May 27, 2010

some strange names


နာမည်
ဒီနေ့ သတင်းစာဖတ်တော့ ထူးခြားတဲ့ နာမည်တွေကို တွေ့ရတယ်။ ကြော်ငြာတွေမှာပါ။
မျက်ခြယ်မောင်မောင်၊ ဆန်းထူးမိုး၊ မိုးဆန်းထွေး တဲ့။ နာမည်တွေ ထူးလှချည်လားဆိုပြီး မေးစမ်းဖို့ စိတ်မကူးကြလေနဲ့။
စုံစမ်းမေးမြန်းခြင်း သည်းခံပါ လို့ ဆိုထားတယ်။ ဒီလူတွေဟာ အသက် ၂၀ ကျော် ၃၀ ကျော်တွေ ရှိပြီလို့ ခန့်မှန်းနိုင်တယ်။

ကဲ - ခင်ဗျားရဲ့ ကလေးကို နာမည် ဘယ်လို ပေးမလဲ။ သို့ကလို ခပ်ဆန်းဆန်းတွေ ပေးမလား။
နာမည်တွေဟာ
၁။ နေ့သင့် နံသင့် ဖြစ်ရမယ် (ရိုးရာကို မပယ်ကောင်းဘူးမဟုတ်လား)
၂။ တိုရမယ် (ဇာနည်ဝင်း ဆိုတာတောင် ရှည်နေသေးတယ်။ ဆိုင်းထိုးရ ခက်တယ်း)
၃။ မရိုးလွန်း မဆန်းလွန်း ဖြစ်ရမယ် (ရိုးလွန်းရင်လည်း ကိုယ့်ကလေးက အပြောင်ခံရနိုင်၊ ဆန်းလွန်းရင်လည်း အလှောင်ခံရနိုင်၊ မြန်မာပြည်မှာက ဟာသ သမားတွေ ပေါပါဘိသနဲ့)


ဘာကြောင့် ကြော်ငြာကြသလဲ
တခြားနိုင်ငံ သတင်းစာတွေမှာ လင်မယား ကွာရှင်းတာ၊ သား အဖြစ် သမီးအဖြစ် စွန့်လွှတ်တာတွေ ကြော်ငြာ ထည့်မှ ထည့်ကြရဲ့လား။

စေ့စပ်တာ၊ လက်ထပ်တာ၊ သေဆုံးတာတွေ အကြောင်းတော့ မြန်မာပြည်မှာလိုပဲ ထည့်ကြတာ တွေ့ဖူးတယ်။ အင်း - အင်္ဂလိပ် သတင်းစာတွေ ဖတ်ရင် ကြော်ငြာတွေ ကြည့်ဦးမှပဲ။
တော်သေးပြီ။

3 comments:

Angel said...

ကိုယ့်နာမည်ဆို သာခက်သေး။ နေ့သင့်တာတွေဘာတွေ မသိဘူး၊ မှတ်ပုံတင် လုပ်တော့ အိမ်ကပေးတဲ့ ဗိုလ်နာမည် မကြိုက်လို့ ဘေးက သူငယ်ချင်းပေးတာကို အပိုတစ်လုံးထည့် လိုက်တာ။ ခေါ်ရခက် ထောင့်နေတဲ့ နာမည်ဖြစ်သွား တယ်။ ကိုယ့်သားအလှည့်ကျတော့ ဘာရမလဲ လွယ်တယ်ထင်တာလေး ပေးလိုက်တာ မောင်ဖိုးနည် ဖြစ်သွားရော။ ဟဲဟဲ......း)

ကြော်ငြာတွေကတော့ ကိုယ့်အတွက် အကုန်ဟာသဘဲ။ တော်တော်ဘဲအားနေကြတယ်လို့ ယူဆထားတယ်။ အင်း..ဆိုသာဆိုရ၊ ကိုယ့်ကိုများ တခုတ်တရ ကြော်ငြာ ထည့်မဲ့ပေးမဲ့သူမရှိပေါင်။း(

Angel said...

အလိုလေး..ခုမှစဉ်းစားမိတယ်..ကလေးယူတော့မလို့ လား။ ဟဲဟဲ..ဒါဆိုရင်တော့ ဖေဖေ ဇာနည်ဝင်း က လက်ရှောင်ထား ဇာနည့်မေမေ က နာမည်ရွေးပြီးသား။ အထီးလေး ဆိုရင် ဂျူနီယာဇာနည် အမ လေး ဆိုရင် သ္မီးဇာနည် တဲ့။ နေ့နံသင့်တာတွေ နားမလည်ဘူး၊ ကိုယ့်သားနာမည် အဓွန့်ရှည်ရေး ဇာနည့်မေမေ အရေး ပေါ့။ဟား..ဟား..ဟား...

မင်းဒင် said...

ယုန်မရခင် သံပုရာ ရှာပလေ ကိုရင်ရယ် ။

ခင်လျက်

မင်းဒင်