serious Ans for Aung Tha Nge's tagging

အလုပ်ထဲတွင် ဓားကိုင်ပြီး အိမ်ရောက်သည်နှင့် ကီးဘုတ်၊ မောက်စ်တို့ကို ကိုင်တတ်သော၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် နေထိုင်သော၊ စိတ်ကူးယဉ်တတ်သော၊ သီချင်းဆိုသော၊ ကဗျာများလည်း လျှောက်ရေးသော၊ ထီပေါက်ချင်သော၊ ကလေး ၃ယောက် ရှိသော၊ သို့သော်လည်း ဘ၀အကြောင်းကို မသိသေးသော ဆိုတဲ့ နာမ၀ိသေနတွေနဲ့ ပြည့်စုံကုံလုံတဲ့ မစ္စတာ အောင်သာငယ်က ရယ်ဒီမိတ် မေးခွန်းတွေ ပေးလာတယ်။ ဒါကြောင့် ရေးရ ဖြေရပါတယ်း)

တွေးနေမိတာက
(၁) အောင်သာငယ် ဘာကြောင့် ကျုပ်ကို ရေးခိုင်းရသလဲ။
(၂) ငါ့ဝင်ငွေက ငါ့ထွက်ငွေထက်များနေ - အဲ နည်းနေတော့ ဘယ်သူ့ဆီက ပိုက်ဆံချေးရမလဲ။
(၃) အိမ်က ခွေးမလေး ဘယ်တော့ ဒဏ်ရာကျက်မလဲ။ (ခွေးမလေး ကလေးမရအောင် ဟိုနေ့က ဆေးခန်းပို့လိုက်တယ်။ ဆရာဝန်က သူ့ကို သားအိမ်ထုတ်ပစ်လိုက်တယ်။ မတတ်နိုင်ဘူး။ ခွေးစရိတ်က မသေးဘူး။ အများကြီးလည်း မထိန်းနိုင်ဘူး။ သူတို့က မွေး ကိုယ်က ထိန်းရမှာ။ ပြီးတော့ တခါမွေး တကောင်ဆို တော်သေးရဲ့)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အသက် ၈၀ မှာ သေမယ်ဆိုရင် ငါဟာ သက်တမ်း တ၀က်ရောက်ပြီ။ ဒုက္ခပဲ။

ကျန်းမာရေး
ကောင်း … ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
၁။ မဂ္ဂဇင်းများကို ဖတ်တယ်။ ဒီမနက် အစည်းအဝေးလုပ်ရင်း မသိမသာ ခိုးဖတ်ဖြစ်တာကတော့ ပန်းအလင်္ကာ မဂ္ဂဇင်း ၂၀၀၈ စက်တင်ဘာလထုတ်။
၂။ ဂျာနယ်တွေလည်း တခါတရံ ဖတ်တယ်။
၃။ မနေ့ကတော့ အေးချမ်းဖြိုးကောင်စီ တိုင်းကျိုးပြည်ပြု အတွဲ ၄ ကို ဖတ်တယ်။ အဲဒီစာအုပ် စာမျက်နှာ ၄၉၁ မှာ ဗိုလ်ချုပ်ကြီးတို့ရဲ့ နျူကလီးယားစီမံကိန်းတွေ ပါတယ်။
၎။ ပြီးခဲ့တဲ့အပတ်ကတော့ ၀တ္ထုတပုဒ်ကို တ၀က် ဖတ်ဖြစ်တယ်၊ “ခါးတကယ် မတို့ခင်က ယားတယ်လို့ တွန့်” တဲ့။ မောင်သာရ ရဲ့ ရှေးလက်ရာ။ ဘလော်ဂါ ကိုမင်းဒင်အိမ်မှာ တည်းတဲ့ ဒုတိယ ညမှာ ဖတ်တာ။ ဖတ်လို့ မပြီးပေမယ့် မငှားဖြစ်ခဲ့ဘူး။ ပြန်မပေးမိမှာ စိုးလို့။ ရုပ်ရှင်လောကအကြောင်းကို မောင်သာရက စာပြောင် ပုံစံ ရေးထားတာ။ ပြောင်ချက်ကတော့ သိပ်ကောင်းတယ်။ အပြောင်ခံရသူတွေ ဖတ်မိရင် သွေးတိုးနိုင်တယ်း)

ရောက်နေဖြစ်တာက
www

ရေးဖြစ်နေတာက
၁။ ဧရာဝတီ မြန်မာပိုင်းမှာ သတင်းတွေ ရေးဖြစ်တယ်။ သိပ်ကောင်းတာပဲလို့ စာဖတ်သူတွေက ကြိတ်ပြီး ချီးကျူးကြတယ်။ တခြားသတင်းထောက်များကလည်း မနာလိုကြဘူးလို့ ကျုပ် ထင်တယ်။ အင်း - - ဆက်ဆံရေး မပျက်အောင် လျှော့ရေးဦးမှပဲ။
၂။ ကိုယ့်ဘလော့မှာတော့ ရောက်တတ်ရာရာတွေ တပတ်တခါ ရေးဖြစ်တယ်။ အလုပ်များရင်တော့ တလ တခါပေါ့။

နားထောင်ဖြစ်နေတာက
ဘီဘီစီ မြန်မာပိုင်း။

ရွတ်နေမိတဲ့ကဗျာက
မရှိဘူး။ တာရာမင်းဝေရဲ့ ကျောင်းဖွင့်ချိန် ဆိုတဲ့ ကဗျာရှည် မနေ့က လေးငါးကြိမ်မြောက် ပြန်ဖတ်ဖြစ်။

ဖြစ်ချင်နေတာက
တရက်မှာ ၂၄ နာရီ မဟုတ်ဘဲ ၄၂ နာရီ ရှိရင် ကောင်းမယ် လို့ စဉ်းစားမိတယ်။ အချိန် ဆင်းရဲလွန်းလို့ပါ။ ၄၂ နာရီဆို နာရီဒိုင်ခွက်က ကြည့်ရ ဆိုးတော့မှာပဲ။

စားဖြစ်နေတတ်တာက
၁။ ဆီများများနဲ့ ကြော်လှော်ချက်ပြုတ်ထားတဲ့ ဟင်း တခွက် နှစ်ခွက် နဲ့ ထမင်း။
၂။ နေကြာစေ့။

သနားနေမိတာက
ဒီနေရာမှာတော့ မစ္စတာ အောင်သာငယ်နဲ့ တူတယ်။ ကိုယ့်ကိုယ်ကို သနားတယ်း) ကိုယ့်ထက် အခြေအနေ ဆိုးတဲ့သူတွေလည်း ရှိမှာပဲ ဆိုတော့ သနားလည်း ခဏ ဆိုပါစို့။

လွမ်းနေမိတာက
မုန့်ဟင်းခါး။

မေ့လျော့ပစ်နေမိတာက
ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေ။

ခါးသက်နေမိတာက
Prospect Burma / ပြီးတော့ OSI လို့ ခေါ်တဲ့ Open Society Instituteး) ကျနော့်မိန်းမကို စကောလားရှစ် မပေးလို့း)

တမ်းတနေမိတာက
ခွေး၂ကောင်ကို ခေါ်ပြီး သစ်ပင်အောက် သွားအိပ်မယ်။ စားစရာတွေ ဖတ်စရာတွေလည်း ယူသွားမယ်။ ကျနော့်မိန်းမလား၊ သူလည်း တီဗီ နည်းနည်း ကြည့်ပြီးရင် လိုက်လာမှာပေါ့။ သူက အယ်လ်ဂျာဇီးယား ကြိုက်တယ်။ ထိုင်း ဇာတ်လမ်းတွဲတွေ ကြိုက်တယ်။

ကြိတ်ပြီးချီးကျူးနေမိတာက
ဒါလည်း ကိုယ့်ကိုယ်ကိုယ်ပါပဲ။

ကြိတ်ပြီးအထင်သေးနေမိတာက
လူတွေ အတော်များများကိုပေါ့း)

ဆန္ဒမရှိတဲ့နေရာ
အင်းစိန်ထောင်။

ဆန္ဒရှိနေတဲ့ကိစ္စ
ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့နဲ့ မိတ်ဆွေများ ကိုယ့်ကိုယ်ကိုယ် သတ်သေကြရင် ကောင်းလေစွ။

မုန်းတီးနေမိတာက
မပြောဘူး။

ချစ်နေတာက
အတော်များတယ်ဗျ;)

စိတ်ပျက်နေမိတာက
တပ်မတော်ခေါင်းဆောင်များကို ;(

စွဲလန်းနေမိတာက
မိုဒယ်ဂဲလ်တွေ :D

လိုအပ်နေတာက
စာဖတ်ချိန် လိုတယ်၊ စာဖတ်ချိန် နည်းသည်ထက် နည်းလာတယ်း(

တောင်းနေမိတဲ့ဆု
လခတိုးပါစေ၊ များများ တိုးပါစေ၊ မြန်မြန် တိုးပါစေ၊ ဒီနေ့ပဲ တိုးပါစေး)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဟင် … ဘာလဲ၊ မအော်မိပါလား)

ဝန်ခံချင်တာက
ကျနော်ဟာ လူတွေထင်ထားတာထက် ပိုပြီး စမတ်ကျတယ်၊ တော်တယ်၊ ထက်မြက်တယ်၊ စိတ်သဘောထား ကောင်းမွန်တယ် ဆိုတာပါပဲး)

ဒါပါပဲခင်ဗျာ။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်တယ်ဆိုရင်လည်း ဖုန်းနံပတ်တွေ ရှိပါတယ်။ ပိုက်ဆံ တပြားမှ မကုန်ဘူး။

အရေးကြီးတာက ခင်ဗျားရဲ့ ကိုယ်ပိုင် တယ်လီဖုန်းနဲ့ ဆက်ဖို့ လိုတယ်။ အဖြေမရမချင်း အကြိမ်ကြိမ် ဆက်ဖို့ လိုတယ်။ မှတ်ထားနော်။

မြန်မာပြည်ကလူတွေ ဆက်သွယ်မေးမြန်းချင်ရင် နံပတ်က - ၁၉၉
အိန္ဒိယ - ၁၀၀
ထိုင်း - ၁၉၁
ဂျပန် - ၁၁၀
ကိုရီးယား - ၁၁၂ (ဒါပေါ့။ တောင်ကိုရီးယားပေါ့။)
အမေရိကန် ပြည်ထောင်စု - ၉၁၁
သြစီ - ၀၀၀
စင်္ကာပူ - ၉၉၉


Comments

Kay said…
ဒီတက်စာ ဖတ်ပြီး လတ်တလော တွေးမိသွားတာတော့..
ကိုဇာနည်တို့ အတော်ရက်စက်တာပဲ ..
( တိရိစ္ခန် အခွင့်အရေး ချိုးဖောက်တယ်)

မော်ဒယ်တွေ စိတ်ဝင်စားတာတော့..သိပါတယ်။ သတင်းမဟုတ်တာတွေ..သတင်းလုပ်လို့..ဒီသတင်းထောက်ကို မော်ဒယ် သတင်းထောက်ပဲ လုပ်စေချင်နေတာ..း((
အကျယ်ကြီး အော်ရီနေတယ်...း)))))))))
Anonymous said…
ဟိုတခါ ပတ်စ်ဝဒ် ဖတ်ရကတည်းက မော်လ်ဒယ်ဂဲတွေ
စွဲလမ်းနေတယ်ဆိုတာ ယုံကြည်သွားပါတယ်....

mie nge
tututha said…
ပေးထားတဲ့ ဖုန်းနံပတ်တွေက အရူးထောင် နံပတ်တွေတော့ မဟုတ်လောက်ပါဘူးနော် :P
သားလဲရေးထားတယ်ခင်ဗျ။အဲဒိလိုမျိုးလေ။ဟဲဟဲ
Moe Cho Thinn said…
ဆန္ဒရှိနေတဲ့ ကိစ္စ တကယ် အမှန် မုချ အခု ဖြစ်စေ...

Popular Posts