Apr 12, 2011

သက်မွန်မြင့် - nice photos for new year

ကခုန်နေတဲ့ ချစ်စရာ သက်မွန်မြင့် ပုံတွေ
ဘယ့်နှယ်လဲ၊ ချစ်စရာ မကောင်းဘူးလား။ အင်း - ကတာလည်း လှမယ် ထင်တာပဲး)
မကတတ်လည်း ကြည့်လို့  ကောင်းမှာပါလေ။

ကျနော့်မိန်းမက သက်မွန်မြင့်ပုံတွေ ဒီဘလော့မှာ မတင်စေချင်ဘူး။
သူတွေ့ရင် စိတ်တိုမှာ သေချာတယ်။ စိတ်တိုမှ ပြန်ချော့တာပေါ့လေ။

သက်မွန်မြင့်တို့လို ကလေးမတွေကို ဒီဘလော့မှာ တင်တာက အကြောင်း ရှိတယ်း)
ကြိုက်လို့ တင်တာပေါ့။
ပြီးတော့ ဒီလို ကြိုက်တတ်တယ် ဆိုတာကို အများသိအောင် သက်သေပြချင်တာကြောင့်လည်း မကြာခဏ တင်ဖြစ်နေတာ ဖြစ်မယ် ထင်တယ်။

ကျနော် အိမ်ထောင်ကျတာကို သူငယ်ချင်းတယောက်က မနှစ်ကမှ သိသွားတယ်၊ သူက အံ့သြသတဲ့၊ ဟုတ်လား - ဒီကောင် မိန်းမရသွားပြီလား၊ ငါတော့ ဒီတသက် ဒီကောင် မိန်းမ မရတော့ဘူး ထင်နေတာ ဆိုပဲ။ ဒီလိုထင်နေတာ သူ့တယောက်တည်းမှ ဟုတ်ပါလေစ၊ ဒုက္ခပါပဲ။
အင်း - အိမ်ထောင်မပြုဘူးလို့ ဘယ်သူ့ကိုမှ ကတိမပေးခဲ့၊ ကြေညာချက် မထုတ်ခဲ့ပါဘူး။ သူပြောပုံအရဆိုရင် ကျနော်က မိန်းမ မယူဘဲ ယောက်ျားယူရမလို ဖြစ်နေပြီး)

မိန်းမတွေကို စိတ်ဝင်စားပါကြောင်း သိအောင်လို့ သက်မွန်မြင့်တို့ကို ဒီဘလော့မှာ တင်နေရခြင်းပါ။
ဒါပါပဲ။ နှစ်သစ်မှာ အဆင်ပြေကြပါစေ။
ချစ်စရာသက်မွန်မြင့်လေးလည်း အဆင်ပြေပါစေ။



6 comments:

blueskyforest said...

ဒီကလေးမ ဘယ်သူ့သမီးလဲဟ ငှက်သွင်ပျံကြွ မတတ်သော်ပါလား။ ဘုန်းကြီးကြိုက်ပဲဟေ့။

zarny win said...

ဒကာဂျီးကလည်း ဟဲဟဲ ---
ဟဲဟဲ

သက်ဝေ said...

သက်မွန်မြင့်လေးလည်း ကြည့်ရင်း...
Link လေးလည်း ယူရင်း...
ရေလောင်းပြီး အိုးမည်းသုတ်သွားတယ်ဗျို့...း))

စော(အဝါရောင်မြေ) said...

``ဗွမ်း ဗွမ်း`` လင်မယားနှစ်ယောက်လုံး ရေပက်သွားပါတယ်။

မိုးယံ said...

သက်မွန်မြင့်ကိုတော့ ကျွန်တော် မရနိုင်တော့တာ သေချာသလောက်ရှိသွားပြီ။ သက်မွန်မြင့်ကို မရခဲ့တဲ့ အစ်ကိုရေ။

Anonymous said...

ဘလော့ပိုင်ရှင် သက်မွန်မြင့်ကို အတော်မျက်နှာသာ
ပေးတယ်နော်..။
အခုထိ ပို့စ်အသစ်မတင်သေးဘူး။

ပေါက်