ဟုတ်ပါ၏၊ မှန်ပါ၏။ ချင်းမိုင်မှာ မြီးရှည်ဆိုင် ရှိနေပါပြီ။ စားဖို့သာ ပြင်ပေတော့။ ဆိုင်ရှေ့မှာတော့ မြင်တဲ့အတိုင်းပဲ "ဆီကျက်ခေါက်ဆွဲ-မြီးရှည်ဆိုင်" လို့ ဆိုထားရဲ့။ ဆိုင်ဘေးက ထောင်ထားတဲ့ ဆိုင်းဘုတ်ကိုတော့ အစားအသောက် စာရင်း အင်္ဂလိပ်လို မီနူး (မယ်ညူး?) လို့ မထင်လိုက်နဲ့ဦး။ အဲဒါ သူတို့ ဆိုင်ဘေးက လုပ်ငန်းဆိုင်းဘုတ်ပါ။ ဘာလုပ်ငန်းလဲ ဆိုတော့ တိရစ္ဆာန်ဆေးကုခန်း ဆိုပါစို့။ ခွေးဟောင်သံလေးတွေလည်း ကြားရတတ်တယ်။ ခွေးအလှပြင်တာလည်းလုပ်တယ်၊ နေ့ခွေးထိန်းတဲ့အလုပ်လည်း လုပ်ပါတယ် တဲ့၊ ခရီးဝေးထွက်မယ့် ခွေးပိုင်ရှင်များ အဲဒီကိုသာသွား။
ဒါက ဆိုင်ရှေ့မြင်ကွင်းဗျာ။ သင်္ကြန်တွင်း မြင်ကွင်းမို့ ဆိုင်ကယ်ကားလေးပါး ရှင်းနေတာပါ။ ပုံမှန်အားဖြင့်တော့ ကားရပ်ဖို့ နေရာက အရှားသား။ ဆိုင်ကယ်သမားတွေအတွက်တော့ အဆင်ပြေပါတယ်။
မြင်ရတာက ဆီကျက်ခေါက်ဆွဲ။ ရှမ်းပြည်က စားသောက်ဆိုင်တွေရဲ့ လက်ရာအတိုင်းပါပဲ။ ရန်ကုန်စတိုင်တော့ မဟုတ်ဘူး။ ဘယ်လိုကွာခြားသလဲ သိချင်ရင်တော့ မှာစားဗျာ။ တပွဲ ဘတ် ၃၀။ ယူအက်စ် ဒေါ်လာနဲ့ဆိုရင်တော့ ၀မ်းဒေါ်လာပေါ့။ ထည့်ပေးတဲ့ ပန်းကန်ကတော့ ဧရာမပဲ။
ရကော်မန်းပေးဖို့ ပြောလာရင်တော့ မြီးရှည်စားပါ လို့ ဆိုပါရစေ။ menu ထဲမှာတော့ အဲဒါကို Yunannese Noodles with steamed pork ဘတ် ၃၀ လို့ ရေးထားတယ်။စားလို့ သိပ် - - - - - - - - - - - - - - - - ကောင်း - - - ။
အဲဒါ menu လို့  ခေါ်တဲ့ အစားအသောက် စာရင်းဗျာ။ အင်္ဂလိပ် တရုတ် ထိုင်း ဘာသာတွေနဲ့။
ဒါကတော့ ထိုင်း အစားအသောက်ဆိုင်တွေမှာ ထားရတဲ့ ငြုတ်သီးမှုန့် သကြား မြေပဲဆန်ထောင်း ရှာလကာရည်။ ခေါက်ဆွဲနဲ့ ရောသမမွှေပြီး သုံးဆောင်ကြတယ်။
ဒါက ဆိုင်အတွင်းပိုင်း မြင်ကွင်း။ ဆိုင်ရှင်က ဒီမြို့မှာ ဒီစီးပွားလုပ်တာ ၂ နှစ် ရှိပြီ ဆိုပေမယ့် ဆိုင်က ဒီလောက် သန့်ပြီး တောက်ပြောင်နေရတာ အကြောင်း ရှိတယ်၊ ဒါက နေရာသစ် ဆိုပဲ။
ကဲ - မြေပုံ လုပ်ပေးလိုက်တယ်။ နေမန်ဟေမင် ဆိုတဲ့ နာမည်ကြီး လမ်းနားလေးမှာပါ။ ချင်းမိုင် တက္ကသိုလ်နဲ့ နီးတယ်။
ဒါပါပဲ။ စားပေတော့ ချင်းမိုင်ရောက်ရင်။

ဒီမနက် ဗုံးကွဲတဲ့နေရာသွားပြီး လွမ်းဆွေးသူတွေ ရှိတယ်။ ပုံထဲက အမျိုးသမီးက အနက်ရောင် ၀တ်စုံနဲ့။



































