Jul 20, 2016

Prisma သုံးပြီးကြပြီလား


ဓာတ်ပုံကနေ ပန်းချီကားပုံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့ အက်ပ် တခု ဖြစ်တဲ့ Prisma ကို အကြီးအကျယ် လူကြိုက်များနေပါတယ်။
ဒါကြောင့် The Ladies ဂျာနယ် အယ်ဒီတာ ဆောင်းဖြူ ရိုက်ကူးပေးပို့တဲ့ ခပ်လန်းလန်းပုံကို ပုံပြောင်းပစ်လိုက်တယ်။
ကွန်ပြူတာထဲ အသင့်ရှိတဲ့ ACDSee 17 ကို သုံးပြီး ပြောင်းတာပါ။ ဘယ်လိုလဲ...ပိုကြည့်ကောင်းသွားသလား၊ ပိုပြီး ရယ်စရာဖြစ်သွားသလား။

တခြားသူတွေလုပ်တိုင်း လိုက်လုပ်မနေနဲ့လို့ အပြစ်မတင်စေချင်ဘူး။ ကမ္ဘာတလွှား လူကြိုက်များနေတော့ ကိုယ်လည်း လိုက်ပါစီးဆင်းကြည့်ခြင်းပါ။ ကိုယ့်လို လိုက်ပါ စီးဆင်းသူတွေ နေ့စဉ် တသန်းကျော် တိုးလာ ဆိုပဲ။ သတင်းတွေမှာ ရေးထားတာ။

ဂျပန်မှာ ဖြန့်ဖို့ပြင်၊ ကနေဒါမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြန့်လိုက်တဲ့ Pokemon Go  ကို သဲသဲလှုပ်ဖြစ်နေကြချိန်မှာပဲ ဒီနည်းပညာကို လူကြိုက်များနေတာပါ။ လိုင်းလည်း မတူဘူးလေ။
(ဒီနေ့ မနက်ဖြန် ဂျပန်မှာ ဖြန့်ဖို့ ပြင်နေ ဆိုပေမဲ့ ရက်ရွှေ့မယ်လို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရပြန်တယ်။)

ဓာတ်ပုံအထူးပြုလုပ်ချက်တွေက  Instagram ထက် ပိုပြီး စွမ်းဆောင်ချက်ကောင်း၊ သုံးရလွယ်သလိုမျိုး  သတင်းတွေမှာ ရေးထားတယ်။ အကြံတူ နောက်လူသာစမြဲ ဆိုရမလား။

ဘယ်လို ပန်းချီပုံပြောင်းမလဲဆိုတာ ရွေးချယ်ဖို့ ၃၃ မျိုး ရှိတယ် ( ပုံတပုံတည်းကိုပဲ မတူညီတဲ့ဟန် ၃၃ မျိုး လုပ်နိုင်တယ်) ဆိုပဲ။ ကြိုက်ချင်စရာပေါ့။

ပန်းချီဆရာတွေ အချိန်အကြာကြီးလုပ်ရတဲ့အလုပ်ကို ဖုန်းထဲမှာ ခလုတ်လေး ပွတ်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း ပြီးစီးတာမျိုးက စမတ်ဖုန်းနဲ့ အထာကျနေသူအကြိုက် ဆိုပါစို့။
လျှပ်တပြက်အတွင်းဖန်တီးခြင်းအလုပ်ကို စမတ်ဖုန်းသမားတွေကြိုက်ကြတာလည်း အပြစ်မဆိုသာဘူး။ မကြိုက်ဘူးဆိုမှသာ အနုပညာအမြင်ခေါင်းပါးလွန်းသူအဖြစ် သတ်မှတ်သင့်တာ။

အနုပညာပါတဲ့ နည်းနာတွေကို နှစ်သက်ခြင်းဟာ ကြိုဆိုချင်စရာ မဟုတ်ဘူးလား။

အိုင်ဖုန်းသမားတွေပဲ လက်ဆော့နိုင်တဲ့ ဒီနည်းနာက တခြားစမတ်ဖုန်းတွေမှာ ထည့်သုံးလို့ မရသေးဘူး တဲ့။
အကောင်းဘက်က တွေးကြည့်ရင်တော့ ... အချိန်ကုန် သက်သာတာပေါ့ကွား)




1 comment:

kk said...

သုံးမယ်ဆိုရင် သုံးလို့ ရပြီပေါ့။ အဲသလိုမဟုတ်တောင် iPhone မကိုင်‌နိုင်‌လို့ ‌ပြောတယ်‌ထင်‌လည်း မတတ်‌နိုင်‌ သို့မဟုတ်‌ ပန်းချီမျက်‌စိမရှိဘူးထင်‌လည်းထင်‌.. ဒီ Prisma software နဲ့ တက်‌လာတဲ့ပုံမှန်‌သမျှ ရှိရင်းစွဲ အသက်‌ထက်‌ အနည်းဆုံး ၁၀ နှစ်‌မက အသက်‌ကြီးကုန်‌.. သလိုလို.. ပြီး‌တော့.. လှတဲ့သူ ရုပ်‌ဆိုး မလှတဲ့သူ ‌အော့‌ကြောလန်‌ အဲသ‌လောက်‌ ကျက်‌သ‌ရေ တုံးသကွဲ့။
.
ဘာကြိုက်‌‌နေကြမှန်းကိုမသိဘူး
.
မျက်‌စိ‌နောက်‌ချက်‌ ၉ အထက်‌