![]() |
လပြည့်နေ့မှာ ကုသိုလ်ယူတဲ့ တက္ကစီ တဲ့။ အထက်က သတင်း။
နေ့ထူးနေ့မြတ်မှာ သံဃာတွေ သီလရှင်တွေကို ကုသိုလ်ပြုတဲ့ကားပါ။
လပြည့်နေ့ ရန်ကုန်မှာ အဲဒီလိုမျိုး စိတ်ကူးပေါ်တဲ့ တက္ကစီဆရာတွေ များလာနိုင်ချေရှိလား။ အင်း... များလာမယ် ထင်တာပဲ။ ဘယ်လောက် များလာမလဲတော့ မသိပါ။
ပြိုင်ကားတစီးဝင်တိုက်လို့ ဆိုင်ကယ်မောင်းသူ ဒဏ်ရာရတယ် ဆိုတဲ့ သတင်းရေးရာမှာ ကားနံပါတ်ကို အပြည့်အစုံ ရေးမထားပါဘူး။ ဓာတ်ပုံကို တည်းမထားတော့ နံပါတ်က အထင်းသား။
ဒီလို တည်းဖြတ်ရေးသားနည်းကို ကားတိုက်မှုသတင်းများမှာ တွေ့ရမှာ။
အက်ဆီးဒင့်န်ဖြစ်ဖူးတဲ့ကား ဈေးကောင်းမရတာကြောင့် ဒီလို အထာထား ရေးသားကြရာက ထုံးစံတခု ဖြစ်သွားခဲ့ပုံပါပဲ။ အခုချိန် "နိုင်ငံတော်" ကလည်း ကားသစ်ယာဉ်ကျေးမှုတော်လှန်ရေး လုပ်နေပေမယ့် ဟိုတုန်းက ဓလေ့တွေကတော့ ကျန်နေတုန်းပဲလို့ ဆိုရပါမယ်။
ဒီသတင်းမှာလည်း ဓာတ်ပုံထဲက ကားနံပါတ်ကို တည်းမထားပါ။ သတင်းမှာတော့ တည်းပါ၏။
![]() |
ဓာတ်ပုံမှာရော သတင်းမှာပါ နံပါတ်ကို ဖျောက်လိုက်ပါတယ်။
နံပါတ်ကို သတင်းထဲ ဓာတ်ပုံထဲ ဒီလိုဖျောက်လိုက်တာဟာ သတင်းသမား ကျင့်ဝတ်နဲ့ မညီဘူးလို့ ပြောရင် ဆဲမယ့်သူ ဘယ်လောက်များမလဲ မသိပါ။
ဘလော့မှာ မရေးတာ ကြာလို့ ကားပုံသတင်းတွေ စုပြီး တင်လိုက်ပါပြီ။
လမ်းကြုံလို့ရောက်လာသူများ၊ တည့်တည့်လာသူများ ဖတ်ကြပါကုန်။
းD
No comments:
Post a Comment