Oct 26, 2009

pandora's very serious Tag

(paa daa yaa က သိပ်ခေတ်မီတာပဲ၊ ကမ္ဘာပျက်တော့မယ်လို့  ပြောတယ်၊ Tag တယ်။ ဒီ Tag ကို လက်ခံ ရေးသားတယ် ဆိုကတည်းက ကမ္ဘာ ပျက်တော့မယ် ဆိုတာကို ကျနော် ယုံတယ်ဆိုတဲ့သဘော ပေါ့ဗျာ။ ဘယ်သူ့ကိုမှ ဆက်ပြီး မ tag တော့ပါဘူး။ တော်ကြာ ကမ္ဘာပျက်မယ့်အကြောင်း သတင်းရသွားပြီး စိတ်ညစ်နေလိမ့်မယ်။)

"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုပါတော့... တဲ့။

(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ဘုရားသခင်တွေနဲ့ အတူ ရှိရင် ကောင်းမယ်။ သူတို့ ကျနော့်ကို ကူညီနိုင်မယ် ထင်တယ်။

(၂)။ဘာတွေခံစားနေရမလဲ..

ကမ္ဘာသူ ကမ္ဘာသားတွေကို သနားမယ်။ ကိုယ်ချင်းစာမယ်။

(၃)။ ဘာတွေပြင်ဆင်ထားမလဲ..

ဘုရားသခင်တွေနဲ့ စကားပြောနည်း သင်မယ်။ ချက်နည်းပြုတ်နည်း နည်းနည်းပါးပါး ရတဲ့၊ စိတ်ရှည်သည်းခံတဲ့၊ သီချင်းဆိုဝါသနာပါတဲ့၊ နည်းနည်း ကတတ်တဲ့၊ သဘောထားကြီးပေမယ့် တခါတရံ စိတ်ကောက်တတ်တဲ့၊ ရယ်စရာ ပြောတတ်တဲ့ မော်ဒယ်ဂဲတချို့ကိုလည်း ဘုရားသခင်တွေနဲ့ စကားပြောနည်း သင်ဖို့ တိုက်တွန်းမယ်။

(၄)။ ၀မ်းနည်းမိမှာက

ကမ္ဘာပျက်လို့ကတော့ လူကြိုက်များ လူဖတ်များတဲ့ ZarnyWin.blogspot.com လည်း ပလုံပြီပေါ့၊ ၀မ်းနည်းစရာ။

(၅)။ ကြောက်လန့်မိတာက..

ဒုက္ခပါပဲ၊ ငါက ဘာသာရေး မကိုင်းရှိုင်းတော့ ဘုရားသခင်တွေ ငါ့ကို ကူညီပါ့မလား။ အင်း - ကူကြမှာပါလေ၊ ကူကြမှာပေါ့ သူတို့က ဘုရားသခင်တွေပဲ။

(၆)။ ဆောင်ထားချင်တာ..

ဘုရားသခင်တွေကို လာဘ်ထိုးဖို့ အဲ - လက်ဆောင်ပေးဖို့ ပစ္စည်းတချို့။

(၇)။ ဘာတွေရေးမိမလဲ..

ရှေ့လထဲမှာ အကုန် ပြန်ဆပ်မယ်၊ စိတ်ချပါလို့ အကြွေးရှင်တွေဆီ စာရေးလိုက်မယ်။

(ဂ)။ တွေးမိတွေးရာ အတွေ

ဘုရားသခင်တွေ ကျနော့်ကို ကယ်ချင်မှ ကယ်လိမ့်မယ်၊ ဒါပေမယ့် နတ်ပြည် နဲ့ ငရဲပြည် ကြိုက်ရာသွားဆိုရင် ငရဲပြည်သွားတာ ပိုကောင်းမယ်။ နတ်ပြည်မှာဆိုရင် နတ်သမီး တဖက် ၅၀၀ နဲ့ နေရမယ် တဲ့။ ဒီအင်အားနဲ့ဆို ကျုပ် သေရချည်ရဲ့။

(၉)။ ဂုဏ်ယူချင်တာက

စာဖတ်သူတွေနှစ်သက်တဲ့ ပေါက်ကရတွေကို ရေးဖြစ်ခဲ့တာ ဂုဏ်ယူစရာတွေထဲက တခုပေါ့။

(၁၀)။ ရှာကြံဖြေသိမ့်မိတာက

ငါတို့ လူသားတွေဖျက်လို့ ကမ္ဘာကြီးက ပျက်ခါနီးနေပြီ။ ဟူး - တော်ပါသေးရဲ့ - - ၊ တော်ပါသေးရဲ့၊ ကမ္ဘာကြီးက သူ့ကိုယ်သူ သတ်သေတော့မယ်တဲ့။

(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း
မာနကြီးတဲ့သူမဟုတ်လို့  ဥဒါန်းတွေ ကျူးမနေတော့ဘူး၊ ဘာသာပေါင်းစုံနဲ့ ဘုရားကန်တော့တာမျိုးကိုတော့ အသံကျယ်ကျယ်နဲ့ နေ့တိုင်း လုပ်မယ်။ အသံကျယ်ဖို့တော့လိုတယ် ဒါမှ ဘုရားသခင်တွေက ကျနော့်အသံကို ကြားမယ်။ အသံချဲ့စက်တော့ မသုံးချင်။ အဲဒီလောက်အထိ နားလေးကြမယ် မထင်ပါဘူး။ အသံကျယ်ကျယ်နဲ့ သို့ကလို တလလုံး လုပ်လိုက်ရင် ကိုယ့်ကို အထာထားမှာပဲ။ ဇာနည်ဝင်းက မဆိုးပါဘူးလို့ သူတို့အားလုံး ထင်သွားအောင် လုပ်ရမယ်း)

6 comments:

pandora said...

အောင်မယ်... ဘုရားသခင်တွေကို အားကိုးချင်တာကိုး။ ထစ်ကနဲရှိ အထက်လူကြီးတွေကို ပြေးပြေးကပ်တဲ့ အကျင့်တွေ မပျောက်သေးဘူး။ လာဘ်ထိုးတာကလည်း ပါသေးတယ်။

ကြွေးရှင်တွေကို စာရေးပြီးမှ ကမ္ဘာကြီး တကယ်မပျက်ရင် ဘာတွေဖြစ်သွားမလဲ မြင်ယောင်နေတယ် ဟဲဟဲ။

အောင်သာငယ် said...

အင်း... ဟုတ်ပါ့... ၀မ်းနည်းစရာ ကောင်းတာက ကိုဂျက်လီရဲ့ ဘလော့လေး ပလုံသွားမှာကို...း)
ဒါနဲ့ ဘုရားသခင်တွေက အများကြီးဟာကို...
အားလုံးနဲ့ တပြိုင်နက်ထဲ တွေ့ဖို့ ဖြစ်နိုင်ပါ့မလား...
အင်း... တချို့ ဆုတောင်းကြတာ ကြားဖူးတယ်...
ဘုရားပေါင်းစုံ ကယ်မပါ- ဆိုတာ...

မေငြိမ်း said...

အဲလိုတော့ လုပ်ပါနဲ့ကွယ်.. လာသာလာခဲ့ပါ..။ နတ်ပြည်မှာ Gender Balance ဖြစ်အောင် လုပ်ကြတာပေါ့..။ ဟိုမှာ ဘလော့ရေးကြမလေ..။ ဟာသဘလော့ ရှားရတဲ့အထဲ.. သူက ဈေးကိုင်နေပြန် ပါပြီ။ (ရောက်နှင့်နေတဲ့ နီကိုရဲက Welcome... ပါတဲ့)။

ကိုရင်နော်ခင်လေးငယ် said...

ငါတို့ လူသားတွေဖျက်လို့ ကမ္ဘာကြီးက ပျက်ခါနီးနေပြီ။ ဟူး - တော်ပါသေးရဲ့ - - ၊ တော်ပါသေးရဲ့၊ ကမ္ဘာကြီးက သူ့ကိုယ်သူ သတ်သေတော့မယ်တဲ့။..း))

အတွေးလေးတွေ လန်းမှလန်းပဲ..
ကြိုက်တယ်ဗျာ...

စကားမစပ် လင့်.. မယ်နော်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ကိုရင်နော်

အိန္ဒြာ said...

ရယ်ရယ်မောမော...
ကမ္ဘာပျက်ခါနီးလေး....

ကျေးဇူးတင်ပါတယ်

Moe Cho Thinn said...

ပန်ပန်ပြောတာ သဘောကျတယ်။ ဟုတ်ပါ့ ကိုဂျက်လီတို့များ တခုခုဆို အထက်က ဘုရားသခင် ဘုရားသခင် နဲ့ တယ်ကိုင်ပေါက်တာကိုး။ ပြီးတော့ မော်လ်ဒယ်ဂဲလ် တွေနဲ့လဲ လုံးလုံးထွေးထွေး နေချင်သေးသကိုး။ ;D