Aug 24, 2015

ဖေ့စ်ဘုတ် အနုကြမ်းစီးမှု


ကျုပ်ရဲ့ Facebook အကောင့် လျှို့ဝှက်နံပတ် ပြောင်းလိုက်ရတယ်။
မနက်က သုံးနေတုန်း အလိုအလျောက် ဆိုင်းအောက် ဖြစ်သွားရော။
ပြန်ဝင်တော့ အထက်ကပုံ ပေါ်လာတယ်။ မင့်အကောင့်ကို ဂျပန်ကနေ ဝင်နေသူရှိတယ်။ အဲဒါဟာ မင်းမဟုတ်ဘူးဆိုရင် လျှို့ဝှက်နံပတ် အသစ်ပြောင်းပါ တဲ့။
ဒါနဲ့ အသစ်ပြောင်းလိုက်ရတယ်။
လျှို့ဝှက်နံပတ်သစ်မှာ ငယ်ရည်းစားတစ်ယောက်ရဲ့နာမည် ထည့်တယ်၊ အမှတ်ရစရာ ဂဏန်းလည်း ထည့်တယ်၊ စာမဟုတ် ဂဏန်းမဟုတ်တဲ့ အမှတ်အသားလည်း ထည့်ပါတယ်း)
စုစုပေါင်း အလုံး ၂ဝ နီးပါး ရှိတယ် ဆိုတော့ လျှို့ဝှက်နံပတ်က တော်တော်လေး ခိုင်တယ်။ အင်္ဂလိပ်လိုဆိုရင် strong ဖြစ်တယ် ဆိုပါစို့။
အကောင့် အဖောက်ခံရတယ်၊ ပါသွားတယ် ဆိုရင်လည်း ပြန်ယူတဲ့နည်းတွေ ရှိပါလိမ့်မယ်၊ အလုပ်တော့ ရှုပ်မှာပေါ့လေ။ စိတ်လည်း ရှုပ်မယ်း)
အကြောင်းမသိသူတွေပဲ ကျုပ်ရဲ့ ဂျီမေးတို့ ဖေ့ဘုတ်တို့ကို ဖောက်ဖို့  ကြိုးပမ်းတာ ဖြစ်ပါလိမ့်မယ်။
အွန်လိုင်းမှာလည်း ဈေးမ၀ယ်၊ ဘဏ်ကတ် ရှိပေမယ့် ကတ်ထဲမှာ မက်စရာပမာဏ မရှိး)
မတော်တဆ/တမင်သက်သက် ဖောက်ခံရတာမျိုး ကြုံလာရနိုင်တယ် ဆိုတဲ့အတွက် အကောင့်တွေထဲ လျှို့ဝှက်တာတွေ သိပ်မထားဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတယ်။
ပြီးတော့ လျှို့ဝှက်နံပတ်တွေကိုလည်း မှတ်မိအောင် ကြိုးစားနေရတယ်။
အင်း....လောလောဆယ်တော့ အဆင်ပြေနေတယ် ဆိုပါစို့။

1 comment:

kk said...

gmail account အဖေါက်ခံရတုန်းက အတော် ပြာသွားခဲ့ဘူးတယ်။ ညဥ့်နက်မှ အင်တာနက်ကကောင်းမယ်ထင်ပြီး သန်းကောင်ကျော် ထကြည့်တာ.. မေးလ်က ၀င်မရတော့ဘူး။ လန့်ဖြတ်ပြီး အကူအညီတောင်းဖို့ကျိုးစားပေမဲ့ အဆင်မပြေနိုင် မနက်စောစောကျမှ IT သမားလေးကူညီပေလို့။ ပြောသာပြောရ ခရီးသွားရင်းတန်းလန်း ဆိုတော့ IT သမားသာ အတူပါမလာရင် အဲဒီအကောင့် ဆုံးနိုင်တယ်။

အမယ် ဆုံးဘာဖြစ်လဲ နောက်တစ်ကောင့်လို့ မပြောနဲ့ .. back-up ကလည်းမထားမိ၊ အလုပ်နဲ့ဆက်စပ်သမျှအကုန်.. ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်သမျှ အကုန် ပါတယ်။ တော်ပါသေးရဲ့ ဘဏ်အကောင့်သုံးတဲ့ မေးလ် မဟုတ်ပေလို့ပေါ့။

မနေ့ကလည်း ဖေ့ဘုတ်မှာ တစ်ယောက် ဖုံးပျောက်သွားလို့တဲ့ ရှိရှိသမျှ ဒေတာကို ဖုံးထဲထည့်မိတော့ အကုန်ဆုံးတဲ့ အကြောင်း .. gmail နဲ့ facebook တောင် ကံကောင်းလို့ ဆယ်နိုင်ကြောင်းသိရတယ်။

စောရတွေနဲ့ ကမ္ဘာနဲ့ အ၀ှမ်း နည်းမျိုးစုံနဲ့ ဖေါက်ထွင်းနေကြတာ ဆိုတော့ သတိထားသင့်တယ်။ အီစကို့ password လား အလုံး ၂၀ ဘာကမတုန်းကွယ်။