စားလိုက်ကြစို့ သူငယ်ချင်း
အရသာရှိတဲ့ ပို့စ်ကိုဖတ်မှ အရသာရှိမယ် မဟုတ်လား။
ကျွဲရောင်းလာကြတဲ့ လူကြီးမင်းများ အရသာရှိစေဖို့ စီစဉ်တင်ဆက်လိုက်ပါတယ် ဆိုပါရစေး)
ညာဘက်ထောင့်က ခွက်အဖြူ ၄ လုံးတွဲကတော့ ထိုင်းနိုင်ငံ ခေါက်ဆွဲဆိုင်တကာ စားပွဲပေါ်တင်ထားတတ်တဲ့ ရှာလကာရည်၊ ငရုပ်သီးရည်၊ ငရုပ်သီးမှုန့်၊ သကြား တို့ကို ထည့်ထားတာပါ။ ကျနော်ကတော့ အဲဒါတွေ ထည့်မစားပါဘူး။ ခေါက်ဆွဲနာမည်ကိုက Spicy fried noodles ဆိုတော့ စပ်ပြီးသား မဟုတ်လား။
ကျနော့်ရှေ့က ကချင်ကြီးကလည်း ဒီခေါက်ဆွဲပဲ စားတာပါ။ (တကယ်တော့ သူမှာတဲ့ခေါက်ဆွဲမျိုး ကျနော် လိုက်မှာတာ။ ချက်တဲ့သူ သက်သာအောင်လို့။ ပြီးတော့ ဘာမှာရမှန်း မသိလို့။ ဗိုက်လည်း ဆာနေဘီ။) အဲဒီဆရာကတော့ ငရုပ်သီးမှုန့် ထပ်ထည့်သဗျ။ အစပ်တည့်ပုံရတယ်။ စပ်တဲ့အရသာနဲ့ တည့်ပုံရတယ်း)
နေရာကတော့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က စားသောက်ဆိုင်။ ချောင်းဘေးက ဆိုင်။ တာချီလိတ်-မယ်ဆိုင် တံတားနဲ့ ကပ်လျက်ဆိုင်။
တာချီလိတ်ဟာ အဲဒီဆိုင်ကနေ ၀ါးတရိုက်ပဲ ဝေးတယ်။
တာချီလိတ်ဘက်ကမ်း တံတားဘေးမှာတော့ ကြော်ငြာဘုတ်တွေ ထိုးထိုးထောင်ထောင်။
အဲဒီဘုတ်တွေထဲက ရွှေပြည်နန်း ကြော်ငြာမှာ သနပ်ခါးနဲ့အမျိုးသမီးက ချစ်စရာ။
ချစ်စရာ ဆိုတာ သူ့နာမည် ဟုတ်ဟန် မတူပါဘူး။ ပါးကွက်နဲ့မို့ ချစ်စရာကောင်းတယ်လို့ ပြောတာပါ။ သူ့ကို အနီးကပ် စောင့်ကြည့်နေသူက နေတိုး ဖြစ်မယ်။ မနာလိုစရာ ကောင်းလိုက်တား(
သနပ်ခါးကြော်ငြာနဲ့ အတူ တွေ့ရတာတခုက ဆပ်ပြာကြော်ငြာဗျ။ အဲသမှာ ရေးထားတာ ဇိမ်ခံဆပ်ပြာ ဆိုပါလား အရပ်ကတို့ရေ။ ဇိမ်ခံချင်သူတွေ ၀ယ်သုံးနိုင်ကြဖို့ လက်တို့လိုက်ပါတယ်း) ဇိမ်ခံကား၊ ဇိမ်ခံဟိုတယ်တို့ထက် ဇိမ်ခံဆပ်ပြာက အကုန်အကျ သက်သာမှာ အသေအချာပါပဲ။ ဘာဇိမ်တွေ ထွက်လာမလဲတော့ မသိဘူး။ :D
11 comments:
အဲဒီဆိုင်မှာပဲ ထမင်းကြော် ကြက်ဥကြော် နဲ့ စားဖူးတယ်။ စပ်တယ်။ :)
ရတနာပုံတယ်လီပို့ရဲ့ ပြင်ဆင်မှုပြီးမှဘဲပုံတွေကြည့်ရတော့တယ်။လာပီးသရေ
ယိုသွားပါတယ်။း)
သိတယ်မဟုတ်လား။ အစပ်မကြိုက်ဘူးလေ။ လုံးဝ သွားရည်မကျ။ အဲဒီထက်ဆိုးတာက ယိုးဒယား သူငယ်ချင်းတွေငိုချင်အောင်ကို ယိုးဒယားစာ ကိုယ်က မကြိုက်။ သူတို့အစားအသောက်ထဲမှာ ကိုယ်စားလို့ရတာ ငြုတ်သီး လျှော့ထားတဲ့ သဘောင်္သီးထောင်း၊ ၀က်ဂုတ်သားကင်နဲ့ ကပ်စေးစေးမနေတဲ့ ထမင်းဖြူ တစ်ပွဲတွဲပြီးစားရတာ။ ပြီးရင် သကြားမပါတဲ့ ဖရဲသီးဖျော်ရည်အေးတစ်ခွက် နဲ့ အဆုံးသတ်ပေါ့။ ကိုင်း ကိုဇာနည်လေး အကြိုက်ချင်းက ဒီလိုမတူပါလားနော့။ ခက်ပါ့။
Post a Comment