အီးမေးလ် သုံးသူများ password လို့  ခေါ်တဲ့ လျှို့ဝှက်နံပတ်နဲ့  ပတ်သက်ပြီး သောကများကြတယ်။ တချို့ ဆိုရင် မစ္စတာအောင်သာငယ်တို့  ရေးတဲ့ password ရေးရာ ဆောင်းပါးတွေ ဖတ်အပြီးမှာ သောကတွေ ပိုများကြရှာတယ်။ လျှို့ဝှက်နံပတ် ကို တကယ် လျှို့ဝှက်ပြီး လူမသိအောင် ဘယ်လို လျှို့ဝှက်ရပါ့မလဲ ဆိုပြီး လျှို့ဝှက်စွာ သောကရောက်ကြသူတွေလည်း ရှိတယ်။
လျှို့ဝှက်နံပတ်နဲ့ ပတ်သက်ပြီး ခြေရာခံသူတွေ စိတ်ညစ်စေမယ့် ကျနော့်ရဲ့ ကိုယ်ပိုင် နည်းလမ်းတော့ ရှိတယ်။ ထုံးစံအတိုင်း နောက်မှ ရေးတာပေါ့ဗျာ။
လောလောဆယ်တော့ ဟိုနေ့ က အီးမေးလ်တွေကတဆင့် ရောက်လာတဲ့ နည်းလမ်းတွေကို လက်ဆင့်ကမ်းပါရစေ။ တကယ် လျှို့ဝှက်တဲ့ ဗျူဟာမြောက် နည်းလမ်းတွေပါပဲ။ ကြိုက်ရင် သုံးကြည့်ပေါ့။
Readmore ကို နှိပ်လို့  အဆင်မပြေရင် ခေါင်းစဉ်ဖြစ်တဲ့ "password is very important indeed" ကို နှိပ်ပေတော့။




ကဲ ဒါပါပဲဗျာ။ စိတ်ချရတဲ့ လျှို့ဝှက်နည်းလမ်းတွေပေါ့။း) ဒီလို လျှို့ဝှက်နည်းအတွက် ဆွယ်တာ အထည်တွေက ဘယ်မှာမှ မရောင်းဘူး ထင်ပါရဲ့။ ဆွယ်တာထိုးတတ်သူများ ကိုယ်တိုင် လက်စွမ်းပြနိုင်ပြီ။ မထိုးတတ်ရင်တော့ တတ်အောင် သင်ရတော့မယ်။
2 comments:
မိုးဟေကို နဲ့  ဇာနည်ဝင်းက ဘယ်လိုပတ်သက်လဲလို့ သိချင်ပါတယ်ဗျို့ ...
ကောင်းလိုက်တဲ့ စိတ်ကူး !
mie nge
တတိယပုံကြည့်ပြီး မွန်းလိုက်တာအေ..
တို့ကတော့ ပွင့်လင်းတဲ့သူပါ။ မလျို့ဝှက်တတ်ပါဘူး ကိုဇာနည်။ တို့ password က ဒေးဗစ် ဘက်ခမ်း ပါ။
နောက်ကလဲ ဒစ်ဒစ် ဒါဒါဒါ ဒါဒါဒါ ဒစ်ဒစ်ဒစ် ဆိုတာလဲ ပါသေးသလိုပဲ။ :)
Post a Comment