Jul 4, 2009

ကန်တော့ရသော အကျိုးအားကြောင့် - - -

မြောက်ကိုရီးယားပြန် ကိုရွှေမန်းရဲ့ လ၀ ပုံတွေ မှိုလိုပေါက်နေတာ မြင်ပြီးရောပေါ့။ ပုံတပုံမှာတော့ ကျောင်းသားလေးတယောက်လို ဖြစ်နေတဲ့ ကိုရွှေမန်းကို တွေ့ရတယ်။ မြောက်ကိုရီးယားသွားပြီး သင်တန်းတက်နေရတယ်လို့ အထင် မစမောကြပါနဲ့ ။ တရုတ်ပြည်ရောက်တော့ ဘယ်လိုဖြစ်တယ်မှတ်လဲ ထုံးစံအတိုင်းပေါ့-
သံရုံး အရာရှိကြီးငယ်တွေနဲ့ သူတို့မိသားစုတွေ ၀ိုင်းပြီး ထိုင်ကန်တော့ကြလေရဲ့။ သံရုံးကို အရပ်သားတွေသွားရင် ဆက်ဆံရေးဆိုးသလောက် ကိုရွှေမန်းတို့ သွားရင်တော့ ပြားပြားဝပ်း)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖတ်ထားသူများ ပြောကြပါဦး၊ အဲဒီထဲမှာ ဗိုလ်ချုပ်ကြီးတွေကို ထိုင်ကန်တော့ရမယ် ဆိုပြီး ခပ်တည်တည် ထည့်ရေးထားသလားလို့ ။ ဒွတ်ခဘာဘဲ။

ထိုင်ကန်တော့မှ ရာထူးမြဲ ရာထူးတက်မယ့်သဘော ဖြစ်မယ် ထင်ပါရဲ့း)

2 comments:

Anonymous said...

အင်း...ဒင်းတို့က ငါသာလျှင် မင်းတို့ရဲ့  ဘုရားသခင်လို့ မာန်တက်နေပုံရတယ် ထင်ပ.....
ဓါတ်ပုံကြည့်ပြီး ရွံစရာကောင်းလိုက်တာ......

mie nge

Anonymous said...

တရုတ်မိသားစု တခုရဲ့ အသုဘမှာ ရိုက်ထားတာများလား..။ လက်ထဲမှာ အမွှေးတိုင်ချောင်းတွေပဲ လိုနေတာ..။