Mar 7, 2010

problem for you

ဆိုကြပါစို့ ခင်ဗျားက အရမ်း အလုပ်များတယ်။ သတင်းလည်း ဖတ်ချင်တယ်။ မြန်မာပြည် ဘာတွေ ဖြစ်နေသလဲ သိချင်လို့။ ခင်ဗျားရဲ့ ပြဿနာက သတင်းဖတ်ဖို့ အချိန်က နေ့တိုင်း နာရီဝက် (နာရီဝက်) ပဲ ရှိတယ်။ ဒါဆိုရင် မေးခွန်းက -
အောက်မှာ ရေးထားတဲ့ ဘယ်ဝက်ဆိုက်ကို အရင် သွားမလဲ။ အချိန်ရဦးမယ် ဆိုရင် ဘယ်ဝက်ဆိုက်ကို သွားချင်သေးလဲ။ နောက်ဆုံးမှ သွားမယ့် ၀က်ဆိုက်က ဘာဖြစ်မလဲ။

က ။ ဒီမိုကရေစီသမားတွေကို နှိပ်ကွပ်တာတွေ ပြည့်နေတဲ့ ၀က်ဆိုက်
ကာ ။ ပေါတာကြီးသန်းရွှေတို့ကို နှိပ်ကွပ်တာတွေ ပြည့်နေတဲ့ ၀က်ဆိုက်
ကိ ။ ဒီမိုကရေစီ လှုပ်ရှားသူတွေကို စာနာတဲ့ ၀က်ဆိုက် (ပေါတာကြီးတို့ကိုလည်း တခါတရံ နှိပ်ကွပ်တယ်)
ကီ ။ ဘယ်သူ့ကိုမှ မဆဲဘူး၊ မထောက်ခံဘူး၊ မြင်တာကိုပဲ ပြောတဲ့ ၀က်ဆိုက်
ကု ။ သတင်းပေါင်းစုံရဲ့ လင့်တွေကို စုထားပေးတဲ့ ၀က်ဆိုက်
ကူ ။ တကိုယ်တော်သမားတွေ လက်စွမ်းပြတဲ့ ဘလော့

ဒီဘလော်ဂါတွေ ဖြေပေးပါ၊ ကျေးဇူးပြု၍း)

http://aungthange.blogspot.com/ ပိုင်ရှင် မစ္စတာ အောင်သာငယ်

http://blueskyforest.blogspot.com/ ကို ဖန်တီးတဲ့ ပြည်ပရောက်တောအုပ် နဲ့ မိုးကောင်းကင်

http://www.mindin.info/ နဲ့ အလုပ်များနေတဲ့ ကိုမင်းဒင်

Tag တယ်ပေါ့ဗျာ။ ဒုက္ခပေးတယ် လို့ ဘာသာပြန်သော် ရ၏။ ရှည်ရှည်ဝေးဝေး ဖြေပေးလည်း ရ၏။ လိုတိုရှင်း မြန်မြန်ပြောလိုလည်း ရ၏။ ဒီနေ့ပြောလည်းရ၊ နောက်နေ့တွေ အားမှ ပြောလည်း ရပါ၏။ ကျေးဇူး တင်ပါ၏။

4 comments:

blueskyforest said...

"ကု" ကိုအရင်သွားမယ်။ အချိန်ရရင် "ကူ"ကိုဆက်သွားမယ်။ ကူမှာတင် အချိန်ထပ်ရမယ် မထင်။ ဒို့က အလုပ်ရှုပ်တယ်လေ။ အပျင်းကလည်း ကောင်းမွန်စွာ ကြီးတတ်သေး။ ဟေး..ဟေး ။ (အဖက်လုပ်ပြီးအူကြောင်ကြောင်တွေ လာမေးဖေါ်ရတဲ့ အတွက် ၀မ်းသာ။ ဘော်ဒါ ဘလော်ဂါများ ပျော်ရွှင်စေ။)

Phyo Maw said...

ကူ ထဲ က ကိုယ့်လူလို ဘလော့ နည်းနည်းဖတ်တယ်။

ATN said...

ကူ-ကိုပဲ သွားမှာပေါ့...

နေ့တိုငိးတော့ မိုးမခကို သွားတယ်...

kyaw said...

ဘလော့ဂါ မဟုတ်တဲ့ သူအနေနဲ့ ပြောလို့မရဘူးလား။ ကီ ကိုနေ့စဉ်ပုံမှန်ကြည့်မယ်။ လိုတာကို ဂျီးဒေါ်နွားကျောင်းသား ကိုရှာခိုင်းမယ်။ ဟဲဟဲ မနိပ်လား။
kay irrawaddy