May 31, 2013

ချပါတီ

တနေ့တနိုင့် (ဟိုနိုင့်က ဘယ်ခလုတ်မှန်း မသိဘူး၊ မေ့နေတော့ အဆင်ပြေသလိုပဲ နိုင့်တော့မယ်)
တနေ့တနိုင့် ကျွန်ုပ်သည် ရန်ကုန်မြို့ အနော်ရထာလမ်းပေါ်က ချစ်တီးဆိုင်တခုတွင် ချပါတီ အမည်ရှိ စားဖွယ်ရာကို သုံးဆောင်ခဲ့သည်။

အရသာ သင့်သည်။
ချပါတီ စားပြီး သကာလ ထမင်းကို ပဲဟင်းရည်၊ အသီးအရွက်ဟင်းတချို့ဖြင့် ဗိုက်ကားအောင် စားခဲ့သေးသည်။
ကောင်းလေစွ။

နေ့လယ်စာသုံးဆောင်ချိန်ဖြစ်သောကြောင့် စားသုံးသူ များလှ စုံလှသည်။ အင်္ဂလိပ်တို့ပင် ပါသေး၏။

မြို့လယ်ဆိုင်ဖြစ်သောကြောင့် ဈေးတော့ များသည်။ မည်မျှ ကျသင့်သည်ကို မမှတ်မိတော့။

အစားအသောက် ဈေးနှုန်းများ မေးမြန်းပြီး အသံသွင်းထားတာတော့ ရှိသည်။
ဒီဆိုင်အကြောင်း နည်းနည်း ရေးရန် စဉ်းစားထားတာ ကြာပြီ။

ဒီထက်ကောင်းတဲ့ ချစ်တီးဆိုင် ရှိသည်၊ တာမွေဈေးနားကဆိုင်ဟု တယောက်က ဆိုသည်။ တနေ့နေ့တော့ သွားရအုံးမည်။

ထိုနေ့က စားခဲ့သော ချပါတီသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ အမျိုးအစားထဲတွင် သေချာပေါက် ပါဝင်မည်။ မီးဖိုထဲမှ ပြင်ဆင်သူများ သန့်ရှင်းမှု ရှိမရှိ ဆိုသည်မှာမူ ကျွန်ုပ်၏ ကံပင် ဖြစ်တော့သည်။

2 comments:

Kay Thwel said...

တနေ့ တနိုင့် တွင်..ဘလော့အရှင်သခင်.. တိုင်းခန်းလှည့်လည်နိုင်လေပြီတကား..

kk said...

ဒီတခါတော့ .. ငါ့ဘလော့အရှင်သခင် အပျင်းတစ်လေပြီ..။ ကြည့်လိုက်.. အက္ခရာ "၌" ကို ကွန်ပြူတာကီးဘုတ်မှာ ရှာဖို့လည်း ပျင်းတယ်..၊ အရေးအသားမှာလည်း ဥရောပ သားတို့ ပါပါတယ် ရေးရမဲ့ အစား အင်္ဂလိပ် တို့ လို့ရေးတယ်။ သဒ္ဒါလည်းတတ် စာလည်းတတ် တာ မသိဘူးတော့ မထင်နဲ့နော် .. ။

အလုပ်ဘဲများလို့လား.. ကလေးထိန်းရင်းရေးလို့လား မသိ.. တစ်ခုခု တော့ တစ်ခုခုဘဲ.. အင်း.. :P