နောက်ဆုံးအကြိမ် စိတ်သဘောထား တိုက်ဆိုင်ခြင်း

ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာ ထုံးစံအတိုင်း သတင်းထူး မပါပါဘူး။ ကြော်ငြာတခု ထူးတယ် ထင်ရလို့ ဖြတ်တောက်ပြီး တင်လိုက်ပါတယ်း)
ကွာရှင်းပြတ်စဲခြင်း ကြော်ငြာပါ။ ဒီဇနီးမောင်နှံဖြစ်ခဲ့သူ ၂ ဦးနဲ့ ကျနော်နဲ့ မသိကြပါဘူး။ သိရင်တော့ ဘယ်တင်ချင်ပါ့မလဲဗျာ စိတ်မကောင်းစရာ ဖြစ်ရပ်တွေ ဆိုတော့။ မသိလို့ မျက်နှာမပူဘဲ တင်လိုက်ပါတယ်။
သူတို့၂ယောက် စိတ်သဘောထား တိုက်ဆိုင်လို့ ကွာရှင်းတယ် တဲ့။ ဒီပို့စ်ကို ခေါင်းစဉ်တပ်ထားသလိုပါပဲ။ မောင်နှံ၂ဖော် နောက်ဆုံးအကြိမ် စိတ်သဘောထား တိုက်ဆိုင်သွားတာပေါ့။ ရိုးရာကိုလည်း ထိန်းထားတယ်။ အမျိုးသားအမည်ကို အရင်ဆုံး ထည့်တယ်။
(အနောက်တိုင်းသားတွေရဲ့ မင်္ဂလာဆောင် ဖိတ်စာတွေမှာတော့ အမျိုးသမီးအမည် အရင် ရေးကြတယ်။ ကွာရှင်းတဲ့အခါ ဘယ်နာမည် အရင်ရေးသလဲ မသိပါ)
အဲဒီကြော်ငြာ အပေါ်မှာတော့ passport ပျောက်သူရဲ့ ကြော်ငြာ ပါလာတယ်။ ရုံးလုပ်ထုံးလုပ်နည်းအရ ကြော်ငြာ ထည့်ရတယ် ထင်တာပဲ။ ဒီကြော်ငြာကို ပြပြီး အသစ် ထပ်လျှောက်မယ်ပေါ့။ သတင်းစာတိုက်တွေ ပွတာပဲ။
ဘေးမှာ ရှိတဲ့ သတင်းတိုက ပျင်းစရာ။ တချက်တည်း ကျင်းဝင် ဆိုတာလေ။ နာမည်ကြီးတဲ့သူဆိုရင်တော့ သတင်းထူးပေါ့။ သာမန်ဂေါက်သမား ကြက်ကန်းဆန်အိုးတိုးတာမျိုးက ရပ်ကွက်အဆင့်သတင်းစာတွေမှာပဲ ထည့်သင့်တယ်။
ဒီနေ့ အင်တာနက်သုံးရင်း [တကယ်တော့ နေ့တိုင်း သုံးပါတယ်] တွေ့တာက သဲနော်ဇာရဲ့ သတင်းလေး။ ပုံကို ဖြတ်ထည့်လိုက်ဦးမယ် လာလေ့း)

ဖတ်ချင်ရင် http://www.people.com.mm/article.cfm?id=12769&parent=12765&sec=14 မှာ ဖတ်နိုင်။ အင်တာနက် မြန်မှ ဖြစ်မယ်။ ဒီဆိုက်က ပုံတွေကိုပဲသုံးထားတာ။ ဇော်ဂျီဝမ်း မသုံး။
တော်သေးပြီ။
5 comments:
သဲနော်ဇာဆိုတာ ဘယ်သူလဲ။
ဒီကောင်မလေးက ရန်ကုန်အခြေစိုက် myanmar people (မြန်မာပြည်သား)မဂ~ဇင်းက လုပ်တဲ့ မယ်ပြိုင်ပွဲမှာ အနိုင်ရသူ တယောက်ဗျာ။
ကျနော်နဲ့ တော့ မသိပါဘူး)
ဘယ်တုန်းက အရွေးခံရတာလည်း မသိဘူး။
အင်း - ကျနော့်မှာက မသိတာတွေ သိပ်များတာပဲ မမခင်ဦးမေ။
ဘာမှန်းကိုမသိအောင်ရေးထားတော့ သေသေချာချာဖတ်ရတာပေါ့။ ဖတ်စေချင်လို့တစ်မင်လုပ် တာဆိုရင်တော့ တတ်လဲတတ်နိုင်တဲ့မောင်လို့ ပြောင်ရမတတ်ဘဲ။ ဘယ်မှာလဲသဘောချင်းတိုက်ဆိုင်တာ၊ မပါပေါင်။ မတိုက်ဆိုင်ဘူးလို့ဘဲ ရေးထားတာပါ။ အတော်နောက်တာပါလား ကိုယ့်လူရာ။
အမေကြီးကလည်း)
ခေါင်းစဉ်ကိုက နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း လေဗျာ။း)
နှစ်ဦး သဘောတူ တဲ့း)
ဒီဖြစ်ရပ်မှာ သဘောထားချင်း တိုက်ဆိုင်တယ် ဆိုတဲ့ သဘောပေါ့
ရှုပ်အောင် ရေးမိသလို ဖြစ်သွားရင်တော့ ဆောဒီး)
ပုံ
ဘလော့ ပိုင်ရှင်
Golfer တစ်ယောက်ဟာ သူ့ရဲ့ ဂေါက်ရိုက်တဲ့ သက်တမ်းတစ်လျှောက်မှာ "Hole In One" ဆိုတာကို အရူးအမူးမျှော်လင့်ကြတယ်။ ဒါပေမယ့် ဂေါက်ရိုက်သက်တမ်း နှစ် 30/40 ရှိတာတောင်မှ "Hole In One" ရချင်မှ ရကြတယ်။ ဘာလို့လည်း ဆိုတော့ ရနိုင်ဖို့ မလွယ်ဘူးလေ။ တိုက်ဂါးဝုဒ်၊ မက်အီရွိုင်း၊ ဗီဂျေစင်းတို့တောင်မှ ပွဲ 500 ရိုက်တာတောင် "Hole In One" ရဖို့ မလွယ်ဘူး။ "Hole In One" ဆိုတာဟာ ကြက်ကန်းဆန်အိုး တိုးတာမဟုတ်ဘူး။ Lucky ရှိမှ ဖြစ်တာ။ ကျွန်တော် ပြောတာ မယုံရင် ကိုက် 160 ရှိတဲ့ Shot Hole ကျင်းမှာ Golfer တစ်ယောက်ကို ဂေါက်သီး အလုံး 200 နဲ့ ရိုက်ကြည့်ခိုင်းကြည့်။ ၁ လုံးမှ မ၀င်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ ကိုက် 160 ကြားထဲမှာ ရေကန်က ကိုက် 130 ရှိမယ်လေ။ အဲဒီကမှ ကျင်း သေးသေးလေးထဲကို လှမ်းရိုက်ရတာ။ စဉ်းစားကြည့်ပေါ့။ အဲဒါကြောင့် "Hole In One" ကို ရပ်ကွက်ကထုတ်တဲ့ သတင်းစာထဲကို ထည့်ဖို့ ပြောတဲ့သူဟာ ဂေါက်သီးအကြောင်း(ဒါမှမဟုတ်) ဂေါက်သီးမရိုက်ဖူးတဲ့ လူပဲဖြစ်ရမယ်။
Post a Comment