Jun 6, 2010

Daw Suu in Jap restaurant


ယူအက်စ် ရောက်နေတယ်။ ကျနော် အချိန်ပိုင်း အလုပ်လုပ်တဲ့ ဂျပန် စားသောက်ဆိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ချိတ်ထားတယ်။ ပန်းချီဆရာကြီး ခင်မောင်ရင်ရဲ့ လက်ရာ။

ပန်းချီကားအောက်မှာ စာတန်း နည်းနည်း ထိုးရဦးမယ်။ ပန်းချီကား အမည်၊ ပန်းချီဆရာ အမည် စသဖြင့်ပေါ့။ ပြီးတော့ နာမည် မကြီးတဲ့ မြန်မာပန်းချီဆရာတယောက်ရဲ့ လက်ရာတွေလည်း ရှိတယ်။ အဲဒီမှာလည်း စာတန်း ကပ်ပေးရဦးမယ်။ ဒါမှ စိတ်ဝင်စားသူတွေ သိချင်တာကို အထောက်အကူဖြစ်မယ်။

ဂျပန်ဆိုင် ဆိုတော့ ဂျပန်အရက် (ဆာကေး) မျိုးစုံ ရောင်းတယ်။ ဒီပုံက စားပွဲထိုးတယောက် ရိုက်ထားတာ။ သူက ပုလင်းတွေနဲ့ နံရံကပ် မီးလုံးကို ဦးစားပေး ရိုက်လိုက်ပုံ ရတယ်။ ဒေါ်စုပုံက သိပ် မထင်ရှား။ တချိန်တချိန် ကင်မရာ အဆင်ပြေတဲ့အခါ ပုံကို တည့်တည့် ရိုက်ဦးမှပါပဲ။

ခင်မောင်ရင်က ဒေါ်စုပုံတွေ ဆွဲထားတာ မနည်းဘူး။ ရောင်းကောင်းလို့ ဆွဲတာ တဲ့။ ခင်မောင်ရင် ဆွဲလို့ အရောင်းသွက်တာလည်း ဖြစ်နိုင်တယ်။

ဂျပန်ဆိုင်နဲ့ မြန်မာပန်းချီကားနဲ့ သိပ်တော့ မဆိုင်ဘူး။ အစွဲအလန်း မကြီးတဲ့ဆိုင်မို့ ဒီပန်းချီကားတွေ ချိတ်ထားတာပေါ့း)

စကားမစပ် - ပုံမှာ မြင်ရတဲ့ ဆာကေးတွေက ဈေး မသေးဘူး။ ဆိုင်လာစားသူများက ဘီယာ ၀ိုင် တို့ပဲ အသောက် များတယ်။ ဆာကေးပုလင်းလေးတွေက ချစ်စရာမို့ သောက်ချင်စရာ။ မြန်မာပြည်က ဆန်အရက်နဲ့ သိပ်မကွာဘူး ထင်တာပဲ။

ဂျပန်အရက် ဆိုပေမယ့် ယူအက်စ်မှာ ချက်ပြီး ယူအက်စ်မှာပဲ ပုလင်းသွပ်ပါတယ်။

တော်သေးပြီ။ ရေးတာကလည်း ဟိုမရောက် ဒီမရောက်။


2 comments:

kay said...

ဟိုမရောက်ဒီမရောက်ရေးထားတဲ့ တောင်မရောက်မြောက်မရောက် စာလေးတစ်ပုဒ်ကို တောင်မသိမြောက်မသိ မှတ်ချက်လေးရေးမိပြီထင်ပါရဲ့။ ယောင်တိယောင်ကန်းနဲ့လေ။ :D

Angel said...

ဂျပန်ဆိုင်နဲ့ မြန်မာပန်းချီကားနဲ့ သိပ်တော့ မဆိုင်ဘူး။ အစွဲအလန်း မကြီးတဲ့ဆိုင်မို့ ဒီပန်းချီကားတွေ ချိတ်ထားတာပေါ့း)

ဘာကိုအစွဲအလန်းမကြီးတာလဲဟင်၊ ကိုယ်ကဝေးတယ်လေ။ ပြောပြ။ ;)