Apr 23, 2010

photos from news agencies

ဝါးချွန်နဲ့ သံဃာ။ ဘန်ကောက်စစ်မြေပြင်မှာ သို့ကလို ဖြစ်နေပြီ။ အစိုးရဆန့်ကျင်သူတွေက နေ့တိုင်း ဆန္ဒပြနေတာ ဖြိုခွဲရင် ခုခံမယ် ဆိုပြီး ဒီလို အသင့်ပြင်ထားကြတော့တာပဲ။ ပွဲကတော့သိပ်ကြမ်းနေတယ်။ မနေ့ညက စီလုံ ၀န်းကျင်မှာ ဗုံးတွေကွဲတယ်။ လူ ၃ ဦး သေတယ်၊ ၇၅ ဦး ဒဏ်ရာ ရသတဲ့ တီဗီသတင်းတွေက ဆိုတယ်။ဒီမနက် ဗုံးကွဲတဲ့နေရာသွားပြီး လွမ်းဆွေးသူတွေ ရှိတယ်။ ပုံထဲက အမျိုးသမီးက အနက်ရောင် ၀တ်စုံနဲ့။
ဗုံးကွဲပြီး နောက်ပိုင်း ဒဏ်ရာရသူတွေကို စစ်သားတွေက သယ်ထုတ်တယ်။ ပုံမှာ ပါတဲ့ ထမ်းစင်ပေါ်က ဒဏ်ရာရသူက အစိုးရ ထောက်ခံသူပါ။
ဆန္ဒပြတာက ၂ ပိုင်းကွဲနေတယ်။ သိတဲ့အတိုင်းပဲ။ အစိုးရထောက်ခံသူ ရှိသလို ဆန့်ကျင်သူလည်း ရှိတယ်။ ဆန့်ကျင်သူက အနီရောင်ဝတ်ကြတယ်။

ဒါက ဒီနေ့ မြင်ကွင်း။ ဆန့်ကျင်သူများက သူတို့ ဆန္ဒပြတဲ့နေရာကို ကားတာယာတွေ ပုံထားပြီး ၀ါးချွန်တွေ ထောင်ထားတယ်။ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတာ။
ဆိုခဲ့တဲ့အတိုင်း စီးလုံနား ဗုံးကွဲတယ်။ ဘယ်သူ့လက်ချက်မှန်း မသိဘူး။ ဗုံးကွဲပြီး အစိုးရထောက်ခံသူ နဲ့ ကန့်ကွက်သူ နှစ်ဘက် ပဋိပက္ခ ထဖြစ်တော့ ဆော်ကြနှက်ကြတယ်။ ဓာတ်ပုံဆရာတွေ ထွက်ပြေးရတယ်။
အစိုးရထောက်ခံသူတယောက်ကို ဖမ်းလာတဲ့ပုံ။ အနီတွေကိုတော့ ဖမ်းရင်လည်း ဖမ်းလိမ့်မယ်။ ဒါမှမဟုတ် အနီကို ကြောက်လို့ ၊ အနီက အုပ်စုတောင့်လို့၊ မဖမ်းတာလည်း ဖြစ်နိုင်တယ်။

အပေါ်ကပုံမှာ ပါတဲ့ ဆန္ဒပြသူ ဖြစ်နိုင်တယ်။ ဘယ်ပုံကို အရင် ရိုက်မှန်း မသိ။
ဗုံးထိတဲ့ အစိုးရထောက်ခံသူ တယောက်ကို ၀ိုင်းကြည့်နေကြတဲ့ပုံ။ နောက်ထပ် ဘာတွေ ဆက်ဖြစ်လဲ မသိရ။

ဟောဒီ ဒဏ်ရာရသူက Ben Rown of Australia ဆိုပဲ။ တီဗီမှာလည်း ညက တွေ့လိုက်ရ။
ဒါက အနီရောင်ဝတ်တွေနဲ့ အာဏာပိုင်တို့ ရင်ဆိုင်နေတဲ့ပုံ။ ဘာတွေ ဆက်ဖြစ်မယ် မသိ။
ထိပ်တိုက်တွေ့နေတာ ကြာပြီ။ ပွဲက မပြီးနိုင်သေး။ ရာသီဥတုက သိပ်ပူ။
စိတ်ညစ်စရာကြား ရယ်စရာ ပြောရရင် - ဟိုတလောက အနီဝတ်တွေနဲ့ ထိုင်းစစ်သားတွေ ထိပ်တိုက်တွေ့ ချကြဆော်ကြတာ သေသူသေ၊ ဒဏ်ရာ ရသူရ။ ဒဏ်ရာရသူ ၈၀၀ ကျော်ကို ဆေးရုံ တင်လိုက်တယ်။ သက်သာလို့ ဆင်းသွားတာ အနီဝတ်တွေ များတယ်။ ဒဏ်ရာကြီးလို့ ကျန်ခဲ့တာကတော့ စစ်သားတွေ များတယ် ဆိုပဲ။ ရှေးတုန်းက ထိုင်းမြန်မာ စစ်တိုက်တာ ထိုင်းစစ်သားတွေ ရှုံးတယ်။ ရှုံးမှာပေါ့၊ ဘန်ကောက်မှာ အခု ကြည့်ပါလား၊ ဆန္ဒပြသူနဲ့ချတာတောင် စစ်သားတွေ ရှုံးသေးတာပဲ။ မြန်မာစစ်သည်တွေက ထိုင်းစစ်သည်တွေကို အယုဒ္ဓယမှာ ဇင်းမယ်မှာ အလွယ်တကူ နိုင်ခဲ့မယ် ထင်တာပဲ။
အနီဝတ် ဆန္ဒပြသူတွေက ရဲတွေကို ရေတိုက်နေတဲ့ပုံ။ ဒီမနက် စောစော။ ဖားတာတော့ မဖြစ်နိုင်ဘူး။ သူတို့ သောက်ဂရုမှ မစိုက်တာ ဒီကြွက်တွေကို။ ဘာတွေ ဆက်ဖြစ်မလဲ စိတ်ဝင်စားစရာ။
ပစ်ခတ်ကြလို့ သွေးချောင်းထပ်စီးမလား၊ ဒိုင်ယာလော့ လုပ်မလား၊ စစ်တပ်အာဏာသိမ်းမလား၊ ဒီလိုပဲ ပွဲဆက်ရှည်ဦးမလား - - -း(

1 comment:

Kay Irrawaddy said...

သူတို့ကိုတွေ့ရတော့၊ ငယ်တုံးက ကြားခဲ့ဘူးတဲ့ သန့်ရှင်း (အ၀ါရောင်-နု-တင် ဦးဆောင်) နဲ့ တည်မြဲ (အနီရောင် -ဆွေ-ငြိမ်း ဦးဆောင်) နှစ်ပါတီ ယှဉ်ပြိုင်ခဲ့ကြတာ ပြန်ပြောင်း သတိရစရာ။ သည်တုံး ကလဲ သိတ်မကြာပါဘူး၊ စစ်တပ်ကအာဏာသိမ်းရော။ ယိုးဒယားနဲ့ ကွာတာက သူတို့က အဲ...ပလ္လင်ပေါ်က မျောက်လို ဆင်းတက်လို့ပြေး တော့မဟုတ်၊ ဘာမှမမြဲဘူးဆိုတဲ့ ဘုရားဟော ကို ဆန့်ကျင် နေပါရောလား၊ ငိုချင်စရာ။