္ပာယ်ရ ဆိုပဲ။ ၁၂ ရာစုနဲ့ ၁၅ ရာစုအတွင်း ဖြစ်ထွန်းခဲ့တယ်။ နောက်ပိုင်း တခြားဒေသက စစ်ဘုရင်ကြီးငယ်တွေလက်ချက်နဲ့ လန်းနားခေတ်ပျက်ရတယ်။ မြန်မာတပ်တွေ ပါသလို လာအိုတပ်တွေတောင် ပါ ဆိုပဲ။ ကုလသမဂ္ဂ မရှိတဲ့ခေတ်ဆိုတော့ ထစ်ခနဲရှိ စစ်ဖြစ်ကြတဲ့ခေတ် ဆိုပါစို့း)

အဲဒီခေတ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဘောင်သွင်းပြထားတာတွေ့ရတယ်။ ဘောင်တွေကို ခပ်ဟောင်းဟောင်းဖြစ်အောင် တမင်တကာ လုပ်ထားတယ်။

ကျနော် ရောက်သွားတဲ့အချိန်က ည။ ကင်မရာလည်း ယူမသွားပါဘူး။ ဒီပုံတွေကိုတော့ အင်တာနက်ကနေ ကော်ပီကူးထားတာပါ။ အခမ်းအနားတခုအတွက် ရှေးစတိုင် ပုံးဖာမှောက်ဆင်ထားသူတွေလေ။ (the photos in this post are from various web sites: Sorry for using without permissions!)

ဒီပြတိုက်မှာ မင်္ဂလာပွဲတွေ ဘာတွေလည်း လက်ခံကျင်းပပုံ ရတယ်။


စားစရာတွေလည်း ဒီမှာပဲ ရနိုင်တယ်။ ဟုတ်တာပေါ့။ လန်းနားခေတ် ရိုးရာ အစားအစာတွေပေါ့။ ကြိုက်တာယူစားစနစ်နဲ့ သုံးဆောင်ရုံသာ။ လမ်းဘေးဈေးသည်တွေရဲ့ ဈေးဝိုင်းလေးမှာ လှည့်ပတ်ပြီး ယူစား။ ကပြင်ကျယ်ကြီးမှာလည်း စားပွဲတွေ ခင်းထားတယ်။ စားစရာတွေ ယူပြီး အဲသမှာ သွားစားလည်း ရတာပဲ။


မုန့်သည်တွေက ရှေးခေတ်ကအတိုင်း ဝတ်ထားကြတယ်။ ကျနော်တို့သွားတဲ့အချိန်က မှောင်နေတော့ ရေနံဆီမီးတိုင်လား ဘာမီးတိုင်လေးတွေလဲမသိ ထွန်းကြတယ်။ မုန့်ကတော့ အစုံ။ မုန့်လင်မယား၊ ကောက်ညှင်းမုန့်၊ ကောက်ညှင်းထုတ်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထန်းသီးမုန့်၊ ကြံချောင်း၊ မြေပဲတောင့် စသဖြင့် ဆယ်မျိုးတော့ ကျော်မယ် ထင်တယ်။ ငှက်ပျောဖက် အရမ်း သုံးတယ်။ ငှက်ပျောဖက်ကို ခွက်ပုံစံလုပ်ပြီး ကြက်ဥခေါက်ထားတဲ့ဟာ တဇွန်း လောင်းထည့်ပြီး မီးနည်းနည်းနဲ့ကင်တာလည်း တွေ့တယ်။ ဖက် မမည်းခင် ကြက်ဥ ကြက်တာပဲ။

အပေါ်က ဟို၃ယောက် ဝိုင်းနေတဲ့နေရာကတော့ အရက်အိုးတွေ ရှိတဲ့နေရာ။ ဝါးခွက်အသေးလေးတွေနဲ့ ဆန်အရက် ထည့်ပေးမယ်။ ကျနော့်ကိုတော့ Rice Wine လို့ ပြောတာပဲ။ ဆန်အရက်နံ့ နည်းနည်း ရှူကြည့်ပြီး မကြိုက်လို့ မသောက်ဖြစ်ဘူး။ ဒီလူတွေရဲ့ ကျောဘက်မှာ ရှိတဲ့ မန်ကျီးဖျော်ရည်ပဲ အားပေးခဲ့တယ်။ ဖန်ခွက်နဲ့ မထည့်ပေးဘူး။ ဝါးခွက်ပဲ ရှိတယ်။


မုန့်ဆိုင်တွေရဲ့ ကျောဘက်မှာ အသုံးအဆောင်တွေ ခင်းကျင်းထားတယ်။ ထမင်းချိုင့်တွေကတော့ မျက်နှာကျက်မှာ။

ပြည်တွင်း ပြည်ပ ဧည့်သည်တွေ စိတ်ဝင်စားအောင် လုပ်ထားတာ။ မဲခေါင်မြစ်ဘေး ၆ နိုင်ငံက သတင်းသမား အယောက် ၁ဝဝ ဝန်းကျင် သွားကြတယ် အဲဒီညက။ အဘိုးကြီး အဘွားကြီး သုံးယောက်ကလည်း မိုဒယ်သဘောမျိုး ထိုင်နေကြတယ် အိမ်ဦးခန်းလိုမျိုး နေရာမှာ။ သူတို့လည်း ရိုးရာမုန့်တွေ စားတယ်။ သတင်းသမား ၃ယောက်လောက်က သူတို့ကြားထဲကို အလှည့်ကျ ဝင်ထိုင်ပြီး ဓာတ်ပုံရိုက် ဟာသလုပ်ကြတာတွေ့တော့ စိတ်မကောင်း ဖြစ်မိလိုက်သေးတယ်။ လူကြီးကို လူကြီးမှန်း မသိ။ ကိုယ့်နိုင်ငံက သတင်းသမားတွေ မဟုတ်တော့ ဝင်မပြောလိုက်ဘူး။

ကျနော်တို့ကို အကတွေ အတီးတွေနဲ့ ဧည့်ဝတ်ပြုတယ်။ ကိန္နရာအကလည်း ပါတယ်၊ အဲဒီ အကဟာ တိုင်လူမျိုး (ရှမ်းလူမျိုး)တို့ရဲ့ အကဖြစ်ကြောင်း ကြေညာတယ်။ ဆီမီးခွက်အက၊ ဖယောင်းတိုင်အက၊ သိုင်းအက စသဖြင့် စုံပါရဲ့။ လန်းနားခေတ် ရိုးရာဝတ်စုံတွေနဲ့ ကကြ တီးကြတယ်။

တီးမှုတ်ကခုန်တာတွေ မလာခင် အဓိကအစားအစာ ဖြစ်တဲ့ ကောက်ညှင်းပေါင်းနဲ့ ဟင်းလေးငါးမျိုး ကျွေးတယ်။ လန်းနားခေတ်မှာ ကောက်ညှင်းပေါင်းကို ထမင်းသဘောမျိုး စားကြတယ်လို့ ဆိုတယ်။
ကျွေးတဲ့ဟင်းကတော့ တို့စရာနဲ့ အသီးအရွက်တချို့ (မုန်ညှင်းပြုတ်၊ ပဲသီးတောင့်၊ သခွားသီး တို့ကို ခရမ်းသီးမီးဖုတ် ခပ်စပ်စပ်နဲ့တို့စား)၊ ကြက်သားကြော်၊ ဝက်ခေါက်ကြော်၊ ပြီးတော့ နည်းနည်းစပ်တဲ့ ဟင်း ၂မျိုးက အသီးအနှံနဲ့ အသား ရောချက်ထားတာ။

လန်းနားခေတ်ကအတိုင်း တသဝေမတိမ်း ဝတ်ကြတာတော့ မဟုတ်ဘူး) ချိတ်ထားတဲ့ ပုံတချို့မှာ လန်းနားခေတ်က အမျိုးသမီးတချို့ အင်္ကျီ မပါဘူး။ အသားက ညိုညို။ ထမီတော့ ဝတ်တာပေါ့။ ထမီကို ခါးမှာ ပတ်တယ်။ အမျိုးသားတွေလိုပဲ ရင်ကို ဖွင့်ထားတာပဲ။ ရာသီဥတု ပူလို့ ဖွင့်ထားသလား မသိပါ။

အစောပိုင်းမှာ သူတို့ အင်္ကျီ တဘက် လုံချည် စသဖြင့်တို့အကြောင်း ရှင်းပြတာလည်း ကြားလိုက်ရသေးတယ်။

လန်းနားခေတ်ပြပွဲတခုမှာ ဓာတ်ပုံရိုက်ထားတာ ကျနော့်မှာ ရှိပါတယ် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရိုက်ထားတာ။ နောက်နေ့တွေမှ (ဒါမှမဟုတ် ရှေ့နှစ်ထဲး) တင်လိုက်ဦးမယ်။ ခုတော့ သူများပုံတွေနဲ့ပဲ ဒီပို့စ်ကို တင်လိုက်ပါတယ်။ ။






Dec 2, 2009

105 years old grandma

ဒီနေ့ မြန်မာ့အလင်း (လား ကြေးမုံလား မသိ၊ မေ့ပြီ) သတင်းစာမှာ ပါတဲ့သတင်းဗျာ။ ကော်ပီကူးထားတာ မနက်ကတည်းက ဆိုတော့။

ယောဂီမယ်တော်ကြီးဘွားအိမ်ပြည့်၏
(၁ဝ၅)နှစ်မြောက် မွေးနေ့မင်္ဂလာကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၁

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဝဲလောင်ကျောက္ကာကျေးရွာ ဇာတိ ဘွားအိမ်ပြည့်၏ (၁ဝ၅)နှစ်မြောက် မေွး နေ့မဂင်္လာအခမ်း အနားကို ယနေ့ နနံ က် ၉နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ကျေးရွာခြောက်ရွာကို အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်အိတ်နှုန်း ဖြင့်

ကျောက္ကာကျေးရွာ အတွက် ၁၈၉ အိတ၊်
တောင်ကုန်း ကျေးရွာ အတွက် ၅၅အိတ်၊
ထန်းတောကြီး ကျေးရွာအတွက် ၆၄အိတ်၊
အောင်ချမ်းသာကျေးရွာအတွက် ၅၆အိတ်၊
မြို့ ဘကျေးရွာ အတကွ် ၄၉၃အိတ်၊
ကံအေးကျေးရွာ အတွက် ၁၁ အိတ်ဖြင့် ငွေကျပ်၁၂၁ သိန်းကျော်တန်ဖိုးရှိ ဆန်အိတ် ၈၆၈ အိတ်ကို ပေးအပ်လှူဒါန်းပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
(သတင်းစဉ်)

သတင်းလေးကတော့ ဒါပါပဲ။

ပြောစရာ ၂ ခုတွေ့တယ်း)

အိမ်ထောင်စု တစုလျှင် ဆန်တအိတ်နှုန်း ဆိုတော့

၁။ ဘွားဘွားက တအိမ် တအိတ်နှုန်း ဝေတာလား

၂။ ဘွားဘွားကို ပေးကြတာလား

၃။ ဘုန်းကြီးကျောင်းကို လှူကြတာလား

၎။ အိမ်အရေအတွက်အလိုက် ဘွားဘွားက ဘုန်းကြီးကျောင်းကို လှူတာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။

အလုပ်ထဲမှာ ဖတ်ကြည့်ရင်း မေးမိတာပါ။ အိမ်ပြန်ရောက်တော့ ထပ်ဖတ်ကြည့်မှ ဘွားဘွားက လှူတာဖြစ်နေတယ်။ ဝါကျက အရှည်ကြီး ရေးထားတာဆိုတော့ တခေါက်ဖတ်ရုံနဲ့ သဘောမပေါက်ဘူး။ ဝါကျရှည်ရှည်တွေ သိပ်ခေတ်စားတာပဲ။ သတင်းတပုဒ်လုံးကို ဝါကျတကြောင်းတည်းမှာ ပြွတ်သိပ်ပြီး ရေးတာနော်း(

ဝါကျတကြောင်းစာနယ်ဇင်းပညာ one sentence journalism ဆိုတာ ရှိတယ် ထင်ပါရဲ့။ ရှိတယ်ဆိုရင်တော့ အဲဒီအရေးအသားကို သပွတ်အူရေးနည်းလို့ နာမည်ပေးရမယ်း)

နောက်ထပ် တွေးမိတာ တခုက ဘွားဘွားရဲ့ အသက်။ အသက် အဲသလောက်ရှည်အောင် ဘာတွေ စားသလဲ၊ မစားဘူးလဲ မသိ။ ရန်ကင်းက ဘုန်းကြီးကျောင်းမှာ မွေးနေ့လုပ်တယ် ဆိုတော့ သူက ရန်ကုန်မှာ နေပုံရတယ်။ အသက်ကြီးသူတွေက ဇာတိမြေကို ချစ်ပုံရတယ်၊ အလှူလုပ်တာတောင် အရင် နေခဲ့တဲ့နေရာကို ရွေးပြီး လှူတယ်။

ဒါပါပဲ။ ရေးချင်တာက ဒီလောက်ပါပဲ။ သိပ်လည်း အရှည်ကြီး မရေးချင်ဘူး။ တမျက်နှာကျော်ရင် မဖတ်မှာစိုးလို့။ ။


Dec 1, 2009

Debt အကြွေး


အမေရိကန် နိုင်ငံသားအဖြစ် လျှောက်လွှာတင်ဖို့ ပြီးခဲ့တဲ့အပတ်က နည်းနည်းလေး ပြင်ဆင်မိတယ်။ ဒုက္ခသည်အဖြစ် ယူအက်စ် ရောက်ခဲ့တာ ၅ နှစ် ပြည့်ပြီးပြီမို့  လျှောက်လို့ရပြီပေါ့ဗျာ။ လျှောက်ချင်ရတဲ့အကြောင်းရင်း ပြောရရင် သိပ်များတယ်။

ဒုက္ခသည်ခရီးသွားလက်မှတ် ရချင်ရင် လဝကရုံးကို စာပို့ပြီး လျှောက်ရတယ်။ ကိုယ့်လိုလူ သိပ်များတာမို့ စောင့်ပေဦးတော့ လနဲ့ချီ။
ဒုက္ခသည် ဆိုတော့ ပတ်စ်ပို့ လျှောက်ခွင့် မရှိဘူးလေ။ ခရီးသွားလက်မှတ် ဆိုတာနဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပေါ့။

နိုင်ငံသားတွေသာ ကိုင်ခွင့်ရတဲ့ ပတ်စ်ပို့ကတော့ ယူအက်စ်မှာ လျှောက်လွှာသွားတင်နိုင်တဲ့ နေရာပေါင်း ၇ဝဝဝ ဝန်းကျင် ရှိတယ်လို့ ဆိုတယ်။ စာတိုက်တွေ ဘာတွေမှာ လျှောက်နိုင်တယ်။ တချို့စာကြည့်တိုက်တွေမှာတောင် လျှောက်လွှာ တင်နိုင်ဆိုပဲ။

နိုင်ငံသားဖြစ်သွားရင် ပတ်စ်ပို့ ကို ဒေါ်လာ တရာအကုန်ခံတာနဲ့ သိပ်မကြာခင် ရတယ်။ ပြီးတော့ အမေရိကန်ပတ်စ်ပို့ ဆိုရင် လေဆိပ်တွေမှာ အရစ်မခံရတော့ဘူး။

အခုကိုင်ထားတဲ့ ခရီးသွားလက်မှတ်က ဈေးကြီးတယ်။ ဒေါ်လာလေးရာ ဝန်းကျင် ပေးရသဗျ။ ချက်ချင်းလည်း မရဘူး။ ၃လ ၆လ စသဖြင့် စောင့်ရတယ်။ ရလာတော့လည်း စာမျက်နှာက နည်းသေးတယ်။ သက်တမ်းက ခပ်တိုတို။ ၂ နှစ်ပဲ ရတယ်။ သက်တမ်းကုန်လို့ အသစ်ထပ်လျှောက်ရင် ကုန်ပေဦးတော့ နောက်ထပ် ၄ဝဝ။ ခရီးသွားလက်မှတ်က လေဆိပ်တွေမှာ အနည်းနဲ့ အများတော့ အရစ်ရှည်တာ ခံရတယ်။ ဟုတ်တာပေါ့။ ယူအက်စ် လေဆိပ်တွေမှာလည်း ရစ်ပါ့ဗျာ။

သို့ကလို ဈေးတွက် တွက်တာနဲ့တင် နိုင်ငံသားဖြစ်ရေးက အရေးပါနေပြီ။ နိုင်ငံသား လျှောက်မယ်ဗျာ။

ပထမအဆင့် အနေနဲ့ ယူအက်စ် လဝက အင်တာနက် စာမျက်နှာတွေ သွားဖတ်ပြီး လျှောက်လွှာကိစ္စ စနည်းနာတယ်။ လျှောက်တာနဲ့ ကုန်ကျစရိတ်က
$675 ပေးရမယ် တဲ့။ ဒါနဲ့ပဲ မလျှောက်ဖြစ်သေးဘူး။ အကြွေးတင်နေတော့ ပိုက်ဆံ ထပ်မချေးချင်သေးဘူး။

ဒီအကြောင်း ကျနော့်ညီတယောက်ကို ပြောပြဖြစ်တယ် အကြွေးတင်နေကြောင်း၊ နိုင်ငံသားလည်း လျှောက်ချင်ကြောင်းပေါ့ဗျာ။ သူက ဘာပြန်ပြောသလဲဆိုတော့ နီးစပ်ပါတယ် တဲ့၊ အမေရိကန်တွေလည်း အကြွေးတွေကိုယ်စီနဲ့ ဆိုပဲ။

သူ့စကားကြောင့် အကြွေးရှိတာ ကျေနပ်သလိုလို ဖြစ်သွားတယ်။ အမေရိကန်တွေနဲ့ တူတယ်ဆိုလို့ပါး) နာမည်ကျော်လူကြိုက်များသူတယောက် ယားနာပေါက်သလို ကိုယ်လည်းယားနာပေါက်လို့ ဂုဏ်ယူမိတဲ့သူလိုပေါ့ဗျာ။

အခု စာထရေးနေတာ မိုးမလင်းသေးဘူး။ စောစောက တရေးနိုး ပြန်အိပ်မရလို့ ဘလော့မှာ ပို့စ်တခု ရေးဦးမှပဲ ဆိုပြီး ထိုင်ရေးနေတာ။ အပေါ်မှာ ရေးထားတာတွေက နိဒါန်းပျိုးတာတွေပါ။

ရေးချင်တာက အကြွေးအကြောင်း။

ဒီနှစ်ထဲမှာ စကားပြောတဲ့အခါ စာရေးတဲ့အခါ ချက်တင် တက်တဲ့အခါ အကြွေးတင်နေတဲ့အကြောင်း မကြာခဏ ထုတ်ပြောဖြစ်တယ်။ ကိုယ့်အခက်အခဲကို ရင်ဖွင့်လိုက်ရင် ပေါ့သွားမှာပဲ ဆိုတဲ့သဘောတော့ မဟုတ်ပါဘူး)

အကြွေးရှိနေတယ်လို့ ပြောရတာကိုက ဂုဏ်ယူစရာ ပျော်စရာ ဖြစ်နေတယ်း)

တပါးသူကို ညည်းချင်းထုတ် မသိမသာ ရှိုက်သံပေးရတာ တယ် အရသာရှိတာပဲး)

အကြွေး ရှိကြောင်း ထုတ်ပြောခြင်းဟာ ငါဟာ သုံးနိုင် စွဲနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ခေသူမဟုတ်လို့ တဖက်သားကို အင်ဖော်မေးရှင်း ပေးတဲ့သဘောပေါ့ဗျား)

ဘာရယ်လို့တော့မဟုတ်ပါဘူး။ အကြွေးတင်နေတော့လည်း ဒီလိုပဲ ရေးမိရာ ရေးလိုက်တာပါး)

Nov 25, 2009

mini mistakes and model mom

ဗိုက်နှိပ်ပြီး ရယ်နေတဲ့ တင်မိုးလွင်။


၂ဝဝ၉ စက်တင်ဘာလထုတ် people magazine မှာ သူပြောတဲ့စကားတွေ သဘောကျစရာ ကောင်းလို့ ကော်ပီကူးပေးလိုက်ပါတယ်း)

စကားတွေ အများကြီး ပြောရတဲ့သူမို့ အများကြီး မှားတာပေါ့ တဲ့။
သူ့အလုပ်က အခမ်းအနားမှူး။
ဒေါက်ဖိနပ်စီး၊ ပုဝါခြုံရတာ စတိုင် ကျပေမယ့် တခါတလေ ဟန်မကျပုံကို ပြောပြထားတယ်။ သနားစရာ ဟားစရာပေါ့။

အခမ်းအနားတွေ ဆိုတာ ပျင်းစရာ ကောင်းတတ်တော့ ရယ်စရာလေးတွေ ဖြစ်သွားတာ မဆိုးပါဘူး။ အမှားတချို့ကြောင့် အပျင်းပြေကြ၊ စိုစိုပြေပြေ ဖြစ်သွားကြမှာပေါ့။

တခါတလေတော့လည်း တပါးသူ စိတ်ပျက်စရာ အမှားမျိုး ဖြစ်ခဲ့ဖူးတယ်လို့  ဆိုပါတယ်။

စကားများများပြော၊ အသံထွက်ပြီး များများ ဖတ်ရတဲ့ ရေဒီယိုသမားတွေရဲ့ အမှားတချို့ လည်း ကြားရမှာပေါ့း) တိုက်ရိုက်လွှင့်ရတာဆိုတော့ သူတို့ က ပြန်ပြင်လို့ မရတော့ဘူး။

ရေဒီယို အစီအစဉ်တခုမှာ အဲဒီ အသံလွှင့်ဌာနရဲ့ ဌာနမှူးနဲ့ ကျောင်းသား ခေါင်းဆောင်တယောက်ရဲ့ အင်တာဗျူး လွှင့်တယ်။ အင်တာဗျူး လွှင့်နေတုန်း အသံက ရုတ်တရက် ရပ်သွားတယ်။ လူတယောက်က စက်ပိတ်လိုက်လို့ ရပ်သွားတာ ဖြစ်နိုင်သလို စက်က တစုံတခု ချို့ယွင်းတာလည်း ဖြစ်နိုင်တယ်။

အသံလွှင့်တဲ့သူက တောင်းပန်စကားပြောပါတယ်၊ မှားသွားပါတယ်၊ စက်ကြောင့် မှားတယ် ပေါ့း) စက်ကို အပြစ်ပုံချလိုက်တာပဲ။ ဟုတ်လား မဟုတ်လားတော့ ပရိသတ် မသိနိုင်ဘူး။ စက်ကလည်း သက်မဲ့သတ္တဝါ ဆိုတော့ စောဒက မတက်နိုင်တော့ဘူး။

လိုရင်းပြောရရင် ရေဒီယိုသမားက ဘယ်လို တောင်းပန်သလဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် မှားသွားတယ် တဲ့း)
မှားလို့ တောင်းပန်ကာမှ ထပ်မှားသွားရတယ်လို့း) ဘယ်သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားသလဲ ဆိုတာတော့ ထည့်မပြောသွားပါဘူး)

ပရိသတ်ကတော့ ဒါမျိုးတွေကို ကြိုက်မှာပါ။ ရေဒီယိုသမား မှားတော့ နားထောင်သူတွေ ပြုံးရ ပြုံးကြတာပေါ့။
တခါတလေ မှားတာ ကောင်းပါတယ်။ လူတွေကို ပြုံးရယ်အောင် လုပ်ရတာ လွယ်တာမှ မဟုတ်း)

ကျနော်က ရေဒီယိုသမား မဟုတ်တော့ ပရိသတ် ပြုံးအောင် မလုပ်နိုင်ဘူး(

ကျနော်တို့ ရေးတာတွေမှာ အမှားအယွင်း တခုခု ပါသွားလို့ ရယ်ပွဲဖွဲ့ကြတာတွေ ရှိမယ် ဆိုရင်တော့ ဝမ်းသာစရာပေါ့။

Nov 6, 2009

Comedian cartoons

ကမ္ဘာမပျက်ခင် ကာတွန်းတွေ ဖတ်ဗျို့း) ကမ္ဘာပျက်ပြီးရင်လည်း ဖတ်ပါး)

ရယ်စရာအနံ့တခုခု ရတယ်နော် - - - - ဟေ့ကောင်။

ဒီကာတွန်းကို ဘာသာပြန်ရရင် လူရွှင်တော်တွေရဲ့ အနံ့က ရယ်စရာကောင်းတယ် တဲ့း) ကာတွန်းကြည့်ပြီး လူရွှင်တော် ဖြစ်ချင်လာပြီ။ ဒါပေမယ့် ကျနော်က ခပ်တည်တည်ပဲ ပြောဆိုနေထိုင်တတ်တော့ ဒီတသက်တော့ ကျနော့်အနံ့က ရယ်စရာ ကောင်းတော့မှာ မဟုတ်ဘူး။

ကဲ - နောက်တပုဒ် ဘာသာပြန်ရအောင်။

"ဒေါက်တာ - - - ၊ ကျနော် ရယ်စရာ ကောင်းတယ်လို့ ခံစားရတယ်"
"အင်း - - - ငါထင်တာတော့ မင်းက ပြောင်ချော်ချော် ဖြစ်နေတာပါကွာ"

ဘာသာပြန်တာတော့ စင်းလုံးချော မဟုတ်ဘူး။ တမင် မကြိုးစားတာပါ။ ကောင်းနေရင် ခိုင်းနေမှာ စိုးရိမ်ရတယ်း) ကာတွန်းဆရာက နည်းနည်းတော့ ပိုသွားတယ်။ လူရွှင်တော်ရဲ့ စကားနဲ့တင်ကို ဒီကာတွန်းက သိပ်လန်းနေဘီ။

ဒီကာတွန်း၂ခု သိမ်းထားတာ ကြာပြီ။ ခုမှ တင်ဖြစ်တယ်။ ကာတွန်းတွေ ဖတ်အားပါဘူး။ တကယ်တော့ ကာတွန်းတွေက လက်တကမ်းမှာ အမြဲ ရှိနေတာ။ သတင်းစာ ဖွင့်ရင် တွေ့တယ်၊ အင်တာနက်ထဲမှာလည်း တောင်ပုံယာပုံ။

ကာတွန်းဆရာတွေရဲ့ အနံ့အသက်ကလည်း ရယ်စရာ ဖြစ်မယ် ထင်တယ်း)

Oct 29, 2009

soccer and some thought

အခုမြင်ရတာ ခေါင်းအုံးမှ ခေါင်းအုံး စစ်စစ်း)

ဒီလို ဒီလို
- - - တနေ့သမီး အဲ - တနေ့သား ကိုယ့်ခေါင်းအုံးဖုံးအနံ့ ကိုယ်မခံနိုင်တာနဲ့ လျှော်မယ်ဆိုပြီး အဖုံးချွတ်လိုက်တယ်။ ပြီးတော့ အဖုံး မရှိတဲ့ ခေါင်းအုံးကို တီရှပ်တထည် စွပ်ပေးလိုက်တာ။ ဟိုနေ့က အဲဒါကို ဓာတ်ပုံ ကောက်ရိုက်ထားတာ အခု ပို့စ်တခု ဖြစ်ရောပေါ့။

တီရှပ်မှာ မန်ယူ စာလုံးကိုထည့်ထားလို့ ကျနော်ဟာ မန်ယူ အမာခံ ဖြစ်တယ် ထင်ပြီး မဟာမိတ်ဖွဲ့ သို့မဟုတ် ရန်ဘက်ဖွဲ့မနေနဲ့ဦး)

နာမည်ကြီးအသင်းမို့ ထည့်လိုက်တာပါ။ အားကစားကို မအားလည်း အားပေးချင်ပါတယ်။ အထူးသဖြင့် အမျိုးသမီး ဘောလုံးအသင်းတွေကို အားပေးပါတယ်။ အားပေးတယ်ဆိုတာ အားပေးတာပေါ့၊ ကြည့်တော့ မကြည့်ချင်ဘူး။ အမျိုးသမီးတွေ တခြားအားကစားလုပ်တာ ကြည့်လို့ကောင်းရင် ကောင်းမယ်၊ ဘောလုံးကန်ရင်တော့ ပျင်းစရာ ကောင်းတယ်။ ကြည့်လို့ မကောင်းဘူး။ အမျိုးသမီးတွေဟာ ဘောလုံးကန်ဖို့ မွေးလာတာမဟုတ်ဘူးလို့ ထင်တာပဲ။

ဟိုတလောက ရန်ကုန်မှာ အာဆီယံဒေသ ၇ နိုင်ငံလောက်ရဲ့ ဘောပွဲ ရှိတယ်။ ကန်သူတွေက အသက် ၁၆ နှစ်အောက် အမျိုးသမီးတွေ ဆိုပဲ။ ၁၆ နှစ်အထက်တွေလည်း ပါနိုင်တာပေါ့။ အသက် လိမ်တယ် ဆိုတာ ဘာခက်တာမှတ်လို့း)

ခင်ဗျား လက်မခံဘူးထင်လို့ ကျနော် ထပ်ပြောမယ် - အမျိုးသမီးတွေ ကန်တဲ့ဘောလုံးပွဲတွေဟာ ပျင်းစရာ ကောင်းတယ်။ မယုံရင် သွားကြည့်ဗျာ။

ဒီလအတွင်း ရန်ကုန်မှာ ကန်ခဲ့တဲ့ အာဆီယံ ကလေးမတွေပွဲက ကျနော် အထင်သေးထားတာထက် ကြည့်ရ ပိုဆိုးမှာပဲ။ ကျနော်က သတင်းစာ ဖတ်ပြောတာပါ၊ သွားမကြည့်ပါဘူး။

၁၅ ဂိုး သုည ဆိုတဲ့ ပွဲတွေတောင် ပါသေးတယ်။ ဘယ်လို ကြည့်ကောင်းတော့မလဲ သို့ကလို တဖက်သတ်ပွဲတွေကို။ အားကစားစိတ်ဓာတ် မရှိဘူးလို့ ဆိုချင်ဆို။

ဂိုးအရမ်းပြတ်တယ်ဆိုတော့ ပျင်းစရာ။ ဗိုလ်လုပွဲတွေကျမှ ကြည့်လို့ကောင်းမယ်လို့ ထင်ခဲ့မိတယ်။ ဗိုလ်လုပွဲရလဒ်တွေ ထွက်လာတော့လည်း တဖက်သတ် ဖြစ်နေပြန်ရော။ သြစတြေးလျက ထိုင်းကို ရှစ်သုညနဲ့ ဗိုလ်စွဲတယ်း( ကွင်းဝင်ခွင့် ပိုက်ဆံပေးပေး မပေးပေး တနာရီကျော် သွားထိုင်ကြည့်သူဟာ အားကစားကို တော်တော်အားပေးတဲ့လူမှ ဒါမှမဟုတ် အချိန်တွေ သိပ်ပိုနေမှ ဖြစ်မယ်။

ဘောပွဲဆိုတာ ခြေညီမှ ခြေသိပ်မကွာမှ ကောင်းမှာပေါ့။ တဖက်သတ်ပွဲက ဘယ်လိုကောင်းနိုင်မှာတုန်း။ ပြီးတော့ ဥရောပဖလားတွေ ကြည့်ထားတဲ့ ပရိသတ်က ခြေမသွက်တဲ့ ဘောပွဲတွေကို ဘယ်လို နှစ်သက်နိုင်မှာတုန်း။

ဘုရားစူးရပါစေရဲ့ ကျနော်က အမျိုးသမီးတွေကို မမုန်းပါဘူး။ (ကျိန်တာလည်း ခပ်လွယ်လွယ် ကျိန်လိုက်တယ်၊ ဘုရားစူးဆိုတဲ့အဓိပ္ပာယ်ကို ခုထိ မသိဘူး။ အခုတောင် စူးချင်ချင် ဖြစ်နေတယ်၊ အေးချမ်းမေရဲ့ ဘုရားစူး ဆိုတဲ့ အသံလေး ကြားယောင်လာလို့း)

၁၉၉၃ ၀န်းကျင် မြို့ငယ်လေးတခုမှာ လှယဉ်ကျေးမယ်ပြိုင်ပွဲ ကြည့်ဖူးတယ်။ အဲဒီတုန်းက အသက် ၂၀ ကျော်ပြီးပြီ ဆိုတော့ အမျိုးသမီးတွေရဲ့ အလှကို ကောင်းကောင်း ခံစားတတ်ပြီပေါ့။ မစွံပါဘူးဗျာ။ ကြည့်ရတာ မစွံတာကို ပြောတာနော်။ တန်လည်း မတန်ဘူး။ မတန်ဆို မ၀တ လူကြီးမင်းများက အိမ်ကို လက်မှတ် အတင်းလာရောင်းထားတော့ မကြည့်ချင်ဘဲ ကြည့်ရတဲ့ပွဲပေါ့။ ကျနော်နဲ့ ကျနော့်ဦးလေးနဲ့ သွားအားပေးကြတယ်။ ဦးလေးက ကြိုက်မကြိုက် မသိ၊ ကျနော်ကတော့ မကြိုက်။

မျက်စေ့ ပသာဒ သိပ်မဖြစ်စရာ ၂ ခုကို သွားတွေ့တယ်။ ကိုယ်ခန္ဓာကောက်ကြောင်းတွေ ပေါ်လွင်အောင် လက်ပြတ်အင်္ကျီ ကျပ်ကျပ် ထမီကျပ်ကျပ် စည်းထား၊ ၀တ်စားထားတာတော့ ဟုတ်ပါရဲ့ ပြိုင်တဲ့သူအားလုံးက ပုံစံတူတွေချည်း ဖြစ်နေတယ်။ တူနေတော့ ကြည့်ရတာ ပျင်းစရာ။

နောက်တခုက မိတ်ကပ်။ ကြည့်ကောင်းအောင် မိတ်ကပ်ကူတာပဲ။ မိတ်ကပ်က ကျွမ်းကျင်သူတွေ လိမ်းထားတာ မဟုတ်တော့ ကူညီရာ မရောက်ဘူး။ ရှေ့နေငှားမှ ထောင်ကျတဲ့သူတွေလို ဖြစ်နေတယ်။ ကျနော်တို့မြို့လေးမှာ မိတ်ကပ်ဆရာ နည်းတယ်၊ အဲဒီတုန်းက။

မြို့နယ် အုပ်ချုပ်ရေး လူကြီးတွေလည်း အားကစားစိတ်ဓာတ် ရှိတာကို ပြချင်တာလား၊ ငါတို့မြို့မှာလည်း ဒီလိုပွဲမျိုး ရှိတယ်ဆိုတာကို ကြွားချင်တာလား၊ ရှေ့ဆုံးတန်းကနေ မျက်စိစားပွဲ ထိုင်ချင်တာလား မသိ။

အဲဒီတုန်းက လှယဉ်ကျေးမယ်တွေရဲ့ လမ်းလျှောက်ပုံကို ဂီတနဲ့ အကူအညီပေးတာလည်း ရှိတယ်။ တီးလုံးနဲ့မို့ လမ်းလျှောက်လို့ ကောင်းချင် ကောင်းလိမ့်မယ် နားထောင်လို့တော့ မကောင်းဘူး။ နာမည်ကျော်သီချင်းထဲက တီးလုံးပဲ။ ပိုလာဘာလီ ဗျာ။ ပွဲအစအဆုံး ဒီတီးလုံးကိုပဲ ထပ်ခါတလဲလဲ တီးနေတော့ နားကြားပြင်း ကတ်လာတယ်။ အနားမှာ အုတ်ခဲကျိုးရှိမယ်၊ ကိုယ့်ကိုလည်း ဘယ်သူမှ ကြည့်မနေဘူး ဆိုရင်တော့ ဒရမ်၊ အော်ဂင်၊ ဂီတာ တခုခုကို မှန်အောင် ကောက်ပေါက်မိမယ်ထင်တာပဲ။

ဒါပါပဲ။ အဆိုးမြင်ဝါဒီ ဖြစ်နေပြီ ထင်ပါရဲ့း)

Oct 26, 2009

pandora's very serious Tag

(paa daa yaa က သိပ်ခေတ်မီတာပဲ၊ ကမ္ဘာပျက်တော့မယ်လို့  ပြောတယ်၊ Tag တယ်။ ဒီ Tag ကို လက်ခံ ရေးသားတယ် ဆိုကတည်းက ကမ္ဘာ ပျက်တော့မယ် ဆိုတာကို ကျနော် ယုံတယ်ဆိုတဲ့သဘော ပေါ့ဗျာ။ ဘယ်သူ့ကိုမှ ဆက်ပြီး မ tag တော့ပါဘူး။ တော်ကြာ ကမ္ဘာပျက်မယ့်အကြောင်း သတင်းရသွားပြီး စိတ်ညစ်နေလိမ့်မယ်။)

"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုပါတော့... တဲ့။

(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ဘုရားသခင်တွေနဲ့ အတူ ရှိရင် ကောင်းမယ်။ သူတို့ ကျနော့်ကို ကူညီနိုင်မယ် ထင်တယ်။

(၂)။ဘာတွေခံစားနေရမလဲ..

ကမ္ဘာသူ ကမ္ဘာသားတွေကို သနားမယ်။ ကိုယ်ချင်းစာမယ်။

(၃)။ ဘာတွေပြင်ဆင်ထားမလဲ..

ဘုရားသခင်တွေနဲ့ စကားပြောနည်း သင်မယ်။ ချက်နည်းပြုတ်နည်း နည်းနည်းပါးပါး ရတဲ့၊ စိတ်ရှည်သည်းခံတဲ့၊ သီချင်းဆိုဝါသနာပါတဲ့၊ နည်းနည်း ကတတ်တဲ့၊ သဘောထားကြီးပေမယ့် တခါတရံ စိတ်ကောက်တတ်တဲ့၊ ရယ်စရာ ပြောတတ်တဲ့ မော်ဒယ်ဂဲတချို့ကိုလည်း ဘုရားသခင်တွေနဲ့ စကားပြောနည်း သင်ဖို့ တိုက်တွန်းမယ်။

(၄)။ ၀မ်းနည်းမိမှာက

ကမ္ဘာပျက်လို့ကတော့ လူကြိုက်များ လူဖတ်များတဲ့ ZarnyWin.blogspot.com လည်း ပလုံပြီပေါ့၊ ၀မ်းနည်းစရာ။

(၅)။ ကြောက်လန့်မိတာက..

ဒုက္ခပါပဲ၊ ငါက ဘာသာရေး မကိုင်းရှိုင်းတော့ ဘုရားသခင်တွေ ငါ့ကို ကူညီပါ့မလား။ အင်း - ကူကြမှာပါလေ၊ ကူကြမှာပေါ့ သူတို့က ဘုရားသခင်တွေပဲ။

(၆)။ ဆောင်ထားချင်တာ..

ဘုရားသခင်တွေကို လာဘ်ထိုးဖို့ အဲ - လက်ဆောင်ပေးဖို့ ပစ္စည်းတချို့။

(၇)။ ဘာတွေရေးမိမလဲ..

ရှေ့လထဲမှာ အကုန် ပြန်ဆပ်မယ်၊ စိတ်ချပါလို့ အကြွေးရှင်တွေဆီ စာရေးလိုက်မယ်။

(ဂ)။ တွေးမိတွေးရာ အတွေ

ဘုရားသခင်တွေ ကျနော့်ကို ကယ်ချင်မှ ကယ်လိမ့်မယ်၊ ဒါပေမယ့် နတ်ပြည် နဲ့ ငရဲပြည် ကြိုက်ရာသွားဆိုရင် ငရဲပြည်သွားတာ ပိုကောင်းမယ်။ နတ်ပြည်မှာဆိုရင် နတ်သမီး တဖက် ၅၀၀ နဲ့ နေရမယ် တဲ့။ ဒီအင်အားနဲ့ဆို ကျုပ် သေရချည်ရဲ့။

(၉)။ ဂုဏ်ယူချင်တာက

စာဖတ်သူတွေနှစ်သက်တဲ့ ပေါက်ကရတွေကို ရေးဖြစ်ခဲ့တာ ဂုဏ်ယူစရာတွေထဲက တခုပေါ့။

(၁၀)။ ရှာကြံဖြေသိမ့်မိတာက

ငါတို့ လူသားတွေဖျက်လို့ ကမ္ဘာကြီးက ပျက်ခါနီးနေပြီ။ ဟူး - တော်ပါသေးရဲ့ - - ၊ တော်ပါသေးရဲ့၊ ကမ္ဘာကြီးက သူ့ကိုယ်သူ သတ်သေတော့မယ်တဲ့။

(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း
မာနကြီးတဲ့သူမဟုတ်လို့  ဥဒါန်းတွေ ကျူးမနေတော့ဘူး၊ ဘာသာပေါင်းစုံနဲ့ ဘုရားကန်တော့တာမျိုးကိုတော့ အသံကျယ်ကျယ်နဲ့ နေ့တိုင်း လုပ်မယ်။ အသံကျယ်ဖို့တော့လိုတယ် ဒါမှ ဘုရားသခင်တွေက ကျနော့်အသံကို ကြားမယ်။ အသံချဲ့စက်တော့ မသုံးချင်။ အဲဒီလောက်အထိ နားလေးကြမယ် မထင်ပါဘူး။ အသံကျယ်ကျယ်နဲ့ သို့ကလို တလလုံး လုပ်လိုက်ရင် ကိုယ့်ကို အထာထားမှာပဲ။ ဇာနည်ဝင်းက မဆိုးပါဘူးလို့ သူတို့အားလုံး ထင်သွားအောင် လုပ်ရမယ်း)

Oct 22, 2009

plastic and my words

အလှူ နဲ့ ပလပ်စတစ်အသုံးကြမ်းမှု

မြန်မာပြည်က ဘုန်းကြီးကျောင်းတွေမှာ လှူဖွယ်ဝတ္ထုကပ်တဲ့အခါ လင်ဗန်းတို့ ဘာတို့နဲ့ ကပ်ကြတယ်။ အလှူပစ္စည်း တခုခုယူပြီး ကျောင်းသွားရင် ဘုန်းကြီးက လင်ဗန်းရှိတဲ့နေရာကို ညွှန်ပြတယ်၊ ဗန်းသွားယူပြီး ပစ္စည်းကို ဗန်းထဲထည့်၊ ဘုန်းကြီးကို ကပ်၊ ဘုန်းကြီးကလက်ခံ၊ ဆုပေး။

ထိုင်းမှာလည်း ဒီသဘောပါပဲ။ ဒါပေမယ့် ဗန်း မသုံးကြတော့ဘူးလို့ ယူဆစရာ။ ဆိုင်တွေမှာ လက်ဆောင်ပစ္စည်းတွေ အသင့်ထုပ်ပိုးထားတဲ့ခြင်း၊ ဘုန်းကြီးကို ကပ်သင့်တဲ့ပစ္စည်းတွေ ထုပ်ပိုးထားတဲ့ ပလပ်စတစ်ပုံး၊ ပလပ်စတစ်ဆန်ကာတွေ ပုံရောင်းကြတယ်။ လှူချင်သူက အဲဒါတွေဝယ်ပြီး လှူလိုက်တာပဲ။ ဒါကြောင့် ဗန်းအသုံး နည်းသွားပုံ ရတယ်။

ဟိုအပေါ်ကပုံက ချင်းမိုင်မြို့ ဘုန်းကြီးကျောင်းတခုမှာ ရိုက်ထားတာ။
အ၀ါရောင်ပုံးတွေ၊ အ၀ါရောင် ဆန်ကာ (ဇဂါ)တွေ၊ ဇလုံတွေတွေ ထပ်ထား ပုံထားတာတွေ့လိမ့်မယ်။

အထဲမှာ ပါတဲ့ ဖယောင်းတိုင် လိုမျိုး ပစ္စည်းတွေ၊ ရယ်ဒီမိတ် စားစရာတွေ၊ ဆပ်ပြာလိုမျိုး အသုံးအဆောင် ပစ္စည်းတွေက နေ့တိုင်းသုံးတယ်။ ဒါပေမယ့် အဲဒီ ပလပ်စတစ် ပုံးတွေကတော့ တောင်ပုံယာပုံ ဖြစ်နေပြီပေါ့။ ပြစ်လို့လည်း မဖြစ်၊ မပစ်တော့လည်း သို့ကလို ပုံနေတယ်။

အမှိုက်မဟုတ် ဘာမဟုတ် ပလပ်စတစ်တွေပုံနေရတာက ထုတ်လုပ်ရောင်းချသူ၊ ဝယ်ယူ လှူဒါန်းသူတွေ ကြောင့်ပေါ့။

မြန်မာပြည်မှာလည်း ဘယ်လိုတွေ ဖြစ်နေပြီလဲ မသိဘူး။ အမှိုက်မဟုတ် ဘာမဟုတ်တွေ ပုံတဲ့ တနေ့ကိုတော့ ရောက်လာမယ် ထင်တာပဲး(

ဒါက အိမ်နားက ရယ်ဒီမိတ် အလှူပစ္စည်းအရောင်းဆိုင်ဗျာ။ ကမ္ဘာကြီးကို ချစ်ဖို့ လိုက်ပြောရင်တော့ မောတာပဲ အဖတ်တင်မှာပဲ။ လူတွေက သောက်ဂရု မစိုက်တော့ဘူ။ လုပ်သင့်တာက မူလတန်းကတည်းက မျိုးချစ်စိတ်ထက် ကမ္ဘာမြေကို စောင့်ရှောက်ဖို့ ပိုသင်သင့်တယ်။ လူဦးရေလည်း ထိန်းချုပ်သင့်တယ်။ လူများရင် အမှိုက်များတယ်မဟုတ်လား။

ဒါပါပဲ။ တင်ချင်တာကတော့ လွန်ခဲ့တဲ့ ၂ ပတ်က မိုးမခမှာ ပါဖူးတဲ့ ချင်းမိုင်မြို့ မြန်မာသီတင်းကျွတ် ဓာတ်ပုံတွေပါ။ ဒါပေမယ့် ပလပ်စတပ်ပုံးတွေ ခြင်းတွေပုံ အရင်တင်မိတော့ လေရှည်မိသွားတယ်။



ချင်းမိုင်မြို့က မြန်မာသီတင်းကျွတ်



ထိုင်းနိုင်ငံ ချင်းမိုင်မြို့ (ဇင်းမယ်မြို့) ဝပ်ဆိုင်မွန်း မြန်မာကျောင်း၏ ယနေ့ မြင်ကွင်း။
ချင်းမိုင်ရောက် မြန်မာပြည်သား များက မြန်မာဘုန်းတော်ကြီးများ သီတင်းသုံးရာ ဤဘုန်းကြီးကျောင်းသို့ သီတင်းကျွတ် လပြည့်နေ့ကာလတွင် အလှူအတန်းပြုလုပ်ရန် စုဝေးရောက်ရှိလျက်ရှိသည်။ မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်နေ့သည် အောက်တိုဘာ ၃ ရက်နေ့ဖြစ်သည်။ ထိုင်းပြက္ခဒိန်တွင်မူ လပြည့်နေ့က အောက်တိုဘာ ၄ ရက်နေ့ ဖြစ်နေသည်။ အများစုမှာ ဆိုင်များ၊ အိမ်များတွင် လုပ်ကိုင်နေသော အလုပ်သမားများ ဖြစ်သည်။


ချင်းမိုင်သို့ ရောက်လာသော မြန်မာပြည်သား တနေ့တခြား များပြားလာသဖြင့် ဘုန်းကြီးကျောင်းသို့ လာရောက်သူ အရေအတွက်လည်း များပြားလာသည်။ ကျောင်းပေါ်တွင် တရားနာမည့် ပရိသတ်အတွက် နေရာအခက်အခဲ ရှိလာသောကြောင့် ထိုအခက်အခဲကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖိတ်ခေါ်လျက် ရှိသည်။

ကျောင်းအ၀င်ဝတွင် ရောင်းချသော ဆိုင်များတွင် မြန်မာအသုံးအဆောင်များကို တွေ့ရသည်။ ကျောင်းသို့လာသော မြန်မာပြည်သားများကို ကျွေးမွေးလှူဒါန်းသူများကိုလည်း တွေ့ရသသည်။ စမူဆာ တောင်ပုံယာပုံမှာ တရားမနာမီ ကုန်သွားသည်။ နွားနို့၊ လက်ဖက်ရည်၊ ဖျော်ရည်၊ ကြာဆံတို့ကိုလည်း ထိုနေရာတွင်ပင် ၀ိုင်းဝန်း ချက်ပြုတ် လှူဒါန်းကြသည်။

မြန်မာပြည်သားများ၏ နာရေးကူညီမှုအသင်းကိုလည်း ဖွဲ့စည်းပြီး အကူအညီပေးလျက်ရှိကြောင်း တွေ့ရသည်။

ဤပုံမှာ ရှမ်းဘုန်းတော်ကြီးများ သီတင်းသုံးရာ ဝပ်ပါပေါက် ဘုန်းကြီးကျောင်း ဝင်ပေါက် ဖြစ်သည်။ မိတ်ဆွေများ တွေ့ဆုံနိုင်ရန် ဖုန်းဆက်ပြီး ချိန်းဆိုသူများကို ဤနေရာတွင် အများအပြား တွေ့နိုင်သည်။



ဝပ်ပါပေါက်သို့ လာသူ အများစုမှာ ရှမ်းတိုင်းရင်းသား အများစု ဖြစ်သည်။

ဘုန်းကြီးကျောင်းအတွင်း ယနေ့လာရောက်သော ပရိသတ်အတွက် ဖွင့်ထားသည့် အရောင်းဆိုင်များတွင် ရှမ်းသီချင်း စီဒီ၊ ဗွီစီဒီ၊ ရှမ်းစာအုပ်များကို တွေ့ရသည်။

ကျောင်းရှေ့တွင် ယာဉ်ထိန်းရဲများကို တွေ့ရသည်။ ယာဉ်အသွားအလာ ထိန်းသိမ်းသကဲ့သို့ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်သည့် မြန်မာပြည်သားများကို ဒဏ်ရိုက်နေကြသည်။ မြန်မာပြည်သား တချို့က ကျောင်းရှေ့ရှိ ကျုံးအနီး အနားယူကြသည်။

ကျောင်းအတွင်းရှိ ဆိုင်တဆိုင်တွင် ရှမ်းခေါက်ဆွဲ၊ တိုဟူးကြော်၊ ခေါက်ဆွဲသုတ်၊ ၀တ်သားချဉ်တို့ကို လက်မလည်အောင် ရောင်းချနေကြောင်း တွေ့ရသည်။

Oct 10, 2009

one more crazy tag from Aung Tha Nge

ကဗျာဆရာ၊ ဘလော်ဂါ၊ ဆူရှီကျွမ်းကျင်သူ၊ အာနိုးရွှာဇာနက်ဂါ အုပ်ချုပ်တဲ့ပြည်နယ်မှာနေသူ မစ္စတာ အောင်သာငယ်က မေးခွန်းတွေ ထပ်ပို့ထားလို့ ၀မ်းသာအားရ ဖြေဖို့ ကြည့်လိုက်တော့ သူပြောသလိုပဲ မလွယ်ဘူးဆိုတာ တွေ့ရတယ်။ Z နဲ့ အစပြုတဲ့ စကားလုံးတွေက ရှားလို့ပါ၊ ကိုယ့်အင်္ဂလိပ်ကတော့ ကောင်းပါရဲ့း)Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions.

1. What is your name : ZarNy Win
2. A four Letter Word : Zar's (ကျွန်ုပ်၏)
3. A boy's Name : Zee Dee (လူရွှင်တော်ဇီးသီး)
4. A girl's Name : တခုမက ပေးလိုက်မယ် - လာလေ့ - - ၊ Zin Zin Zaw Myint, Zin Zin, Zin Mar, Zin Mar Myo, Zin Mar Aung,
5. An occupation : ZARNY WIN Beer, Wine and Whisky factory owner (အရက်ချက်စက်ရုံပိုင်ရှင်)

6. A color : Zarny Win (အဘိဓာန်မှာ Z နဲ့ စတဲ့ အရောင် မတွေ့ဘူး။ အခု ပေးလိုက်တဲ့အရောင်ကို ခပ်မိုက်မိုက်အရောင်လို့ ဘာသာပြန်ကြပါ။)
7. Something you'll wear : zippered pant (ကြယ်သီးတွေနဲ့ဆို အလုပ်ပိုရှုပ်မယ်။)
8. A food :
Zee Dee (စားလို့ရတဲ့ဇီးသီး)
9. Something found in the bathroom : Zarny Win (မှန်ထဲမှာ တွေ့လိုက်တာ)
10. A place : Zayap

11. A reason for being late : Zawgyi-One နဲ့ ဏ္ဏ ရိုက်နည်းကို ဂျီတော့ကနေ မေးနေကြလို့
12. Something you'd shout : Zarny Win will never betray the national cause!

13. A movie title : Zarny Win and Thet Mon Myint (ဒီကား ရိုက်မယ်။ ကိုယ်တိုင် သရုပ်ဆောင်မယ်)
14. Something you drink : Zoe (ဇိုးသမားဆိုတာ အရက်သမားကို ပြောတာလား မသိဘူး။ ဒီတော့ - - )
15. A musical group : Zine Wine (ဆိုင်းဝိုင်းဟု အသံထွက်ပါ)

16. An animal :
Zarny Win
17. A street name :
Ziz Zaz
18. A type of car : Zide Car (ဆိုက်ကားဟု အသံထွက်ပါ)
19. The title of a song : "Zoo is a resident for Aung Tha Nge's relatives"
(ဒီသီချင်းကို C key နဲ့ တီးရမယ်နော်း)
20. A verb : Zee (ကျေးဇူးရှင်တွေ ကိုယ်ဝန်ရှိတာကို ပြောတာ။ သိတယ်မဟုတ်လား ကျွဲတွေ နွားတွေ ဇီးရှိတယ် ဇီးကပ်တယ် ဆိုရင် ဗိုက်က တဖြည်းဖြည်း ကြီးလာတာပဲး)

Sep 25, 2009

my problem

ပန်းချီကားထဲက လူတယောက်ထွက်ပြီး ဆေးလိပ်သောက် အနားယူနေတဲ့ပုံလို့ ယူဆရပါတယ်။ ပန်းချီအကြောင်း မသိ (မသိ) တဲ့အတွက် အတိအကျတော့ မပြောနိုင်ပါ။ ယူဆရကြောင်းလို့သာ ပြောနိုင်ပါမယ်။

ပန်းချီကားတွေ ပိုစတာတွေထဲကလူတွေဟာ ဒီလိုပဲလုပ်တတ်ကြသလား။ ဒီလိုဖြစ်ရပ်မျိုး ရှိအောင်လို့ တတ်စွမ်းနိုင်တဲ့ ပညာမျိုး ရှိသလား ပြောကြပါဦး။ ရှိရင်တော့ သင်ဇာဝင့်ကျော်၊ မိုးဟေကို၊ စန္ဒီမြင့်လွင်၊ ပပ၀င်းခင်၊ သက်မွန်မြင့် စသဖြင့်တို့ရဲ့ ပုံကြီးကြီးတွေ အိမ်မှာ ကပ်ထားဦးမှပဲ။ သူတို့အားလုံးလည်း တပြိုက်နက် အသက်မ၀င်စေဖို့တော့ လိုမယ်။

အဲ - အိမ်မှာ ကပ်ထားလို့လည်း မဖြစ်သေးဘူး။ ကျနော့်မဟေသီ ရှိတယ်။ အင်း - အလုပ်ထဲမှာ ကပ်ထားလို့လည်း မဖြစ်ဘူး။ အလုပ်ထဲမှာဆို စိတ်မချရဘူး။ အလုပ်ထဲက သတင်းထောက် လူပျိုကြီး လူပျိုလေးတွေ ရှိနေတယ်။

အင်း - ဘယ်မှာ ထားရပါ့။ ကားထဲ ထားရအောင် ကားလည်း မရှိဘူး။ သွားလေရာ ကိုင်သွားလို့လည်း မဖြစ်။
စဉ်းစားရ ခက်လိုက်တာ။ အဆင်မပြေတာတွေ သိပ်များတာပဲး)

Sep 16, 2009

funny evening in a Thai restaurant

ို(ပြီးခဲ့တဲ့ မတ်လ ချင်းမိုင်မြို့က ထမင်းဆိုင်တဆိုင်မှာ သွားစားတုန်းက ကြုံခဲ့တဲ့ အဖြစ်အပျက်တခုကို http://www.crazyvilla.co.cc မှာ တင်ခဲ့ဖူးတယ်။ မဖတ်ရသေးသူတွေ ဖတ်ချင်မလားဆိုပြီး ထပ်တင်လိုက်ပါတယ်။ နောက်လတွေမှ ကြုံရင် ကြုံသလို ပြန်လည်တူးဆွပါဦးမယ်။

အဲဒီဘလော့ဂ်ကို ရောက်ဖူးပြီးမှ ဒီစာကို ဖတ်သင့်ပါတယ်း)


ဝန်ကြီးချုပ်ထံမှ ဥပဒေ မူကြမ်း
ပုံတွင် တွေ့ရသည်မှာ နာယကကြီး ပါဝင်သော ညစာစားပွဲ အခင်းအကျင်းဖြစ်သည်။ တမတ်စေ့ ပုံစံ ပန်းကန်ပြားထဲမှ ဟင်းလျာမှာ ကြက်ရိုးများကို ကြော်ထားခြင်းဖြစ်သည်။ ဆယ်ပြားစေ့ပုံစံ ပန်းကန်မှာ ဟင်းရည်ပန်းကန် ဖြစ်ပေတော့သည်။ သို့သော် ဤဘလော့ဂ်သည် လုလု၏ မီးဖိုဆောင်ရပ်ဝန်း မဟုတ်သေးသေးတင် မဟုတ် သဖြင့် အစားအသောက်အကြောင်းကို ဇာမချဲ့လိုပြီ။ ဇာချဲ့လိုသော အကြောင်းအရာမှာ တမတ်စေ့ပန်းကန်ဘေးမှ စက္ကူဖြတ်ပိုင်း ဖြစ်တော့သည်။

တညတ၌ ဆိုင်တဆိုင်တွင် နာယကကြီး နှင့် ကျွန်ုပ် ၀န်ကြီးချုပ်တို့ အပါအ၀င် လေးဦးသား ယင်းသို့ စားသောက် သုံးဆောင်ပြီးကြသောအခါ ဘောက်ချာ ရောက်လာသည်။ ဘောက်ချာ ဟူသည်မှာ ချက် Check သို့မဟုတ် Bill ဟု ခေါ်သော စာရွက်ဖြစ်သည်။ ယိုးဒယားတို့က Check Bill ဟု ခေါ်သည်။

အဆိုပါ Check Bill ဘောက်ချာတွင် ကျသင့်ငွေကို ထင်ထင်ရှားရှား ရေးထားသည်ကို ကျွန်ုပ်တို့ တ၀ိုင်းလုံး တွေ့လိုက်ရသည်။ တခြားသူများက ထူးထွေတည့်အံ့ရာသော် ဖြစ်ဟန်မတူ။ ကျွန်ုပ်ကမူ ၀န်ကြီးချုပ်တို့၏ ရာဇအိနြေ္ဒ ဟူသည်ကိုပင် ထိန်းသိမ်းခြင်းငှာ မစွမ်းသာဘဲ အံ့သြဘနန်းဖြစ်ကာ ကင်မရာကိုပင် ထုတ်ပြီး အထက်ပါအတိုင်း မှတ်တမ်း တင်လိုက်မိခဲ့သည်။

Check Bill ဘောက်ချာပေါ်တွင် အနှီသို့ ခပ်ကြီးကြီး ရေးရခြင်းမှာ ဤဆိုင်က စားသုံးသူတို့၏ သဘောသဘာဝ ၂ မျိုး ကို သဘောပေါက် နားလည်သောကြောင့် ဖြစ်လိမ့်မည်။ စိတ်ထဲမှ ကြိတ်ပြီး အဆိုပါဆိုင်ကို Restaurant of the Month ဆု ပေးလိုက်မိသည်။ သူတို့ သဘောပေါက်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

သဘာဝ ၁။ စားသောက်ပြီးချိန်တွင် တချို့က ယမကာ တန်ခိုးကြောင့် အမြင် မှုန်ဝါးမှု

သဘာဝ ၂။ စုပေါင်းစား စုပေါင်းရှင်းသည့် အနောက်တိုင်းမှ အကျင့်များ ကူးစက်မှု

ဟုတ်သည်။ စားသောက်ဆိုင်များတွင် အထက်ပါအတိုင်း သဘာဝ ၂ ခုရှိသည်။ ထို့ကြောင့် ကျသင့်ငွေကို ဘောက်ချာဖြတ်ပိုင်းပေါ်တွင် ခပ်ကြီးကြီး ဖော်ပြ ရေးသားလိုက်ခြင်းဖြစ်နိုင်သည်။ ရလဒ်အားဖြင့် ယမကာ လုလင်များလည်း မျက်လုံးတွင် အတွင်းအားထည့်ပြီး ကြည့်ရန် မလိုတော့ပေ။ စုပေါင်းရှင်းမည့်သူများလည်း ဘောက်ချာစာရွက်ကို ယူကြည့်ရန် မလိုအပ် (မလိုအပ်) တော့ပေ။ ထိုင်ရာမထဘဲ ကျသင့်ငွေကို အရပ်လေးမျက်နှာမှ မြင်နိုင် သိနိုင်သည်။ ကောင်းလေစွ။

နိဂုံးချုပ်ပါမည်။ ဥပဒေ ဟူသည်များကို ၀န်ကြီးချုပ်ကဲ့သို့သော တာဝန်ရှိသူများက ထုတ်ပြန်တတ်သည်။
ကျွန်ုပ် ၀န်ကြီးချုပ်ကလည်း ဥပဒေ တခု ထုတ်ရမည် ဆိုလျှင် “အဟမ်း - အဟမ်း - - - ယနေ့မှစ၍ စားသောက်ဆိုင်များတွင် စားသုံးသူများအတွက် ကျသင့်ငွေကို ရေးသားဖော်ပြသည့်အခါ စာလုံးအရွယ်အစား ၁၅၀ (font size 150) ရှိစေရမည်။ ဤဥပဒေသည် စားသောက်ဆိုင်များအားလုံးတွင် အာဏာတည်စေရမည်” ဟု ထုတ်ပြန်လျှင် ကောင်းပေမည်ဟု ယူဆသည်။ ဂေဟာမှ ၀န်ကြီးများနှင့် အုပ်ချုပ်ရေးအဖွဲ့သားများ ဤဥပဒေ မူကြမ်းကို မည်သို့ သဘောရပါသနည်း။ အသေးစိတ် ဆွေးနွေးလိုပါက ပိုက်ဆံ ပိုပိုမိုမို ယူဆောင်ပြီး အနှီဆိုင်သို့ ကြွခဲ့ပါရန်။

( မှတ်ချက် - ဆိုင်သို့ သွားရောက်ပြီး ညစာ သုံးဆောင်သော နေ့မှာ သမ္မတဟောင်းဘုရှ်ကို ဖိနပ်စာကျွေးသူ သတင်းစာဆရာ ထောင် ၃ နှစ်ချခံရပြီး နောက်တနေ့ဖြစ်သည်။ အချိန်မှာ ညီအစ်ကို မသိတော့သည့်အချိန် ဖြစ်သည်။)

PM

(Tuesday, January 27, 2009 ရက်နေ့က http://www.crazyvilla.co.cc မှာ တင်ခဲ့တဲ့စာဗျာ။ အခု ဦးသိန်းစိန်က နယူးယောက်သွားမယ်ဆိုတာ ကြားတော့ နည်းနည်းတိုက်ဆိုင်တာနဲ့ ကော်ပီကူးပြီး ဒီမှာ တင်လိုက်တာ။ ကျနော်က အဲဒီ ဘလော့ဂ်မှာ ၀န်ကြီးချုပ် အဖြစ် PM အဖြစ် တင်မြှောက်ခံရပြီး မကြာခင် ဒီစာကို ရေးလိုက်တာပါ။ အဲဒီဘလော့ဂ် ရောက်ဖူးတယ် မဟုတ်လား ၀န်ကြီးပေါင်းစုံကို တွေ့ရမယ်။

အဲဒီဘလော့ဂ်ကို ရောက်ဖူးပြီးမှ ဒီစာကို ဖတ်သင့်ပါတယ်း)


နာမည်ပြောင်းခြင်း
အခန်း (၁)
ဝန်ကြီးချုပ်ကို အင်္ဂလိပ်တို့က PM ဟုခေါ်ကြသည်။

အခန်း (၂)
မြန်မာတို့ကား ၀န်ကြီးချုပ်ကို သိန်းစိန်ဟု ခေါ်လေသည်။

နောက်ဆုံးရ သတင်းမှာ ၀န်ကြီးချုပ်၏ တန်ဘိုး ပိုမိုတက်စေရန် သန်းစိန်ဟု အမည်ပြောင်းတော့မည်ဟူ၏။
ဤသတင်း မမှားပါက မကြာမီ ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ကြော်ငြာတခု ပါလာဖွယ် ရှိသည်။

အမည်ပြောင်းခြင်းဦးသောင်းစိန် ၏ သားကြီး ဦးသိန်းစိန် အား
ယနေ့မှစ၍ ဦးသန်းစိန်ဟု ခေါ်ပါရန်။

ပုံ (ဦးသိန်းစိန်)


လူသိနည်းသော အချက်တခုရှိသည်။ ၀န်ကြီးချုပ်က "ဦးကုဋေစိန်"ဟူသော အမည်သို့ ပြောင်းလိုသည်၊ ပို၍ပို၍ တန်ဖိုးရှိသော ထိုအမည်ကို လွန်စွာ နှစ်သက်သည် ဟုလည်း သိရသည်။

သို့သော်လည်း ထိုအမည်ကို ယူမည်မဟုတ်ဟု ၀မ်းနည်းစွာဖြင့် ညည်းတွားသည်။ အကြောင်းရင်းမှာ ဦးသိန်းစိန်က "တာ့တလင်းဂျိတ်" ဟု အသံထွက်သော ဋသံလျင်းချိတ် (ဋ) ကို မရေးတတ်သောကြောင့် ဟူ၏။

ထိုသို့သော ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတခု ၀န်ကြီးချုပ်တွင် ရှိနေသည်။ သို့သော်လည်း မြန်မာတနိုင်ငံလုံးနှင့် သက်ဆိုင်သော အရေးဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ခဲ့သည်။ ပညာရှင်များက ၁၀၀ ရာခိုင်နှုန်း ကန့်ကွက်လိုက်သည်။ ၀န်ကြီးချုပ်၏ဇွဲ သေခါမှ လျှော့မည် ဟု ကြုံးဝါးတတ်သော မစ္စတာ သိန်းစိန်က ငပေါဂေဟာရှိ လူကြီးမင်းများနှင့် စည်းဝေးတိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၃၀ ရက်နေ့က အနှီဝန်ကြီးချုပ်က အစည်းအဝေးတခု ခေါ်ယူခဲ့သည်။ ကကြီး ခကွေး ဂငယ်တို့အနက်မှ ဋသံလျင်းချိတ်၊ ဍရင်ကောက်၊ ဎရေမှုတ် စသည့် အသုံးနည်း မြန်မာအက္ခရာများကို delete လုပ်ရန် ဟူသတည်း။

အစည်းအဝေးတွင် ၀န်ကြီးချုပ်က လိုအပ်သည်များကို ညွှန်ကြားခဲ့သည်ဟု သတင်း ရရှိသည်။ အဆိုပါ ၀န်ကြီးချုပ် မကြိုက်သည့် အက္ခရာများကို အပြီးတိုင် အငြိမ်းစားပေးရန် အလို့ငှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တခုကို လာမည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည် ဟူ၏။ ဤကား ငပေါဂေဟာမှ ၀န်ကြီးချုပ်၏ လျှပ်တပြက်ပုံရိပ် ဖြစ်ပေတော့သည်။

အခန်း (၃)

နိုင်ငံတကာတွင် ၀န်ကြီးချုပ် များစွာရှိသည်။ ၀န်ကြီးချုပ်ကို အင်္ဂလိပ်ဘာသာဖြင့် PM ဟု အခန်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အကျယ်မချဲ့လို။ လိုရင်း ရေးရပါက ၀န်ကြီးချုပ်ကို

Problem Maker
Problem Man

စသဖြင့် အနက် ဖွင့်ကြလေသည်။ Postman ဟု ဘာသာပြန်သူများလည်း ရှိလေသည်။
တနိုင်ငံ တပုဒ်ဆန်းဟု ဆိုပါက မှားအံ့မထင်။

အခန်း (၄)
ဘလော့ဂ် သရမ်းသူ မြန်မာပြည်သားအချို့ကလည်း အာဏာရှိ အစိုးရအဖွဲ့ နှင့် ဆင်တူသော ဂေဟာတခုတွင် ၀န်ကြီးအဖွဲ့ဝင်များ အသီးသီး ကိုယ်တိုင်ကိုယ်ကျ ခန့်အပ်ကြလေသည်။ ထိုသို့ ပေါများလှသော ၀န်ကြီးများအတွက် ကံကောင်းခြင်း လက်ဆောင်တခု ပေါ်ပေါက်လာသည်။ လွန်လေပြီးသော ရက်အနည်းငယ်အတွင်းက ဖြစ်သည်။ ယင်း လက်ဆောင်မှာ ၎င်းတို့အား အုပ်ထိန်းနိုင်မည့် ထက်မြက်သည့် အကြီးအကဲတဦးကို ထိုက်ထိုက် တန်တန် ရရှိခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

အခန်း (၅)
အဆိုပါ ၀န်ကြီးချုပ် (အခန်း ၄ တွင် ဖော်ပြထားသော ၀န်ကြီးချုပ်) က သူ၏ ဘလော့ဂ်ပေါ်မှ ကိုရီးယားမင်းသမီး ဓာတ်ပုံကို ဖြုတ်လိုက်သည်။ ၀န်ကြီးချုပ်၏ဘလော့ဂ်ဟု သိသာနိုင်စေမည့် အခြားဓာတ်ပုံတခုဖြင့် အစားထိုးလိုက်လေသည်။
အစားထိုးလိုက်သည့် ပုံမှာ ၀ံကြီး (၀န်ကြီး) တကောင်ကို ချုပ်နှောင်ထားသော ဓာတ်ပုံ ဖြစ်လေသည်။ ။

မှတ်ချက် -
ဤစာကို အများသူငါ ဖတ်ရှုနိုင်စေရန်အလို့ငှာ ဘလော့ဂ်ပေါ်သို့ တင်ရမည်။ နာယကကြီးက ဦးဆောင်ပြီး လျှို့ဝှက် ဆောင်ရွက်ရမည်။ တနင်္လာနေ့ မှ သောကြာနေ့အတွင်း ဆောင်ရွက်ရမည်။ စနေတနင်္ဂနွေနေ့များတွင်လည်း ဆောင်ရွက်နိုင်သည်။ ပုံနှိပ်မီဒီယာများက ဤစာကို ကူးယူဖော်ပြလိုပါလျှင် သင့်လျော်သည့် စာမူခ တောင်းယူပြီးမှ ခွင့်ပြုရမည်။ ။

Sep 13, 2009

censorship

၁။ တော်တော်နှိပ်ကို တော်တော်နိပ် ဟု ပြင်ဆင် ဖတ်ရှုပါး)
၂။
၃။

လုပ်ငန်းရှင် ဘလော်ဂါ၊
ဆူရှီဆရာ ဘလော်ဂါ၊
မီဒီယာဆရာ ဘလော်ဂါ နဲ့
မည်သူမည်ဝါမှန်း တိကျစွာ သိရခြင်း မရှိသေးသော ဘလော်ဂါတို့က
ကျနော်ရေးတဲ့ စာတွေမှာ မှတ်ချက်တွေ လာရေးသွားတဲ့အတွက် ကျေးဇူး ဥပကာယ တင်ပါသဗျ။

ဥပကာယ ဆိုတာ ဘာမှန်း မသိဘူး။ ကျေးဇူးနဲ့ တွဲသုံးတာ ဖတ်ဖူးတာပဲ။ ကျေးဇူးကို အလေးအနက် ဖြစ်စေတဲ့ စကားလုံးဖြစ်ဖို့ များတယ်။ special thanks လို စကားလုံးများလားမသိ။ ပါဠိ၊ သက္ကတ၊ ဟိန္ဒူ ဘာစကားလုံးများပါလိမ့်။

ဘလော့မှာ စာ တလ တပုဒ် အနည်းဆုံး ရေးမှ ဖြစ်မယ်။ ဒါမှ ဘလော်ဂါ ပီသမှာ။ ဘလော်ဂါဆိုတာ မြတ်နိုးစရာ ဂုဏ်ပုဒ်မဟုတ်လား။
အင်္ဂလိပ်လို senior citizen အဲ - မဟုတ်ပါဘူး citizen journalist လို့ သတ်မှတ်ကြတယ် တဲ့။

citizen journalist ကို ဘယ်လို ဘာသာပြန်ရမလဲ စဉ်းစားမနေနဲ့။ ဘလော်ဂါ ပေါ့ဗျား)

တော်တော်နှိပ်တဲ့ ဘွဲ့ဗျ။ journalist ဆိုတာလည်း လူတွေ အထင်ကြီး၊ လန့်ဖျပ်၊ သောက်မြင်ကပ်တတ်တဲ့ လူစားမျိုး။

citizen ဆိုတာကလည်း မက်စရာ။ အဓိပ္ပာယ်က နိုင်ငံသား တဲ့။ ရိုဟင်ဂျာတွေကလည်း (နိုင်ငံ တခုခုမှာ) နိုင်ငံသား ဖြစ်ချင်တယ်။ အာရှသားတွေကလည်း အာဖရိကတိုက် အဲ - အမေရိကတိုက်တို့ ဘာတို့ သွားပြီး နိုင်ငံသား သွားဖြစ်ချင်တယ်။ နိုင်ငံသားဖြစ်ရေးအတွက် ငွေတွေ ပုံပေးလိုက်မယ်။ ပြီးတော့ ဟိုဟာ ပုံပေးလိုက်မယ်။ ဟိုဟာ ဆိုတာ အချိန်ကို ပြောတာပါ။ ငါးနှစ်ဝန်းကျင်တော့ စောင့်ကြရမယ်မဟုတ်လား အနည်းဆုံး။ နိုင်ငံသားဖြစ်ရတာ လွယ် မှတ်လို့။

ကျနော့်မိဘတပါးဆိုရင် မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ နှစ်ပေါင်း ၇၀ ၀န်းကျင် နေသွားတာတောင်မှ မြန်မာနိုင်ငံသား ဖြစ်မသွားဘူး။ အင်း - ဒီအကြောင်းက ရယ်စရာ မဟုတ်တဲ့အတွက် ဒီနေရာမှာ မရေးတာ ကောင်းပါတယ်။

စောစောက ပြောတာ ပြန်ဆက်ရရင် -
နိုင်ငံသား ဗျာ။ နိုင်ငံသား ဆိုတဲ့ အဆင့်အတန်းက ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် လူအတော်များများအတွက်တော့ တော်တော်ဟုတ်နေတဲ့ လိုအပ်ချက်ကြီးပဲ။ ဒါနဲ့ပဲ ဘလော်ဂါ (citizen journalist) ဖြစ်နိုင်တဲ့ အခွင့်အရေးကို ယူထားတဲ့သဘောပါ။

ပြောချင်တာက
citizen journalist အကြောင်း မဟုတ်ပါဘူး။ နိဒါန်း နည်းနည်းပျိုးဖို့ ကြိုးစားရာကနေ အတွေးချော်ပြီး ကီးဘုတ်ကို ဟိုရိုက် ဒီရိုက် ရိုက်မိသွားတာ။

planet.com.mm မှာ စက်တင်ဘာ ၁၁ ရက်စွဲနဲ့ တင်ထားတာ ဖတ်လိုက်ရတယ်။
The Modern Weekly ဂျာနယ် ကို ကိုးကားပြီး ရေးထားတဲ့ သတင်းတပုဒ်ပါ။ အဲဒီမှာ ဆင်ဆာလူကြီးမင်းတယောက် ပေါက်ကရ လျှောက်ပြောထားတာတွေ ပါတယ်။

ရုပ်ရှင်မှာ စည်းကမ်းချက်နဲ့ မညီတာတွေကို ဆင်ဆာဖြတ်နေရတဲ့အကြောင်း။ သူရွှီးတာတွေက အများကြီးပဲ။ ကိုယ်က ရုပ်ရှင်လောကသားလည်း မဟုတ်၊ ရုပ်ရှင် ပုံမှန်ကြည့်တဲ့ ပရိသတ်လည်း မဟုတ်ပေမယ့် သူရွှီးတာကို မကျေနပ်ဘူး။ ဖတ်ပါဦး သူ့ဟာတွေ အရောင်ခြယ်ပေးလိုက်မယ်။



ဝိဥာဉ်နဲ့ အပြန်အလှန် စကားပြောတာမျိုး၊ ထိတွေ့ကိုင်တွယ်ပြတာမျိုးတွေ ရိုက်ကူးဖော်ပြတာ တွေ့ရတယ်။ so what? ရိုက်ပါစေ။ တကမ္ဘာလုံး ဒီလို ရိုက်နေကြတာပဲ။ ဟူလ်ပီဂူးဘတ်တောင် ghost ကားမှာ အော်စကာဆု ရသွားသေးတယ်။ ဟောလိဝုဒ်နဲ့ ကိုင်ပေါက်တာ မဟုတ်ဘူးနော်၊ အာရှမှာလည်း သရဲကားတွေ ဒုနဲ့ဒေး။ သရဲကားဟာ အာရှတန်ဖိုး မဟုတ်လား။ ခက်ပါပေ့ ဆင်ဆာလူကြီးမင်းရယ်။

တချို့ဇာတ်ကားမှာ မိန်းမဘ၀ကနေ ယောက်ျားဘ၀ကို နိုင်ငံခြား သွားပြောင်းတယ်။ ယောက်ျားဘ၀နဲ့ လ၀ကမှာ မှတ်ပုံတင်ပြောင်းတယ်။ နိုင်ငံခြား မသွားခင်က ရည်းစားနဲ့ ကိုယ်ဝန်ရှိခဲ့တယ်။ ယောက်ျားဘ၀မှာ ကိုယ်ဝန် ဆောင်တယ်။ ကိုယ်ဝန်မဆောင်ခင် မိန်းမ ထပ်ယူတယ်။ ယူတဲ့ မိန်းမနဲ့ ကိုယ်ဝန်ရှိတယ်
ဒါလည်း
so what? ဘာဖြစ်လဲဗျာ။ အခု အဲသလို ပြောင်းလဲတာတွေကို ရန်ကုန်မှာ ကိုယ်စားလှယ် အကျိုးဆောင် ရုံးတောင် ဖွင့်ခွင့် ပေးထားတယ် မဟုတ်လား။ ကျားဘ၀ကနေ မဘ၀ မရောက်တောင် အပြင်ပမ်း ပြောင်းလဲသွားအောင် ခွဲစိတ်ချင်ရင် ကျပ်ငွေ သိန်း တရာတောင် ကုန်မယ် ဆိုလား။ အပြင်မှာ ဖြစ်နေတာတွေပဲ။ ရိုက်ပါစေ။ ကိုယ်ဝန်ဆောင်ကိစ္စတွေဆိုတာကလည်း လူစိတ်ဝင်စားအောင် ရိုက်ထားတာပဲ။ ပေးရိုက်လိုက်ပါ။ မီဒီယာ ဆိုတာ အများစိတ်ဝင်စားဖို့ အရေးကြီးတယ်။ ရုပ်မြင်သံကြားကနေတောင် လူစာရင်း ဖတ်ပြတာတွေ ည ၈ နာရီတိုင်း လွှင့်နေသေးတာ။

လူတစ်ယောက် အသတ်ခံရလို့ လဲသွားရင် ထပ်ပြီးဓားနဲ့ အကြိမ်ကြိမ် ထပ်ခုတ်တဲ့ အပြမျိုး၊ နားထဲကို ဆေးလိပ်မီးနဲ့ ထိုးတာလို ရက်စက်တဲ့ ပြကွက်တွေ ပြလာတယ်။
အင်း - ဒါတွေကတော့ အသက် ၁၈ နှစ် ၂၁ နှစ်အောက် မကြည့်ရ ဘာညာ သတ်မှတ်နိုင်တဲ့ အခြေအနေ ရောက်မှ
မြန်မာပြည်မှာ ရိုက်ခွင့် ရကြမယ် ထင်တယ်။ လောလောဆယ် ဒါတွေကို ဖြတ်တာတော့ ကြိုဆိုပါတယ်။ ကောင်းပါတယ်။ သဘောတူပါတယ်။

မလိုအပ်ဘဲ Love Scene တွေ ကြာတာ၊ သားနဲ့အမိ၊ မောင်နဲ့နှမ အတူကြည့်လို့ မသင့်တော်တဲ့ ပြကွက်မျိုးတွေ၊ ရာဂကို နှိုးဆွပေးတဲ့ ပြကွက်မျိုးတွေ ရိုက်ကူး ဖော်ပြလာတာ တွေ့ရပါတယ်
မြန်မာကား
Love Scene တွေ ကြာ ဆိုတာက မင်းသမီး မင်းသား ဖက်ထားကြတာကို ပြောတာ ဖြစ်မယ်။ ဖက်ကြပါစေလေ။ သမီးရည်းစားတွေ ဒီလိုပဲ လုပ်ကြတာမဟုတ်လား။ နိုင်ငံခြားသားတွေ မြန်မာကား ကြည့်ဖြစ်ရင် မင်းတို့ တွေ ကိုယ့်ရည်းစားကို မဖက်ကြ မနမ်းကြဘူးလားလို့ မေးနေဦးမယ်း) ခြင်ထောင်ထဲကအခန်း မရိုက်ရင် ပြီးရောပေါ့။

မဟော်သဓာခေတ်မှာ လက်သည်းအရှည်တွေကို အပွင့်ဖော် ဆေးဆိုးထားတယ်။ တောရွာကျေးလက်အခန်း ရိုက်ရင်လည်း ဆံပင်ရွှေရောင် ဆိုးထားတာမျိုးတွေ တွေ့နေရလို့ ပြင်ရိုက်ခိုင်းရတယ်
ဘာဖြစ်လဲ။ မဟော်သဓာခေတ်မှာ အဲဒီလိုလက်သည်းအလှဆင်တာတွေ မရှိဘူးလို့ ဘယ်သူပြောလဲ။
လူကြီးမင်းတို့မှာ သက်သေ ရှိသလား။ ပြန်ရိုက်ခိုင်းမနေပါနဲ့ဗျာ။
သိပ် ခေတ်မီတာနော် အဲဒီတုန်းက လူတွေ။ အာဝါဟ ၀ိဝါဟ ဒိုင်ယာလော့ကို ရှည်ရှည်ဝေးဝေး ပြောမနေဘူး။ မဟော်သဓာနဲ့ အမရာတို့က လက်သီးဆုပ်ပြ လက်ဝါးဖြန့်ပြကြတာနဲ့ ဒိုင်ယာလော့ ပြီးသွားရော။ ခုတွေ့ ခုကြိုက် ခုအဆင်ပြေ ဆိုတာ အဲဒီခေတ်ကတည်းကလို့တောင် ပြောရမလို ဖြစ်နေပြီ။

ဆံပင်ကိစ္စ ပြောရဦးမယ်။ ကျေးလက်မှာလည်း ဆံပင် ရွှေရောင် မကဘူး ရောင်စုံ ဆိုးနေကြပြီ။ ခက်တာပဲ။ အဲယားကွန်းခန်းထဲမှာပဲ ထိုင်မနေကြပါနဲ့ ဆင်ဆာ ဆရာကြီးများ ဆရာမကြီးများရယ်။ သဘာဝ အရမ်း အရမ်းကျစေချင်ရင်လည်း လူတွေကို လုပ်အားပေးခိုင်းတာ၊ ပေါ်တာဆွဲတာတွေ ထည့်ရိုက်ခိုင်းပေါ့ဗျာ။ စစ်ကားတွေက သဘာဝမကျတာ သိပ်ကြာပြီနော်။ ခင်ဗျားကြီးတို့ ဆင်ဆာ ဖြတ်လိုက်ကြဦး။ စစ်သားတွေ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတွေမှာ ပေါ်တာမပါ ဘာမပါ၊ ကားတွေကို ချောဆွဲတာတွေလည်း မပါဘူး။

သဘာဝ မကျတာတွေကိုတော့ ပရိသတ်ကြီးကတောင် မမြင်ချင်ယောင်ဆောင်နေတာပဲ။ ကိုယ်က အနေသာကြီး မဟုတ်လား။

ဒီစာကို ဆင်ဆာလူကြီးမင်းများ မသိပါစေနဲ့ဗျာ။ သိသွားရင် လှမ်းပြီး ဆင်ဆာ ဖြတ်ဖို့ ကြိုးစားနေဦးမယ်း)


Sep 10, 2009

Damma songs in Burmese are on the way


သီချင်းရေးဆရာတွေက ဗုဒ္ဓဘာသာ အကြောင်း ရေးဖွဲ့ထားတဲ့ ဘာသာရေး သီချင်းတွေကို ရေးနေပြီ တဲ့။ ဆရာမောင်သစ်မင်းက သတင်းတပုဒ်မှာ ပြောထားတယ် - လူငယ်တွေ ဘာသာရေး ကိုင်းရှိုင်းအောင်၊ ဘာသာရေး ဗဟုသုတနဲ့လည်း ပြည့်စုံအောင် စည်းရုံးတဲ့အနေနဲ့ လုပ်တာပါ ဆိုပဲ။ ဂီတ အဖွဲ့အစည်းနဲ့ အာဏာပိုင်များ ခိုင်းလို့ ရေးကြတော့မယ် လို့ ဆိုတယ်။ ခွေထုတ်မယ် ဖြန့်မယ် တဲ့။

၃၈ ဖြာမင်္ဂလာ တရားတော်များကိုလည်း ခေတ်ပေါ်ဂီတနဲ့ ရောသမမွှေတော့မယ်ပေါ့ဗျာ။ မွှေ ဆိုလို့ ဟစ်ပ်ဟော့တွေ ရီမစ်တွေတော့ ဟုတ်ပါဘူး။ တကယ့် ဓမ္မ သီချင်းတွေပါ။ ဓမ္မသီချင်းကို ရီမစ် လုပ်ပြီး ဖြန့်လို့ကတော့ အင်းစိန်ထောင်ထဲ ထည့်လိမ့်မယ်။ ဗိုလ်ချုပ်များက ဘာသာရေး သိပ်ကိုင်းရှိုင်းတယ် မဟုတ်လား။ ထားပါတော့ သူတို့အကြောင်း)

ခရစ်ယာန်ဘာသာဝင်များက
ဓမ္မ သီချင်းတွေနဲ့ အဆင်ပြေနေတာ ကြာလှပေါ့။ လွှမ်းမိုးရဲ့ သီချင်းတပုဒ်ရှိတယ်။ ဓမ္မသီချင်းတော့ မဟုတ်ဘူး၊ သို့ပေမယ့် ဘာသာရေးစကားလုံးတွေ ပါနေတယ်။
ဗုဒ္ဓဘုရား
ဟောလေသည်မှာ
မွန်မြတ်စိတ်ထားကြ
ကူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ ဆိုလားပဲ။

တကယ်တော့
ဓမ္မ သီချင်းတွေက ကျနော့်အတွက် ပျင်းစရာပဲ။ မနှစ်တုန်းက ဆုန်းသင်းပါရ် ဇမ်နူး နဲ့ အဆိုတော်တချို့ ချင်းမိုင်ကို လာတယ်။ လက်မှတ် ၀ယ်ကြည့်တယ်။ သူတို့ အားလုံး ဆိုသွားကြတာ ဓမ္မသီချင်းတွေချည်းပဲ။ ပျင်းစရာ ကောင်းလိုက်တာ။

ခရစ်ယာန်များအတွက်တော့
ဓမ္မ သီချင်းတွေက အလုပ်ဖြစ်တယ် - ဘုရားကျောင်းမှာလည်း ဂစ်တာ တဒေါင်ဒေါင်နဲ့ ဟစ်လို့ ရတယ်။ ဗုဒ္ဓဘာသာတွေက ဘုရားသွား ဘုန်းကြီးကျောင်းသွားပြီး သီချင်း ဆိုလို့ကတော့ ခုချိန်မှာ ဟန်မကျသေးဘူး။ နောင်လည်း ကျဖို့ လမ်း ဝေးဦးမယ် ထင်ပါရဲ့။ တချို့ မူကွဲဗုဒ္ဓဘာသာမှာဆို ဘုန်းကြီးတွေ သီလရှင်တွေက ဗုံကို တုတ်တချောင်းနဲ့ တီးတာတွေတော့ ရှိပါရဲ့ အဲဒါက စိတ်ငြိမ်အောင်လုပ်တာ ဖြစ်မယ်။

ထူးအိမ်သင်ရဲ့ မဟာဝီရ အိုဗုဒ္ဓ သီချင်းကို သိပ်ကြိုက်သူတွေ ရှိတယ် တဲ့။ ကျနော်တော့ ခံစားလို့ မရပါဘူး။ အဆို အတီး သီချင်းဖွဲ့စည်းမှု စတာတွေက ထိပ်တန်းအဆင့်မှာ ဖြစ်ရင် ဖြစ်နေလိမ့်မယ်၊ ဘုရားစူး မိုးကြိုးပစ် တကယ်ကို ခံစားလို့ မရဘူး( နားလည်း မထောင်ချင်ဘူး( လိုက်လည်း မဆိုချင်ဘူး(

သတိရလို့ ပြောရရင် ၃၈ ဖြာမင်္ဂလာက သီချင်း ရှိပြီးသားပဲ။ အခု ဘာပုံစံနဲ့ ရေးမှာလဲ၊ slow go go လား) bossanova လား)

ကြုံလို့ ရေးလိုက်တာပါ။ စောင့်နားထောင်ဖြစ်မယ်တော့ မထင်။ ကျနော်က ဘာသာရေး မကိုင်းရှိုင်းသေးဘူး ခုချိန်ထိ။