Dec 25, 2009

Shwe and Madam Shwe


ဒေါ်ကြိုင်ကြိုင်ရဲ့ ခန့်ခန့်ကြီးပုံ ဖြစ်ပါတယ်။
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲ သွားအားပေးတာလို့ ၁၈ ရက်နေ့ သတင်းစာမှာ ရေးထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးက မိန့်ခွန်းပြောတယ်တဲ့ အဲဒီ သင်တန်းပိတ်ပွဲမှာ။

ပုံကို ကြည့်ပါဦး၊ ဒေါ်ကြိုင်ကြိုင် မျက်နှာထား တင်းရတာက

၁။ တခုခုကို ချုပ်ထိန်းထားရလို့ (အင်း - - - ကိုယ်ချင်းစာပါတယ်လေ)
၂။ အနားမှာ လက်တင်စရာမရှိတဲ့အတွက် ညောင်းလို့ (ဘေးကိုလည်း မရွှေ့ဘူး အပျင်းကြီးပုံများ)
၃။ ဓာတ်ပုံဆရာများက သူ့ကို ကင်မရာမှန်ဘီလူးကနေ ကြည့်နေကြလို့
၎။ သူ့ကို ဘာမှ မကျွေးလို့
၅။ (
ဘယ်အချိန်ကမှန်း မသိ) ညာဘက်က စိန်နားကပ် ပြုတ်သွားလို့
၆။ ခုံသေးလို့
၇။ ဒေါ်ကွိုင်ကွိုင်ဆိုတဲ့ nick name ကို သူ့ရှေ့မှာ မသုံးကြလို့
၈။ ချစ်လှစွာသော မောင်တော်ဘုရားက စကားထစ်နေလို့ သို့မဟုတ် မိန့်ခွန်းဖတ်တာ ဖတ်ပြီးသားအပိုဒ်တွေ ပြန်ဖတ်လို့

ဘာကြောင့်ဖြစ်မယ် ထင်သလဲး)

အဲဒါတွေ တခုမှ မဟုတ်ဘူး လို့ ဒီနေ့ သတင်းစာမှာ ပါတဲ့ပုံက ပြောပါတယ်း)

လက်တင်စရာ ဘုတုံးကြီးတခု ပေးထားပေမယ့် မျက်နှာက အပူသည်ရုပ် ဖြစ်နေလေရဲ့း)
ဗိုလ်ချုပ်မှူးကြီးကိုနိုင်တာ သူပဲရှိတယ်လို့ တချို့က ယူဆကြတယ်။ ဒါဆိုရင်တော့ ဒီမိန်းမကြီးက ခေသူမဟုတ်ပေါ့ဗျာ။
ဗိုလ်ချုပ်မှူးကြီးနောက်ကနေပြီး သူက ချယ်လှယ်နေတာလို့ ယူဆမှုများလည်း ရှိပ။ ဒါလည်း ဖြစ်နိုင်တာပါပဲ။
သူ့နားသွားချင်ကြဘူး တဲ့ ဗိုလ်ကတော်များကး) ခစားဖို့အရေး ဒူးထောက်ရ လက်အုပ်ချီရ စကားပြော အလွန် ဆင်ခြင်ရ ဆိုပဲး)
ထင်ကြေးတွေအများကြီး ထွက်လာတာ ဘယ်ဟာက မှန်မလဲ မသိဘူး။

တိုင်းပြည်ဟာ ဒီလိုလူတွေနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူမှ ကြိုမသိခဲ့ကြဘူး။ ဒီ လူကြမ်းမင်းသမီးကြီးလည်း တနေ့ ဒီနေရာရောက်လိမ့်မယ် ဆိုတာ သူကိုယ်တိုင် သိမှာ မဟုတ်ပါဘူး။

လောလောဆယ်တော့ ဒီလင် ဒီမယားက မြန်မာပြည်အတွက် အသုံးမကျပေမယ့် ကာတွန်းဆွဲသူ၊ စာပြောင်ရေးသူတွေရဲ့ လက်ကမြင်းစရာဖြစ်နေလေရဲ့း)




Dec 13, 2009

Maonfai or Lanna Kingdom

ကဲ - သွားကြမယ်။

ဒါ တနေ့ညက ရောက်ခဲ့တဲ့နေရာ။ ကျနော့်အိမ်နဲ့ သိပ်မဝေးဘူး။ ဆိုင်ကယ်နဲ့ဆို ၁ဝ မိနစ်ပေါ့။ ချင်းမိုင်မြို့ လားနားဆေးရုံနောက်ဘက်မှာ။ Soi Lanna Hospital ဆိုရင် တက္ကစီသမား လိုက်ပို့တတ်မှာပါ။ လမ်းသွယ် ၉ ထဲမှာ ရှိတယ်။ အဲဒီအဆောက်အအုံကို Maonfai လို့ ခေါ်တယ်။ ဘာအဓိပ္ပာယ်မှန်းတော့ မသိဘူး။ ပုံစံကတော့ ကျေးလက်ပြတိုက်။ လမ်းကြိုလမ်းကြားထဲမှာ ရှိတယ်။ အင်္ဂလိပ်လို တလုံးမှ ရေးမထားဘူး။ (မာန သိပ်ကြီးတာပဲး)။ အဝင်ဝမှာ ညောင်မုတ်ဆိတ် ခေါ်မလား အဲဒါတွေ ကျနေတယ်။


အပေါ်ထပ်မတက်ခင် ဖိနပ်ချွတ်ဗျာ။ ဖိနပ်စင်မှာတော့ လူ အယောက် ၁ဝဝ ကျော်ရဲ့ ဖိနပ်တွေ ထားနိုင်မယ် ထင်ပါရဲ့။ ဖိနပ်စင်ဘေးမှာ ရှေးဟောင်း မီးခံသေတ္တာကြီးတလုံးလည်း ရှိတယ်။ ပြတိုက်ဆိုတော့လည်း စုံပါ့။ အပေါ်မှာ မြင်ရတာကတော့ အပေါ်ထပ် လူသွားစင်္ကြန်ပေါ့ဗျာ။ လန်းနားခေတ်အိမ်ကြီးရခိုင်တွေဟာ ဂလိုပါလားလို့ အထင်ရောက်အောင် စီမံထားပုံရ။


သိပ်မဝေးလှသေးတဲ့ ရှေးခေတ်က ဒီဒေသမှာ ဒေသခံတွေ ဘယ်လို နေထိုင် စားသောက် ဝတ်ဆင်ကြတယ် ဆိုတာကို လေ့လာချင်သူများအတွက် ပြင်ဆင်ထားတဲ့ ပြတိုက်ပေါ့။ အသုံးအဆောင်တွေ အဝတ်အစားတွေ ပစ္စည်းတွေ ပြထားသလို မိုဒယ်အဖြစ် သရုပ်ဆောင်တဲ့သူတွေကိုလည်း တွေ့ရတယ်။

လန်းနားခေတ် (Lanna Kingdom) ဒေသတွေ ဆိုတာ ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၈ ခု ကို ဆိုလိုတာပါ။ ချင်းမိုင်၊ ချင်းရိုင်၊ နန်၊ လမ်ပန်း၊ လမ်ဖွန်း၊ မယ်ဟောင်ဆောင်၊ ပြီးတော့ Phayao နဲ့ Phrae လို့ ခေါ်တဲ့ ခရိုင်တွေပေါ့။ အသံမထွက်တတ်လို့ အင်္ဂလိပ်လိုပဲ ကော်ပီ ကူးပေးလိုက်တယ်။ လန်းနားခေတ်တုန်းကတော့ ဒီဒေသတွေအပြင် မြန်မာပြည်နဲ့ လာအိုနိုင်ငံက ဒေသတချို့လည်း ပါဝင်တယ်လို့ ဆိုတယ်။ လန်းနားဆိုတာ စပါးခင်းပေါင်း တသန်း လို့ အဓိပ္ပာယ်ရ ဆိုပဲ။ ၁၂ ရာစုနဲ့ ၁၅ ရာစုအတွင်း ဖြစ်ထွန်းခဲ့တယ်။ နောက်ပိုင်း တခြားဒေသက စစ်ဘုရင်ကြီးငယ်တွေလက်ချက်နဲ့ လန်းနားခေတ်ပျက်ရတယ်။ မြန်မာတပ်တွေ ပါသလို လာအိုတပ်တွေတောင် ပါ ဆိုပဲ။ ကုလသမဂ္ဂ မရှိတဲ့ခေတ်ဆိုတော့ ထစ်ခနဲရှိ စစ်ဖြစ်ကြတဲ့ခေတ် ဆိုပါစို့း)

အဲဒီခေတ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဘောင်သွင်းပြထားတာတွေ့ရတယ်။ ဘောင်တွေကို ခပ်ဟောင်းဟောင်းဖြစ်အောင် တမင်တကာ လုပ်ထားတယ်။

ကျနော် ရောက်သွားတဲ့အချိန်က ည။ ကင်မရာလည်း ယူမသွားပါဘူး။ ဒီပုံတွေကိုတော့ အင်တာနက်ကနေ ကော်ပီကူးထားတာပါ။ အခမ်းအနားတခုအတွက် ရှေးစတိုင် ပုံးဖာမှောက်ဆင်ထားသူတွေလေ။ (the photos in this post are from various web sites: Sorry for using without permissions!)

ဒီပြတိုက်မှာ မင်္ဂလာပွဲတွေ ဘာတွေလည်း လက်ခံကျင်းပပုံ ရတယ်။


စားစရာတွေလည်း ဒီမှာပဲ ရနိုင်တယ်။ ဟုတ်တာပေါ့။ လန်းနားခေတ် ရိုးရာ အစားအစာတွေပေါ့။ ကြိုက်တာယူစားစနစ်နဲ့ သုံးဆောင်ရုံသာ။ လမ်းဘေးဈေးသည်တွေရဲ့ ဈေးဝိုင်းလေးမှာ လှည့်ပတ်ပြီး ယူစား။ ကပြင်ကျယ်ကြီးမှာလည်း စားပွဲတွေ ခင်းထားတယ်။ စားစရာတွေ ယူပြီး အဲသမှာ သွားစားလည်း ရတာပဲ။


မုန့်သည်တွေက ရှေးခေတ်ကအတိုင်း ဝတ်ထားကြတယ်။ ကျနော်တို့သွားတဲ့အချိန်က မှောင်နေတော့ ရေနံဆီမီးတိုင်လား ဘာမီးတိုင်လေးတွေလဲမသိ ထွန်းကြတယ်။ မုန့်ကတော့ အစုံ။ မုန့်လင်မယား၊ ကောက်ညှင်းမုန့်၊ ကောက်ညှင်းထုတ်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထန်းသီးမုန့်၊ ကြံချောင်း၊ မြေပဲတောင့် စသဖြင့် ဆယ်မျိုးတော့ ကျော်မယ် ထင်တယ်။ ငှက်ပျောဖက် အရမ်း သုံးတယ်။ ငှက်ပျောဖက်ကို ခွက်ပုံစံလုပ်ပြီး ကြက်ဥခေါက်ထားတဲ့ဟာ တဇွန်း လောင်းထည့်ပြီး မီးနည်းနည်းနဲ့ကင်တာလည်း တွေ့တယ်။ ဖက် မမည်းခင် ကြက်ဥ ကြက်တာပဲ။

အပေါ်က ဟို၃ယောက် ဝိုင်းနေတဲ့နေရာကတော့ အရက်အိုးတွေ ရှိတဲ့နေရာ။ ဝါးခွက်အသေးလေးတွေနဲ့ ဆန်အရက် ထည့်ပေးမယ်။ ကျနော့်ကိုတော့ Rice Wine လို့ ပြောတာပဲ။ ဆန်အရက်နံ့ နည်းနည်း ရှူကြည့်ပြီး မကြိုက်လို့ မသောက်ဖြစ်ဘူး။ ဒီလူတွေရဲ့ ကျောဘက်မှာ ရှိတဲ့ မန်ကျီးဖျော်ရည်ပဲ အားပေးခဲ့တယ်။ ဖန်ခွက်နဲ့ မထည့်ပေးဘူး။ ဝါးခွက်ပဲ ရှိတယ်။


မုန့်ဆိုင်တွေရဲ့ ကျောဘက်မှာ အသုံးအဆောင်တွေ ခင်းကျင်းထားတယ်။ ထမင်းချိုင့်တွေကတော့ မျက်နှာကျက်မှာ။

ပြည်တွင်း ပြည်ပ ဧည့်သည်တွေ စိတ်ဝင်စားအောင် လုပ်ထားတာ။ မဲခေါင်မြစ်ဘေး ၆ နိုင်ငံက သတင်းသမား အယောက် ၁ဝဝ ဝန်းကျင် သွားကြတယ် အဲဒီညက။ အဘိုးကြီး အဘွားကြီး သုံးယောက်ကလည်း မိုဒယ်သဘောမျိုး ထိုင်နေကြတယ် အိမ်ဦးခန်းလိုမျိုး နေရာမှာ။ သူတို့လည်း ရိုးရာမုန့်တွေ စားတယ်။ သတင်းသမား ၃ယောက်လောက်က သူတို့ကြားထဲကို အလှည့်ကျ ဝင်ထိုင်ပြီး ဓာတ်ပုံရိုက် ဟာသလုပ်ကြတာတွေ့တော့ စိတ်မကောင်း ဖြစ်မိလိုက်သေးတယ်။ လူကြီးကို လူကြီးမှန်း မသိ။ ကိုယ့်နိုင်ငံက သတင်းသမားတွေ မဟုတ်တော့ ဝင်မပြောလိုက်ဘူး။

ကျနော်တို့ကို အကတွေ အတီးတွေနဲ့ ဧည့်ဝတ်ပြုတယ်။ ကိန္နရာအကလည်း ပါတယ်၊ အဲဒီ အကဟာ တိုင်လူမျိုး (ရှမ်းလူမျိုး)တို့ရဲ့ အကဖြစ်ကြောင်း ကြေညာတယ်။ ဆီမီးခွက်အက၊ ဖယောင်းတိုင်အက၊ သိုင်းအက စသဖြင့် စုံပါရဲ့။ လန်းနားခေတ် ရိုးရာဝတ်စုံတွေနဲ့ ကကြ တီးကြတယ်။

တီးမှုတ်ကခုန်တာတွေ မလာခင် အဓိကအစားအစာ ဖြစ်တဲ့ ကောက်ညှင်းပေါင်းနဲ့ ဟင်းလေးငါးမျိုး ကျွေးတယ်။ လန်းနားခေတ်မှာ ကောက်ညှင်းပေါင်းကို ထမင်းသဘောမျိုး စားကြတယ်လို့ ဆိုတယ်။
ကျွေးတဲ့ဟင်းကတော့ တို့စရာနဲ့ အသီးအရွက်တချို့ (မုန်ညှင်းပြုတ်၊ ပဲသီးတောင့်၊ သခွားသီး တို့ကို ခရမ်းသီးမီးဖုတ် ခပ်စပ်စပ်နဲ့တို့စား)၊ ကြက်သားကြော်၊ ဝက်ခေါက်ကြော်၊ ပြီးတော့ နည်းနည်းစပ်တဲ့ ဟင်း ၂မျိုးက အသီးအနှံနဲ့ အသား ရောချက်ထားတာ။

လန်းနားခေတ်ကအတိုင်း တသဝေမတိမ်း ဝတ်ကြတာတော့ မဟုတ်ဘူး) ချိတ်ထားတဲ့ ပုံတချို့မှာ လန်းနားခေတ်က အမျိုးသမီးတချို့ အင်္ကျီ မပါဘူး။ အသားက ညိုညို။ ထမီတော့ ဝတ်တာပေါ့။ ထမီကို ခါးမှာ ပတ်တယ်။ အမျိုးသားတွေလိုပဲ ရင်ကို ဖွင့်ထားတာပဲ။ ရာသီဥတု ပူလို့ ဖွင့်ထားသလား မသိပါ။

အစောပိုင်းမှာ သူတို့ အင်္ကျီ တဘက် လုံချည် စသဖြင့်တို့အကြောင်း ရှင်းပြတာလည်း ကြားလိုက်ရသေးတယ်။

လန်းနားခေတ်ပြပွဲတခုမှာ ဓာတ်ပုံရိုက်ထားတာ ကျနော့်မှာ ရှိပါတယ် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရိုက်ထားတာ။ နောက်နေ့တွေမှ (ဒါမှမဟုတ် ရှေ့နှစ်ထဲး) တင်လိုက်ဦးမယ်။ ခုတော့ သူများပုံတွေနဲ့ပဲ ဒီပို့စ်ကို တင်လိုက်ပါတယ်။ ။






Dec 2, 2009

105 years old grandma

ဒီနေ့ မြန်မာ့အလင်း (လား ကြေးမုံလား မသိ၊ မေ့ပြီ) သတင်းစာမှာ ပါတဲ့သတင်းဗျာ။ ကော်ပီကူးထားတာ မနက်ကတည်းက ဆိုတော့။

ယောဂီမယ်တော်ကြီးဘွားအိမ်ပြည့်၏
(၁ဝ၅)နှစ်မြောက် မွေးနေ့မင်္ဂလာကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၁

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဝဲလောင်ကျောက္ကာကျေးရွာ ဇာတိ ဘွားအိမ်ပြည့်၏ (၁ဝ၅)နှစ်မြောက် မေွး နေ့မဂင်္လာအခမ်း အနားကို ယနေ့ နနံ က် ၉နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ကျေးရွာခြောက်ရွာကို အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်အိတ်နှုန်း ဖြင့်

ကျောက္ကာကျေးရွာ အတွက် ၁၈၉ အိတ၊်
တောင်ကုန်း ကျေးရွာ အတွက် ၅၅အိတ်၊
ထန်းတောကြီး ကျေးရွာအတွက် ၆၄အိတ်၊
အောင်ချမ်းသာကျေးရွာအတွက် ၅၆အိတ်၊
မြို့ ဘကျေးရွာ အတကွ် ၄၉၃အိတ်၊
ကံအေးကျေးရွာ အတွက် ၁၁ အိတ်ဖြင့် ငွေကျပ်၁၂၁ သိန်းကျော်တန်ဖိုးရှိ ဆန်အိတ် ၈၆၈ အိတ်ကို ပေးအပ်လှူဒါန်းပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
(သတင်းစဉ်)

သတင်းလေးကတော့ ဒါပါပဲ။

ပြောစရာ ၂ ခုတွေ့တယ်း)

အိမ်ထောင်စု တစုလျှင် ဆန်တအိတ်နှုန်း ဆိုတော့

၁။ ဘွားဘွားက တအိမ် တအိတ်နှုန်း ဝေတာလား

၂။ ဘွားဘွားကို ပေးကြတာလား

၃။ ဘုန်းကြီးကျောင်းကို လှူကြတာလား

၎။ အိမ်အရေအတွက်အလိုက် ဘွားဘွားက ဘုန်းကြီးကျောင်းကို လှူတာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။

အလုပ်ထဲမှာ ဖတ်ကြည့်ရင်း မေးမိတာပါ။ အိမ်ပြန်ရောက်တော့ ထပ်ဖတ်ကြည့်မှ ဘွားဘွားက လှူတာဖြစ်နေတယ်။ ဝါကျက အရှည်ကြီး ရေးထားတာဆိုတော့ တခေါက်ဖတ်ရုံနဲ့ သဘောမပေါက်ဘူး။ ဝါကျရှည်ရှည်တွေ သိပ်ခေတ်စားတာပဲ။ သတင်းတပုဒ်လုံးကို ဝါကျတကြောင်းတည်းမှာ ပြွတ်သိပ်ပြီး ရေးတာနော်း(

ဝါကျတကြောင်းစာနယ်ဇင်းပညာ one sentence journalism ဆိုတာ ရှိတယ် ထင်ပါရဲ့။ ရှိတယ်ဆိုရင်တော့ အဲဒီအရေးအသားကို သပွတ်အူရေးနည်းလို့ နာမည်ပေးရမယ်း)

နောက်ထပ် တွေးမိတာ တခုက ဘွားဘွားရဲ့ အသက်။ အသက် အဲသလောက်ရှည်အောင် ဘာတွေ စားသလဲ၊ မစားဘူးလဲ မသိ။ ရန်ကင်းက ဘုန်းကြီးကျောင်းမှာ မွေးနေ့လုပ်တယ် ဆိုတော့ သူက ရန်ကုန်မှာ နေပုံရတယ်။ အသက်ကြီးသူတွေက ဇာတိမြေကို ချစ်ပုံရတယ်၊ အလှူလုပ်တာတောင် အရင် နေခဲ့တဲ့နေရာကို ရွေးပြီး လှူတယ်။

ဒါပါပဲ။ ရေးချင်တာက ဒီလောက်ပါပဲ။ သိပ်လည်း အရှည်ကြီး မရေးချင်ဘူး။ တမျက်နှာကျော်ရင် မဖတ်မှာစိုးလို့။ ။


Dec 1, 2009

Debt အကြွေး


အမေရိကန် နိုင်ငံသားအဖြစ် လျှောက်လွှာတင်ဖို့ ပြီးခဲ့တဲ့အပတ်က နည်းနည်းလေး ပြင်ဆင်မိတယ်။ ဒုက္ခသည်အဖြစ် ယူအက်စ် ရောက်ခဲ့တာ ၅ နှစ် ပြည့်ပြီးပြီမို့  လျှောက်လို့ရပြီပေါ့ဗျာ။ လျှောက်ချင်ရတဲ့အကြောင်းရင်း ပြောရရင် သိပ်များတယ်။

ဒုက္ခသည်ခရီးသွားလက်မှတ် ရချင်ရင် လဝကရုံးကို စာပို့ပြီး လျှောက်ရတယ်။ ကိုယ့်လိုလူ သိပ်များတာမို့ စောင့်ပေဦးတော့ လနဲ့ချီ။
ဒုက္ခသည် ဆိုတော့ ပတ်စ်ပို့ လျှောက်ခွင့် မရှိဘူးလေ။ ခရီးသွားလက်မှတ် ဆိုတာနဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပေါ့။

နိုင်ငံသားတွေသာ ကိုင်ခွင့်ရတဲ့ ပတ်စ်ပို့ကတော့ ယူအက်စ်မှာ လျှောက်လွှာသွားတင်နိုင်တဲ့ နေရာပေါင်း ၇ဝဝဝ ဝန်းကျင် ရှိတယ်လို့ ဆိုတယ်။ စာတိုက်တွေ ဘာတွေမှာ လျှောက်နိုင်တယ်။ တချို့စာကြည့်တိုက်တွေမှာတောင် လျှောက်လွှာ တင်နိုင်ဆိုပဲ။

နိုင်ငံသားဖြစ်သွားရင် ပတ်စ်ပို့ ကို ဒေါ်လာ တရာအကုန်ခံတာနဲ့ သိပ်မကြာခင် ရတယ်။ ပြီးတော့ အမေရိကန်ပတ်စ်ပို့ ဆိုရင် လေဆိပ်တွေမှာ အရစ်မခံရတော့ဘူး။

အခုကိုင်ထားတဲ့ ခရီးသွားလက်မှတ်က ဈေးကြီးတယ်။ ဒေါ်လာလေးရာ ဝန်းကျင် ပေးရသဗျ။ ချက်ချင်းလည်း မရဘူး။ ၃လ ၆လ စသဖြင့် စောင့်ရတယ်။ ရလာတော့လည်း စာမျက်နှာက နည်းသေးတယ်။ သက်တမ်းက ခပ်တိုတို။ ၂ နှစ်ပဲ ရတယ်။ သက်တမ်းကုန်လို့ အသစ်ထပ်လျှောက်ရင် ကုန်ပေဦးတော့ နောက်ထပ် ၄ဝဝ။ ခရီးသွားလက်မှတ်က လေဆိပ်တွေမှာ အနည်းနဲ့ အများတော့ အရစ်ရှည်တာ ခံရတယ်။ ဟုတ်တာပေါ့။ ယူအက်စ် လေဆိပ်တွေမှာလည်း ရစ်ပါ့ဗျာ။

သို့ကလို ဈေးတွက် တွက်တာနဲ့တင် နိုင်ငံသားဖြစ်ရေးက အရေးပါနေပြီ။ နိုင်ငံသား လျှောက်မယ်ဗျာ။

ပထမအဆင့် အနေနဲ့ ယူအက်စ် လဝက အင်တာနက် စာမျက်နှာတွေ သွားဖတ်ပြီး လျှောက်လွှာကိစ္စ စနည်းနာတယ်။ လျှောက်တာနဲ့ ကုန်ကျစရိတ်က
$675 ပေးရမယ် တဲ့။ ဒါနဲ့ပဲ မလျှောက်ဖြစ်သေးဘူး။ အကြွေးတင်နေတော့ ပိုက်ဆံ ထပ်မချေးချင်သေးဘူး။

ဒီအကြောင်း ကျနော့်ညီတယောက်ကို ပြောပြဖြစ်တယ် အကြွေးတင်နေကြောင်း၊ နိုင်ငံသားလည်း လျှောက်ချင်ကြောင်းပေါ့ဗျာ။ သူက ဘာပြန်ပြောသလဲဆိုတော့ နီးစပ်ပါတယ် တဲ့၊ အမေရိကန်တွေလည်း အကြွေးတွေကိုယ်စီနဲ့ ဆိုပဲ။

သူ့စကားကြောင့် အကြွေးရှိတာ ကျေနပ်သလိုလို ဖြစ်သွားတယ်။ အမေရိကန်တွေနဲ့ တူတယ်ဆိုလို့ပါး) နာမည်ကျော်လူကြိုက်များသူတယောက် ယားနာပေါက်သလို ကိုယ်လည်းယားနာပေါက်လို့ ဂုဏ်ယူမိတဲ့သူလိုပေါ့ဗျာ။

အခု စာထရေးနေတာ မိုးမလင်းသေးဘူး။ စောစောက တရေးနိုး ပြန်အိပ်မရလို့ ဘလော့မှာ ပို့စ်တခု ရေးဦးမှပဲ ဆိုပြီး ထိုင်ရေးနေတာ။ အပေါ်မှာ ရေးထားတာတွေက နိဒါန်းပျိုးတာတွေပါ။

ရေးချင်တာက အကြွေးအကြောင်း။

ဒီနှစ်ထဲမှာ စကားပြောတဲ့အခါ စာရေးတဲ့အခါ ချက်တင် တက်တဲ့အခါ အကြွေးတင်နေတဲ့အကြောင်း မကြာခဏ ထုတ်ပြောဖြစ်တယ်။ ကိုယ့်အခက်အခဲကို ရင်ဖွင့်လိုက်ရင် ပေါ့သွားမှာပဲ ဆိုတဲ့သဘောတော့ မဟုတ်ပါဘူး)

အကြွေးရှိနေတယ်လို့ ပြောရတာကိုက ဂုဏ်ယူစရာ ပျော်စရာ ဖြစ်နေတယ်း)

တပါးသူကို ညည်းချင်းထုတ် မသိမသာ ရှိုက်သံပေးရတာ တယ် အရသာရှိတာပဲး)

အကြွေး ရှိကြောင်း ထုတ်ပြောခြင်းဟာ ငါဟာ သုံးနိုင် စွဲနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ခေသူမဟုတ်လို့ တဖက်သားကို အင်ဖော်မေးရှင်း ပေးတဲ့သဘောပေါ့ဗျား)

ဘာရယ်လို့တော့မဟုတ်ပါဘူး။ အကြွေးတင်နေတော့လည်း ဒီလိုပဲ ရေးမိရာ ရေးလိုက်တာပါး)