Apr 12, 2012

ဒီမနက် ချင်းမိုင်

ဒီမနက် လမ်းထိပ်မှာ မြင်ရတာတွေပါ။
ဆိုက်ကား နဲ့ သုံးဘီး။
ဆိုက်ကားငှားသူတွေ အများစုက အဒေါ်ကြီးတွေ ပါပဲ။ ဆိုင်ကယ်စီးဖို့ အခက်အခဲရှိ သို့မဟုတ် မမောင်းတတ်လို့ ဖြစ်နိုင်တယ်။
ဒီရပ်ကွက်ထဲမှာတော့ ဆိုက်ကားကို အိမ်နဲ့ဈေး သွားလာဖို့ ငှားကြတယ်။

သုံးဘီးကို တုတ်တုတ် လို့ ခေါ်တယ်။
တုတ်တုတ် ဆိုတာ ထိုင်းလို ဘာအဓိပ္ပာယ်လဲ မသိပါ။
စက်သံကိုအစွဲပြုပြီး ခေါ်တာလည်း ဖြစ်နိုင်တယ်။
ခရီးသည်စောင့်ရင်း တယ်လီဖုန်းသုံးနေတဲ့ ဆိုက်ကားဆရာအန်ကယ်ကြီး။
ခုံမှာ ဘာတွေ ရေးထားမှန်း မသိပါ။
ဟွန်းမတီးနဲ့ ကျော်တက်သွား လို့ ရေးထားတာ ထင်ပါရဲ့။
ချိတ်ထားတဲ့ ဖြူနီပြာကြိုးတွေက နိုင်ငံအလံနဲ့ အတူတူပါပဲ။
(အလံမှာလည်း အဲဒီ သုံးရောင် ပါတယ်လို့ ပြောတာပါ)

ဒါက လမ်းပေါ်တွေ့ရတဲ့ ကျနော့်ပုံကို ရိုက်ထားတာ။
တင်တုန်းကတော့ တည့်တည့်ပဲ။
အွန်လိုင်းပေါ်ရောက်တော့ ၉၀ ဒီဂရီ စောင်းသွားတယ်။
ဂူဂဲလ်ကလည်း လူတွေ လုပ်ထားတဲ့ဟာဆိုတော့ မှားတဲ့အခါလည်း မှားပေမပေါ့။

ဒါက ဘိလပ်မြေကြော်ငြာ။
မင်းသားလား၊ အားကစားသမားလား မသိပါ။
ယုတ္တိမရှိလို့ ရိုက်ထားတာ။
ဘိလပ်မြေအိတ်ဆိုတာ လူ ၂ ယောက် သယ်ရင်တောင် မျက်နှာကို ရှုံ့မဲ့ပြီး သယ်ရတယ်။
ဒီငနဲလို ပြုံးမနေနိုင်ပါဘူး။
ကြော်ငြာဆိုတော့လည်း ခပ်ပေါ့ပေါ့ပဲပေါ့လေ။
တော်သေးပြီ။
ဘာမှ မဟုတ်ပါဘူး။ ဘလော့မှာ မတင်တာ ကြာပြီမို့ တခုခု တင်လိုက်တဲ့သဘောပါ။


No comments: