Oct 27, 2010

ladies

ဒီကလေးမ LA က ဖြစ်မယ် ထင်တယ်။ ချစ်စရာ။
LA အခြေစိုက် ဆရာများရဲ့ ၀က်ဆိုက်ကနေ ကော်ပီကူးထားတာမို့ အဲဒီလို ထင်တာပါ။ LA သွားတုန်းက မတွေ့ခဲ့ပါဘူး။
ကလေးမရဲ့ တခြားပုံတွေလည်း ရှိပါ့။ ရေကူးဝတ်စုံ ဘီကီနီနဲ့မို့ အဲဒီပုံတွေက ဒီမှာ တင်ထားလို့ မကောင်းဘူး။ (ပုံကြီးချဲ့ပြီး နံရံမှာ ကပ်ထားမှ ကောင်းမယ်း)

ဒီပုံမှာ နောက်ခံ မျဉ်းတွေက ပုံကို အထောက်အကူ ပေးနေသလိုပဲ။ ဘယ်လို ထင်လဲ။
အင်း - ဘက်ဂရောင်း အကူအညီ မပါလည်း ဒီကလေးမ ချစ်စရာ ကောင်းနေတာပါပဲ။

ဝတ်စုံကလည်း မိုက်တာပဲ။
ကဲ - လာခဲ့ နောက်တပုံ။



ဒါလည်း အဲဒီ ၀က်ဆိုက်က ယူထားတာပဲ။ ကြာပါပြီ။ သနပ်ခါးနဲ့ ဆိုတော့ ကြည့်လို့ ကောင်းသွားတယ်။ သနပ်ခါး မပါရင် သာမန်ပဲ ဖြစ်မယ် ထင်တယ်။ အင်း - မသေချာဘူး။ သနပ်ခါး မပါဘဲ အပြင်မှာ ဆုံဖြစ်မှ သေချာ ဆုံးဖြတ်နိုင်မယ်း)

ဒါကတော့ နန်းဆုကေဆွမ်
ဦးစွာဂီတ (first music) ဂျာနယ်ထဲက ဖြတ်ညှပ်ကပ်ထားတာ။ သူ့ ဒူးပေါ်ကဟာ အသားကပ် ဘောင်းဘီလား၊ ဆင်ဆာ ဖြတ်ထားတာလား မသိရဘူး။
ဒီပုံလည်း တင်ဖို့ မရည်ရွယ်ပါဘူး။ ဖြတ်ညှပ်ကပ်ထားပြီး ဘာလုပ်ရမှန်း မသိတာနဲ့ ကောက်တင်လိုက်တာ။ ဘလော့မှာ ဘာမှ မတင်တာ ကြာပြီလေ။ ရန်ကုန်က မွေးစားမေမေကလည်း စီဘောက်ကနေ လှမ်းလှမ်းအော်နေလို့ တခုခုတော့ တင်သင့်ပြီ ဆိုပြီး ဒီပုံလေးတွေ တင်လိုက်ခြင်းပါပဲ။

2 comments:

Anonymous said...

ကိုယ်ကတော့ ခုတလော ဟောတယောက် ဟောတယောက် ဇာတ်လမ်းလေး မြင်ဘူးနေလို့ .. ကြပ်ကြပ်သတိထား နော်.. ဘယ်သူ့ကို ချစ်စရာ ကောင်းနေတာတုန်း..။ တော်ကြာ ဗိုက်ခေါက် လိမ်ခံထိနေမယ်ဟ..။ ဟဟား…။ :P

ကေရာဝတီ said...

ကိုယ်ကအော်လို့ သနပ်ခါးပါးကွက်ကြားကို တင်ရကြောင်းဖြစ်သွားတော့ အင်း - ကိုဇာနည်ဝင်းတို့က သူတင်ချင်တာ တင်တာဖြစ်ပေမဲ့ အမျက် လွတ်အောင် ကြံတာလို့ ပြောရမလို ဖြစ်နေပါလား။ မြန်မာပီပီ သနပ်ခါး ကြိုက်တာလေးကို သဘောကျသား၊ သို့သော် ကိုယ့်ကို တရားခံရှာထားတာတော့ နဲနဲ ညိနေပြီနော်။ သဘောချင်း ညီတာက သနပ်ခါးလေးနဲ့မို့ ပိုလှတယ်လို့ ကိုယ်လဲ မြင်တယ်လေ။