Aug 26, 2010

my new blog in Eng

အချိန်ဆင်းရဲလွန်းတဲ့ ကြားထဲက
http://amigo-zarny.blogspot.com
ဆိုတဲ့ နာမည်နဲ့ ဘလော့ တခု လုပ်ထားသဗျ။

အချိန်ပိုင်း အလုပ် ၂ခု ဖြစ်တဲ့ စားသောက်ဆိုင် နဲ့ ကုန်စုံဆိုင်က မြန်မာလို မဖတ်နိုင်သူ မိတ်ဆွေများအတွက်ပါ

amigo အမီးဂို ဆိုတာ သူငယ်ချင်း တဲ့။ စပိန် စကား။ ဒါနဲ့ လိပ်စာမှာလည်း အမီးဂို ထည့်လိုက်တာ။

အင်္ဂလိပ်လို ရေးကြတဲ့ မြန်မာပြည်သား ဘလော်ဂါများရဲ့ ဘလော့လင့်တွေကိုလည်း တင်ထားလိုက်တယ် ကိုယ်နဲ့တော့ လိုင်း မတူပေမယ့် တင်ရမှာပေါ့လေ။

ပထမဆုံး ပို့စ်က နန်းဆုရတီစိုးပုံပါပဲ။ ဘာရယ်လို့ မဟုတ်ပါဘူး။ အင်တာနက်သုံးနေတုန်း တွေ့တဲ့ပုံတွေထဲက နှစ်သက်စရာမို့ တင်လိုက်တာပါ။

အခု ဘလော့ကို တလ သုံးလေးကြိမ်လောက်ပဲ တင်ဖြစ်တယ်။ အင်္ဂလိပ်ဘလော့ကိုတော့ များများ တင်ဖြစ်မယ် ထင်တယ်း) ဘိုလို ကျွမ်းလို့တော့ မဟုတ်ပါ။ မြန်မာဘလော့မှာ ရှိတဲ့ ပုံတွေကို ကော်ပီကူးပြီး စာ တလုံးနှစ်လုံးပဲ ရေးပြီး တင်မှာမို့ပါ။

တော်သေးပြီ
း)

2 comments:

Anonymous said...

မအားရာ ယားလှာတယ် လို့ပြောရမတတ်ပါဘဲလား ကိုဇာနည်ရယ်။ ဘိုလိုကဘာသာပြန်ရဦးမယ်။ ဒီပုဂ္ဂိုလ်လေးနဲ့တော့ ခက်ပြီကော။
ကေ ဧရာဝတီ

Moe Cho Thinn said...

မင်းသမီးတွေချည်း သူ နှစ်သက်တယ်။ :P