Jun 24, 2013

အချိန်

Time မဂဇင်းရဲ့ ဦးဝီရသူမျက်နှာဖုံး ဆောင်းပါးကြောင့် အခုတလော ပွက်လောရိုက်နေကြတယ်။

ခင်ဗျားက ...


ဘာသာ သာသနာကို ကာကွယ်တဲ့သူလား။ဘာသာရေးအစွန်းရောက်တဲ့သူလား။
လူကြားကောင်းအောင် လျှောက်အော်တဲ့သူလား။
တခြားဘာသာကို မနှစ်သက်သူလား။

ကျနော်ကတော့  ဘာသာရေးကိုင်းရှိုင်းဖို့၊ ကိုယ့်ဘာသာအကြောင်း ပိုလေ့လာဖို့ အချိန်မပေးနိုင်သေးတဲ့သူပါ။

ကွန်ပြူတာ အချိန်ပြည့်နီးပါးသုံးတဲ့သူမို့ အချိန် ဆင်းရဲခဲ့တယ်။
ကလေးအဖေဖြစ်ပြီ ဆိုတော့ ပိုပြီးတော့ အချိန်ဆင်းရဲလာတယ်။
ငြင်းဖို့လည်း အချိန်မပေးနိုင်ဘူး။
အချိန်ပေးနိုင်လည်း မငြင်းချင်ဘူး။

ဘ၀ကူးကောင်းဖို့နဲ့  သံသရာ ဆိုတာတွေအတွက် အချိန် မပေးနိုင်သေးဘူး။
အနာဂတ်အတွက်လည်း စိတ်ကူးမယဉ်နိုင်သေးဘူး။

အင်း...
မိတ်ဆွေတချို့ အငြင်းအခုန်အတွက် အချိန်ပေးနိုင်ကြလို့ လေးစားမိတယ်။ အားကျမိတယ်။


နိုင်ငံရှေ့ရေးအတွက် စိတ်ပူလို့ ငြင်းခုန်တာလား။ အင်း... ကျနော်လည်း စိတ်ပူချင်ပါတယ်။ သို့သော်လည်း ကိုယ့်နိုင်ငံမှာ စိတ်ပူစရာက များလွန်းနေတယ်။
ကိုယ့်နိုင်ငံအရေးအတွက် ဆက်ပြီး ငြင်းကြ ခုန်ကြပါလေ။
ကိုယ်ထင်ထားတာ အကုန်လုံးကိုတော့ ဟုတ်လှပြီရယ်လို့တော့ မမှတ်လိုက်ကြပါနဲ့။


တော်သေးပြီ။
ပြောချင်တာတွေတော့ အများကြီး ရှိပါတယ်။

ဒီလောက်ပဲ ပြောတော့မယ်။ ကလေးထိန်းရအုံးမယ်။
 

2 comments:

ဂျော်ဒီး said...

ကိုယ့်ကလေးကိုယ်ထိန်းတာ တို့တာဝန်အရေးဆယ်ပါးပဲ..း))

ဂျော်ဒီး said...

ကိုယ့်ကလေးကိုယ် ထိန်းခြင်းသည် တိုင်းပြည်အနာဂတ်ကို တည်ဆောက်ရာရောက်ပေသည်..း)))