u tin moe in photos

ထိုင်းနိုင်ငံရောက် ဦးတင်မိုးကို ကြည့်နေတဲ့ မျက်မှန်နဲ့ဆရာက ကိုနေရိန်ကျော်။ နားရွက်ပဲ တွေ့ရတာကတော့ ဘယ်သူပါလိမ့်။ ဦးတင်မိုးက အဲသလို လျှောက်သွား၊ ခရီးလှည့်နေရတာ အင်မတန် ကျေနပ်ပုံရှိ။ သူ့မျက်နှာကိုကြည့်။
ဒါကတော့ ခေတ်ပြိုင်သတင်းဌာန ရုံးခန်းဖြစ်မယ်။ ကိုကျော်လင်းဦး၊ ဦးတင်မိုး၊ ကိုထိန်လင်း၊ ကိုနေမျိုး။

ဦးတင်မိုးနဲ့ ဦးသန်းလွင်ထွန်း (ဗွီအိုအေ ဌာနမှူး)။ ဒေါက်တာစင်သီယာမောင် မက်ဆေးဆေးဆု လက်ခံယူတဲ့ အခမ်းအနားမှာ။ အဲဒီတုန်းက ထိုင်းအစိုးရက ဒေါက်တာစင်သီယာကို ဖိလစ်ပိုင်သွားခွင့် မပေးခဲ့ဘူး။ ဒါနဲ့ ဖိလစ်ပိုင် မက်ဆေးဆေးဆုအဖွဲ့က သူ့ဆေးခန်းအထိလိုက်ပြီး ဆုသွားပေးရတယ်။ မဲဆောက်မြို့တော်ဝန်ကလည်း ဒေါက်တာစင်သီယာ စိတ်မဆိုးအောင်ထင်ပါရဲ့ အခမ်းအနား အဆင်ပြေရေးအတွက် အစွမ်းကုန် စီစဉ်ပေးခဲ့ပါတယ်။ သူကိုယ်တိုင် စင်ပေါ်တက်ပြီး မျက်လှည့်ပွဲ တင်ဆက်ခဲ့လေရဲ့။
ဆရာကြီးတင်မိုး တယောက်ထဲပုံကတော့ ဘတ်စံကွင်း/ဘန့်စောင်ခွဲ ရပ်ကွက် မြန်မာပြည်သား စက်ရုံအလုပ်သမားတွေအတွက် စာပေဟောပြောပွဲလုပ်တဲ့ ညနေခင်းတခုတုန်းက။
ဒီ ၂ ပုံကတော့ ကျနော့်ကွန်ပျူတာထဲ ဘယ်တုန်းက ရောက်နေမှန်း မသိ။
တပုံမှာတော့ မိုးချိုသင်း၊ ဦးတင်မိုးနဲ့ ဒေါ်စုကို တွေ့ရမယ်။ ဒေါ်စုအိမ်မှာ ဖြစ်ပုံရ။ ဦးတင်မိုးက တိုက်ပုံနဲ့ဆိုတော့။


Comments

Moe Cho Thinn said…
အဖေ့ပုံတွေ့တော့ အံ့သြသွားတယ်။ ဒီဗီဘီတီရှပ်နဲ့ မဲဆောက်ကပုံတွေ ချိုသင်းမှာ မရှိသေးဘူး။ ကျေးဇူးပဲ။ ယူသွားလိုက်မယ်နော်။

Popular Posts