သင်္ကြန်မှာ အထင်ကရ အဆိုတော်တွေ စင်ပေါ်တက်ပြီး သီချင်းတွေဆိုကြ၊ ပရိသတ်နဲ့တွေ့ကြပါတယ်။
တယောက်နဲ့တယောက် အသံ/လေသံတွေ မတူကြပေမယ့် တူတာကတော့ စင်ပေါ်ကနေအော်ပြောတာတွေပါပဲ။
အထူးသဖြင့် တူတာကတော့ ကျေး ဇူး အ များ ကြီး တင် ပါ ဒဲ လို့ လိပ်ခေါင်းပြုတ်ထွက်အောင် အော်ကြရာမှာ တူကြတာပါ။
အိုင်လပ်ယူးးးးး လို့ အော်ရာမှာလည်း တူပါတယ်။
ချစ်သုဝေ၊ ဇော်ပိုင်၊ နေနေ စသဖြင့် စသဖြင့် အထင်ကရများစွာက အိုင် လပ် ယူးးးးး နေကြပါတယ်။
ဒီနေ့ခေတ်ရဲ့ စင်ပေါ်ကနေ နုတ်ဆက်တဲ့နည်းပေါ့လေ။
အိုင် လပ် ယူးးးးး
း
No comments:
Post a Comment