ဝက်သားဖြင့်နတ်တင်ရသည့်ဗြုန်းစပ်တင်နတ်ပွဲစစ်ကိုင်း သာဒွန်းရွာတွင်ရိုးရာမပျက်ကျင်းပ
စစ်ကိုင်းမြို့နယ် သာဒွန်းကျေးရွာတွင် ရွာတော်ရှင်ဘိုးဘိုးကြီးနတ်ကို ရိုးရာမပျက်၊ တင် မြှောက်ပသကြရာ ယခုနှစ်(နယုန်လ ပြည့်ကျော် ၅ရက်) ဇွန် ၂၃ရက်က ရွာလုံးကျွတ်ကျင်းပ သော နတ်တင်ပွဲတွင် ၀က်သားဖြင့်ချက်ပြုတ်သော ဗြုန်းစပ်ဖြင့် အစဉ်အလာမ ပျက် နတ်တင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
“ကျွန်တော့်အသက် ၇၇နှစ်ရှိပြီ၊ အဘိုး၊ အဘွားများ အစဉ်အဆက် ကျင်းပခဲ့တာ ရွာတော်ရှင် ဘိုးဘိုးကြီးနန်းမှာ တင်တာ။ ဗြုန်းစပ်နတ်ပွဲလို့ ခေါ်ကြတာများတယ်။ ဆန်ပါတယ်၊ ၀က်သားပါတယ်၊ ဖရုံသီးပါတယ်၊ ငါးရန့်ခြောက်စစ်စစ်ပါတယ်။ ငရုတ်သီးခြောက် ကျော်ပါ တယ်၊ ဆန်ပြုတ်လိုရောပြီးကျိုတာပါ။ ၀က်သား ၂၅ပိဿာထည့်တယ်၊ ဒယ်အိုးကြီး ၁၉လုံး စာပြုတ်တာ။ အဲဒါကို ဗြုန်းစပ်လို့ ခေါ်တာ။ ဘာကြောင့် ဒီအဓိပ္ပာယ်ခေါ်တယ်ဆိုတာ၊ ဘယ် သူမှ အတိအကျမပြောနိုင်ဘူး။ ၀က်သားနဲ့တင်တဲ့နတ်ပွဲရှားပေမယ့် ဒီပွဲမှာ ၀က်သားနဲ့ပဲ တင် ရတယ်”ဟု သာဒွန်းရွာမှ နတ်ထိန်း ဦးခင်သန်းက ပြောသည်။

No comments:
Post a Comment