headage ဆိုတာကို headache လို့ ပြင်ဆင် ဖတ်ရှုပါရန်း)
မနေ့က NLD နဲ့ ၈၈ တို့ ပူးတွဲအခမ်းအနား/ထုတ်ပြန်ချက်ကို သတင်းထောက်တွေ တက်ရောက် သတင်းယူကြတယ်။
ဒီအခမ်းအနား ဒီထုတ်ပြန်ချက်ကို ကြည့်ပြီး သတင်းရေးကြပေမယ့် ထွက်လာတဲ့ပုံစံတွေကတော့ မတူဘူး။ သဘာဝကျပါတယ်။
အချက်အလက် အများကြီးထဲကမှ ဘာကို ဦးစားပေး ရေးထည့်လိုက်ရမလဲ ဆိုတာ တချို့လည်း လွယ်လွယ်ကူကူ စဉ်းစားမိပါလိမ့်မယ်။ တချို့လည်း ခဲရာခဲဆစ်ပေါ့လေ။ ကျနော်ကတော့ သတင်းမရေးဖြစ်တော့ သူတို့လို စဉ်းစားခန်း မ၀င်ဖြစ်ပါဘူး။ ရေးဖြစ်ရင်တော့ ခေါင်းစားမှာပဲး)
(ခေါင်းစားမယ် ဆိုတော့ ဒီပို့စ်အတွက် ပုံရှာဖို့ အွန်လိုင်းထဲ headage ဆိုပြီး ရှာလိုက်တာ .... ပုံတွေ အများကြီး ထွက်လာတယ်။ အဲဒါတွေထဲက အပေါ်ကပုံကို ရွေးလိုက်တယ်)
သတင်းအကြောင်း ဆက်ရရင်... ၂ ဘက် ခေါင်းဆောင်တွေ အမျးကြီး ပြောသွားပေမယ့် ဟိုလိုလို ဒီလိုလိုပါပဲကွာ ဆိုတဲ့ သတင်းထောက်တွေ၊ အကဲခတ်တွေ၊ နိုင်ငံရေးသမားတွေရဲ့ ကောက်ချက်တွေလည်း ဖတ်ရတယ်။ ပူးတွဲထုတ်ပြန်ချက်ကလည်း ထိုနည်းလည်းကောင်းပါပဲ လို့ ဝေဖန်ကြတယ်။ သတင်းရေးမယ့်သူကိုယ်တိုင်လည်း အဲဒီလို သုံးသပ်မိမယ်ဆိုရင် ဒီပူးတွဲလှုပ်ရှားမှုအကြောင်း သတင်းပြန်ရေးတဲ့အခါ အခက် တွေ့နိုင်မယ် ထင်တယ် - ဘယ်လိုရေး ဘယ်အချက်ကိုရေးလိုက်ရမလဲ ဆိုပြီး ခေါင်းကိုက်နိုင်မယ်။ ခေါင်းကိုက်တာက သတင်းသမားအတွက် သိပ်တော့ မထူးပါဘူး၊ ရေးသမျှဟာ အနည်းနဲ့အများ ခေါင်းကိုက် ခေါင်းစားတာတွေချည်းပါပဲ။
ကဲ... အခမ်းအနား/ထုတ်ပြန်ချက်ကို ကြည့်ပြီး သတင်းထောက်တွေ ဘယ်လို ရေးလိုက်သလဲ ဆိုတာ သိရအောင် ခေါင်းစဉ်တွေ စုစည်းပေးလိုက်ပါတယ်။
အဲဒီသတင်းတွေ ထဲက သုံးပုဒ်လောက်တော့ ဖတ်ဖြစ်ပါတယ်။ အကုန်တော့ မဖတ်နိုင်ဘူး။
ကဲ... ခေါင်းစဉ်လေးတွေ ဖတ်ချင်ရင် ဖတ်ကြည့်ပါအုံး။ NLD နဲ့ ၈၈ ဘာတွေ ပြောကြသလဲ ဆိုတာ အကြမ်း သဘော သိအောင်ပဲ ဖြစ်ဖြစ်၊ သတင်းထောက်တွေ ဘယ်လို ချည်းကပ်ကြသလဲ ဆိုတာ လေ့လာဖို့ပဲ ဖြစ်ဖြစ်း)
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ NLD နဲ့ ၈၈ သတိပေး
VOA
မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးက အရေးပါဆုံးပဲ- ဦးကိုကိုကြီး
DVB
ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် NLDနှင့် ၈၈ မျိုးဆက် ပူးပေါင်းလုပ်ကိုင်မည်
ဆင်ဟွာမြန်မာ
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်က စိတ်မ၀င်စားလည်း မရရအောင် ပြင်ဆင်သွားမည်ဟုဆို
စံတော်ချိန် သတင်းစာ
၈၈ ကျောင်းသားခေါင်းဆောင်များ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်၊ NLD ပါတီမှ ဝင်၊ မဝင် မဆုံးဖြတ်ရသေးဟု ဦးကိုကိုကြီး ပြောကြား
The Voice Weekly
NLD နှင့်အပြိုင် ပါတီထောင်၍ ရွေးကောက်ပွဲ ၀င်မည်မဟုတ်ဟု ၈၈ ပြော
ဧရာဝတီ
ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အနာဂတ်မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး လှေကားထစ်ဖြစ်ဟု NLD နှင့် ၈၈ မျိုးဆက်အဖွဲ့ အသိအမှတ်ပြု
Daily Eleven
၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို ကြေညာပြီးမှသာ NLD ပါတီ ရွေးကောက်ပွဲ ၀င်၊ မ၀င် ကိစ္စ တရားဝင်ကြေညာမည်
Daily Eleven
ရွေးကောက်ပွဲဝင်ရောက်ရေး မဆုံးဖြတ်ရသေးကြောင်း NLD ပြော
RFA
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်သည်အထိ ဒီချုပ်နှင့် ၈၈ (ငြိမ်း/ပွင့်)လက်တွဲမည်
7Day
1 comment:
ကောင်းတယ်လို့ဘဲ ပြောရမလား၊ တွေးတတ်တယ်လို့ဘဲ ပြောရမလား၊ ကိုရွှေဇာနည်တစ်ယောက် အတွေးပေါက်ပုံက စိတ်ကူးတွေကို ဆန့်ထုတ်စေတယ်။ တစ်ခုတော့ပြောစရာရှိတာပေါ့နော် သတင်းပေါင်းစုံကို ဖတ်နိုင်ဖို့ အခွင့်အရေးတော့ ရှိရပေလိမ့်၊ နောက်မို့ ဂျာနယ်ဖိုးနဲ့ မွဲရချည့်၊ သတင်းတွေ သုံးသပ်နေတာနဲ့ အလုပ်ပြုတ်ရချည့်။
အယ်ဒီတာတွေလောက်ဘဲ လုပ်နိုင်မယ်ထင်ပါရဲ့နော်။ ဘာဘဲဖြစ်ဖြစ် ဖတ်လို့အတော်သဘောကျလို့ အီစကို့ ဖေ့ဘုတ်မှာပါ ရှယ်ပလိုက်ပြီ။ :D
Post a Comment