Nov 13, 2013

သူတို့ ၂ ကောင်


ဘယ်ကောင့်လက်ချက်လဲ မသိ။
ဖိနပ်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။

ဒီကောင်တွေ ဖိနပ်ကိုက်လွန်းလို့ သူတို့ရန် ကာကွယ်နိုင်အောင် တံခါး ဆင်ထားရတယ်။ ဆင်ထာ်းလည်း မျက်နှာမည်းနဲ့ကောင်က အခုန်အပျံ ကျွမ်းကျင်အဆင့်ဖြစ်လို့ ဖိနပ်တွေ ပါသွားတတ်သေးတယ် အဲဒီတုန်းက။

ကိုဟန်လေး ဘွတ်ဖိနပ်လည်း ဒီကောင့်လက်ချက်နဲ့ အတော် ပျက်သွားဖူးတယ်လို့ သိရတယ်။

မျက်နှာမည်းနဲ့ကောင်က အထီး။
အခုတော့ ခွေးပြည်မှာ မရှိတော့ဘူး။

မျက်နှာ ပုံမှန်နဲ့ကောင်က အထီး မဟုတ်ဘူး။
သူကတော့ ခွေးပြည်မှာ ရှိသေးတယ်လို့ ယူဆရတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ကမှ သူ့ကို အိပ်မက်ထဲ တွေ့သေးတယ်။ နေမှကောင်းရဲ့လားမသိဘူး။

သူတို့က ပတ်ဝန်းကျင်နဲ့ (ကျနော့် အိမ်နီးချင်းတွေနဲ့) သဟဇာတ သိပ်မဖြစ်လို့ သူတို့ကို မြို့ပြင်က ခြံတခု သွားပို့ထားရတယ်။ အဲဒီခြံထဲမှာလည်း သူတို့ အစွမ်းပြတာပဲ။ ကြက်ခြံဘက်သွားပြီး အစွမ်းပြခဲ့တာမျိုး၊ ခြံထဲက ကြောင်ကို ရန်မူတာမျိုး လုပ်တာကြောင့် သူတို့ကို ကြိုးချည်ထားရတယ်။ လူတွေနဲ့ ဝေး ဝေး ဝေးတဲ့နယ်မြေ ရောက်ပေမယ့် သူတို့က လူတွေနဲ့ သဟဇာတ ဖြစ်အောင် မနေတတ်ဘူးဆိုတဲ့သဘောပေါ့။

ကျနော်နဲ့တော့ အင်မတန် သဟဇာတ ဖြစ်ပါတယ်။

ခန့်မှန်းချေ သူတို့ အသက် ၁ နှစ်သား အရွယ်အထိ ဖိနပ် ကိုက်ကြတယ်။ အထူးသဖြင့် အထီးကောင်။
အသက် ရလာတော့ ဖိနပ်ကို သူတို့ အာရုံ မစိုက်တော့ဘူး။

မနေနိုင် မထိုင်နိုင် ဖြစ်မှပဲ သူတို့အကြောင်း ဆက်ရေးပါအုံးမယ်။

 

No comments: