Nov 6, 2012

အိုးမိုင်ဂေါ့ဒ်!!!

ကျုပ်တို့က ဆေးပဲ ပေးတယ်၊
သို့သော် ... တကယ် ကုသပေးမယ့်သူကတော့ Jesus Christ ပါပဲ လို့ အဓိပ္ပာယ်ရတဲ့ စာတန်းကို ဆေးရုံတရုံက ပေးတဲ့ ဆေးအိတ်မှာ ပုံနှိပ်ထားပါတယ်။

သာသနာပြုတာ ကျင့်ဝတ်နဲ့မညီဘူး လို့ ဆိုသူတွေလည်း ဆိုချင် ဆိုနိုင်တယ်။
ကျန်းမာရေးဝန်ထမ်း/ဌာနက ကျင့်ဝတ်နဲ့ မညီတာတွေ ရေးနေတယ် လို့လည်း ဆိုချင် ဆိုနိုင်တယ်။

မငြင်းနိုင်တာကတော့ ဒီဆေးရုံက ခေါင်းရှောင်တာ ဖြစ်ပါလိမ့်မယ်။
လူနာ ရောဂါ မသက်သာရင်၊ မပျောက်ရင်၊ ပိုဆိုးသွားရင် ဆေးရုံက အပြစ်လွတ်နိုင်တဲ့ အရေးအသား ဖြစ်နေလို့ပါပဲ။

ဝေဖန်ဖို့ နဲ့ ဆင်ခြင်ဖို့ ဝေငှလိုက်တယ် ဆိုပါရစေ။

1 comment:

ဆုမြတ်မိုး said...

အုံဖွ သကြားမင်းပေးတဲ့ဆေးလို့ မြန်မာမှုပြုရင်ကောင်းမလား..... ဘုရားပဲကယ်နိုင်လိမ့်မယ်လို့ ပြောရရင်ကောင်းမလား...း) ကားလိမ်မာ ထက် သားလိမ်မာလေးကိုပိုကြိုက်သား..ချစ်စရာ ကလေးလေးက ပြုံးပြုံးလေး