Mar 10, 2011

ဆောင်းရယ် နှင်းရယ် နယ်မြေသစ်ရယ်

အရင်တပတ်က ရိုက်ထားတဲ့ ပုံတချို့။

 
နှင်းကျကျ နေပူပူ အမြဲပျော်သူတွေကတော့ သူတို့ပါပဲ။

 
မိုးရွာနေရာကနေ နှင်းကျလိုက်တော့ အအေးလွန်သွားတယ်။ မိုးရေစက်တချို့ မြေပေါ်မရောက်ခင် ခဲသွားတယ်။ 
 
ကြည့်ကောင်းလို့ ရိုက်လိုက်တာပဲ။ မရှိတဲ့ဓာတ်ပုံပညာတွေ မထုတ်ဖြစ်လိုက်ဘူး။ အဆင်ပြေတယ် မဟုတ်လား။ 
ဘယ်သွားသွား အပင်တွေက တူနေတယ်။ ပလပ်စတစ်လောင်းထားသလို ဖြစ်နေတယ်။ နေထွက်လာတော့ အမြင် ဆန်းနေပြန်ရော။
ကိုယ့်အတွက် ငြီးငွေ့စရာ ဒေသ ဆိုတော့ ရှုခင်းတွေကို ကြံဖန်ပြီး ခံစားရတယ်။ အင်း - တကယ်လည်း လှပါတယ်လေ။
 
ကော်ပြားကာ အိမ်ဖြူဖြူမှာ အုတ်နဲ့ဆောက်ထားတဲ့ မီးခိုးခေါင်းတိုင်တွေ့ရင်တော့ ဒါ အိမ်ဟောင်းကို အိမ်ကောင်း ပြန်လုပ်ထားတာလို့ ထင်ပါတယ်။ ဓာတ်ငွေ့သုံးအပူပေးစက် ခေတ်မစားခင်က မီးလင်းဖိုတွေ အားကိုးရတယ် ထင်ပါရဲ့။
 
အိမ်အတွင်းပိုင်း မြင်ကွင်း။ အိမ်ထဲမှာတော့ အပူစက်အားကိုးနဲ့ နွေးတယ်။
 ကျနော်သုံးတဲ့ ကွန်ပျူတာ ၂ လုံး။
တလုံးက နှေးတယ်။ တလုံးက ရပ်သွားတတ်တယ်။
ကလေးတွေကတော့ သူတို့သိပ်ကြိုက်တဲ့ ဂိမ်း အတွက် ဒီကွန်ပျူတာတွေကို ကျနော်နဲ့ အပြိုင် သုံးကြတယ်။

ဒါပါပဲ။ အသစ် မတင်တာ ၁၀ ရက်ကျော်ပြီမို့ ဟိုလျှောက်ရေး ဒီလျှောက်ရေး တင်လိုက်တာပါ။
နှင်းကျတာ သွားရေးလာရေး ခက်တယ်။


စကားမစပ် ပြောရအုံးမယ်၊ ဖေ့စ်ဘုတ်မှာ ဒီဘလော့က ပို့စ်တွေ ဒီနေ့က စပြီး တက်နေပါပြီ။ နယ်ချဲ့လိုက်တာလေ သူများတွေလို။ 
လိပ်စာက -
http://www.facebook.com/zarny.win 

2 comments:

blueskyforest said...

အတန်အသင့်ကောင်းမွန်တဲ့ ကင်မရာတလုံးတော့ ဆောင်ထားသင့်ပြီ ကိုယ့်လူ။ သိပ်လှတဲ့ပုံတွေကို တော်ယိရော်ယိ ကင်မရာနဲ့ရိုက်ရတာ အားနာစရာ။ ဒေါ်လာသုံးရာကျော်ကုန်မှလည်း အစဉ်းငယ်ကောင်းတဲ့
ကင်မရာ ရတတ်တာကလား။ ပုံထွက်ပြီးရောလည်း ဖြစ် တာပါပဲလေ။ ဒေါ်လာသုံးရာ ကျော်သူ့ဆီရောက်ရင် လေးငါးလောင်းလောက်တော့ အဆင်ပြေနိုင်တယ်။း )

PAUK said...

သားက တရုတ်နဲ့တူတယ်။
မျက်ရစ်မပါပဲ..။
ဟိ။
နယ်မြေသစ်တော့ သွားလေ့မရှိ။
တခါတရံတော့ သွားပါတယ်။