ရန်ကုန်က ထွက်လာတုန်းက ဒီဆိုင် မရှိသေးဘူး။ ရှိလည်း စားဖြစ်မယ် မထင်။ အဲဒီတုန်းက အစပ် ကြောက်တယ်။
ခုတော့ လာထား။
ကျ နော် အစပ် စား နိုင် ပါ ဘီ ---
း)
AAPP ရုံးမှာ နေတုန်းက စားနိုင်သွားတာ။ ချက်သမျှ ငရုပ်သီးအရသာ များသမို့ တဖြည်းဖြည်း ခံနိုင်ရည် ရသွားတယ်။
ကဲ - The Voice ဂျာနယ် ဈေးဝယ်လမ်းညွှန် စာမျက်နှာမှာ အဲဒီလို ခေါင်းစဉ်တပ်ထားပုံအရ ဆိုရင် ဒီဆိုင်နာမည်က ရိုးရာ တဲ့။ ပုံတွေ တခြားသတင်းတွေကို ဖြတ်ပြီး ဆိုင်း အကြောင်းချည်း ရွေးထုတ်ထားပါတယ်။ ဒါကြောင့် ကွက်လပ်တွေ ဖြစ်နေတာ။
ဖတ်ပြီး လမ်းကြုံရင် သွားကြ စားကြပါခင်ဗျ။ အစပ် စားနိုင်ရင် ပြောပါတယ်။
ကျနော့်အတွက်လည်း ပိုစားခဲ့ကြပါ။
အစားအစာပုံတွေ မပါတော့ ဒီပို့စ်က သိပ်ပြီး အရသာ ရှိမယ် မဟုတ်။
3 comments:
စိတ်မှန်နေပုံရတယ်... :)
ငရုတ်သီးစားသူများ စာရင်းမှာ မပါဝင်လေ တော့..ရခိုင်ရိုးရာ အစားအစာနဲ့ ရင်းနှီး ကျွမ်းဝင်မှု မရှိဘူးဗျ။ ထူးဆန်းတာက ၇င်းနှီး ပတ်သက်သူများက ရခိုင်လူမျိုးတွေဖြစ်နေတာ ပါဘဲ။ သူတို့ကြားထဲနေပြိး သူတို့ကြိုက်တာ လိုက်မကြိုက်တာ အပစ်မတင်ကြတဲ့ အပေါင်း အသင်းများကို တိုးလို့ ခင်မင်မိတယ် ကိုဇာနည်ရေ့။ ထိုင်းရောက်ရင်တော့ အစာစားရတာ ဒုက္ခ ရောက်ပါတယ်။ ငရုတ်သီးကနေရာ တကာပါသကိုး။
အင်း.. သိချင်တာလေးတော့ရှိသား.. ကိုဇာနည်က ငရုတ်သီးမစားခင်က စိတ်မမှန်ဘူးပေါ့.. ဟုတ်လား။ :P
Post a Comment