
နားနားပြီး စားရတာပေါ့။ ချိုတာ ၂ လုံးလောက်ပဲ ပါတယ်။
ချင်းမိုင်မြို့၊ ချင်းမိုင်ဂိတ်ဈေးက ၀ယ်တာပါ။ ထိုင်းမှာလည်း မှန်ကူသီး ရှိသားပဲ။
မြန်မာပြည်မှာလိုပဲ နေရာအနှံ့ ရမယ် မထင်ဘူး။ ချင်းမိုင်က ရှမ်းပြည်နဲ့နီးလို့ ရတာ ဖြစ်လိမ့်မယ်။
ဒါက အလုံးကြီးမျိုး။
အလုံးသေးလည်း ရှိတယ်။ အလုံးသေးတွေက ပိုချိုမယ် ထင်တယ်။ မစားတာကြာတော့ မေ့ပြီ။
ရှမ်းပြည်နယ်မှာတော့ အလုံးကြီး ဆိုရင် ၀ါးကျည်တောက်ထဲထည့်ပြီး ထောင်းစားတယ်လို့ မှတ်မိတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က စားဖူးတာ။
မမြင်ဖူးသူများအတွက် တင်ပေးလိုက်ပါတယ်။ အခွံက အဖြူစက်လေးတွေ ပါတယ်။ မှိုတက်တာ မဟုတ်ဘူး။ အဲဒါ မှန်ကူသီးရဲ့ အမှတ်အသားပဲ။
http://www.syn-pages.net/2012/01/blog-post_16.html မှာတော့ မှန်ကူသီးအကြောင်း နည်းနည်း ရေးထားတာ တွေ့တယ်။ ကူးထည့်ပေးလိုက်ပါတယ် -
ဒါက မှန်ကူပင်နဲ့ မှန်ကူသီးလို့ခေါ်တယ်။ ဗမာလို မရှိဘူးလို့ထင်ပါတယ်။ ဒီဘက်ပိုင်းမှာ တစ်ခါမှကို မတွေ့ဖူးတာပါ။ မှန်ကူပင်က အချိုနဲ့ အချဉ်ရှိတယ်။ အချိုက စားမကောင်းဘူး. အချဉ်တွေကို ငယ်ငယ်က အင်္ကျီနဲ့လှိမ့်ပြီး စားကြတာ။ ပြီးတော့ ပါးပါးလေးလှီးပြီး ငါးပိ၊ အိမေ့တ်( မုန်ညှင်းဖြင့်လုပ်သော ရှမ်းထုတ်ကုန်) နဲ့ သုပ်စားရင် သိပ်ကောင်းတာ..။ ပြောရင်းနဲ့ သွားရည်ကျလာပြီ။
No comments:
Post a Comment