Jun 29, 2010

Pan - Pan pan Pant pan ----- Pan Theeeee ;)


Gtalk မှာ အပြောခံရတယ်၊ မင်္ဂလာဆောင် တခုမှာ ကျနော် အစားသောင်းကျန်းနေတဲ့ ဓာတ်ပုံ တွေ့ထားတယ် ဆိုပဲး(

မင်္ဂလာဆောင်မှာ သွားထိုင်တာ အလုပ်မှ မရှိတာ စားရမှာပေါ့း)

အဲ - အလုပ်မရှိကြမှာ စိုးလို့ ထင်ပါရဲ့ သတို့သား သတို့သမီးက အလုပ်တွေ စီစဉ်ပေးပါတယ်။
ကာရာအိုကေစက် ဆင်ထားပေးတယ်၊ စုတ်တံ နဲ့ ဆေးရောင်စုံတွေကို စားပွဲတလုံးပေါ် တင်ထားပေးတယ်။

ကာရာအိုကေတော့ မဆိုဖြစ်ပါဘူး။ ဆိုလိုက်လို့  သိပ်ကြိုက်သွားကြရင် ပွဲတောင်းနေမှာ စိုးရတယ်လေ။
ဒါနဲ့ စုတ်တံ နဲ့ ဆေးရောင်စုံတွေပဲ ကိုင်ဖြစ်တယ်။ ဘယ်မှာ ဆွဲရသလဲ ဆိုတော့ ကျောက်တုံးပြားပြားလေးတွေပေါ်မှာ ဆွဲရတယ်။
၂ ပုံလောက် ဆွဲပေးလိုက်တယ်။

ကြိုက်တဲ့ပုံကို ကြိုက်တဲ့အရောင်သုံးပြီး ဆွဲရုံသာ။ ကိုယ်အားသန်တာက အရိုးခေါင်းပုံတို့ ဘာတို့လေ။ ဒါပေမယ့်
မင်္ဂလာဆောင် ဆိုတော့ အဲဒီပုံတွေက ဟန်မကျသေးဘူး) သူတို့က အမှတ်တရ သိမ်းထားမယ်လို့ ပြောတာကိုး)

ဒါနဲ့ပဲ ပန်းသီးပုံတို့ အသည်းပုံတို့ပဲ ဆွဲပေးလိုက်တယ်။
အပေါ်က ရဲရဲတောက် ပုံကတော့ မဆွဲဖြစ်လိုက်တဲ့ပုံပေါ့။

မင်္ဂလာဆောင်က ပြန်တဲ့အခါ ကိုယ်လိုက်မယ့် မော်တော်ကားက ထွက်တော့မှာ ဆိုတော့ အဲဒီပုံကို မဆွဲပေးလိုက်ရဘူး။ ကားပေါ် ပြေးတက်ရတယ်။ ဟုတ်ကဲ့ - မင်္ဂလာဆောင်က မြို့ပြင်က Resort တခုမှာ ဆိုတော့ ဆိုင်ကယ်နဲ့ သွားလို့ မရ။ ကားတွေ စီစဉ်ပေးထားတယ်။ သူငယ်ချင်းတွေ စုဝေးပြီး သွားလာရတယ်။

အင်း - အခု စင်္ကာပူကနေ အဲဒီပွဲအကြောင်း Gtalk သုံးပြီး လှမ်းနောက်ပြောင်တဲ့အတွက် မဆွဲလိုက်ရတဲ့ပုံကို ဆွဲတင်လိုက်ပါတယ်။ ကွန်ပျူတာတွေမှာ ပါတတ်တဲ့ Paint ဆိုတဲ့ ဟာနဲ့ ဆွဲတယ်။ ကြိုးတန်းလန်းနဲ့ မောက်စ် က စုတ်တံပေါ့ဗျား)

ကဲ - အဲဒီပုံလေး မလန်းဘူးလား။ သတို့သားက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးသူ ဆိုတော့ ဒီပုံလေးက သင့်တော်ပါတယ်လေ

း)

တော်သေးပြီ။

3 comments:

ကေ said...

ဟော..အစားပုပ်တာ သူဝန်ခံသွားပါပြီကော။ ကြည့်လိုက် သူ့ဘလော့ထဲမှာ စားစရာနဲ့ ပတ်သက်တာတွေက အမှတ်ထင်ထင်ဘဲ မို့လား။
ကဲ..ပန်းချီကျတော့ရောတဲ့ ဆွဲထားတာများ ခွတ်ဒေါင်းနဲ့တော့ မတူဘူးနော်၊ ချွတ်နင်းသွားနေတဲ့ ဒေါင်းနဲ့တူနေတော့..အင်း..ခွတ်ဒေါင်းမဟုတ်..ချွတ်ဒေါင်း ဖြစ်နေပါရောလား။ ဘယ်မှာလန်းမှာတုံးနော်။
ဖစ်မှဖစ်ရလေ ကိုဇာနည်လေး။ အော်..ဒါနဲ့..စိတ်ဆိုးစူပုပ်နေတဲ့ မျက်နှာ ဆိုတာမလှဘူးလို့..ပြောကြတယ်၊ ဟဲဟဲဟဲ။

pandora said...

စားဖို့ပဲ တွေးနေတာကိုး။း)

ခွပ်ဒေါင်းကို အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲမယ်။:P

ကေ said...

အလိုလေး အီစကို စာလုံးပေါင်းမှားနေလား။ ခွပ်ကအမှန်ဆိုရင် ချွတ်ကရော မှန်ရဲ့လား အရပ်ကရို့၊ တော်ကြာ တို့ ကိုဇာနည် အချွတ်ခံနေဦးမယ်။ Pandora ရေ ကူပါဦး။ ဟီးဟီးဟီး...