
တချို့က သူတို့ရဲ့ ဂုဏ်ကျက်သရေကြောင့် အလှအပကြောင့် ဒုက္ခရောက်ကြတယ်။
ဒီအကြောင်း ပြောချင်နေတာ ကြာပြီ။
လူတွေ ငါးမွေးကြတယ်၊ လှတဲ့ပတဲ့ငါးတွေကိုပေါ့။ အထူးသဖြင့် ရွှေရောင်ငါးတွေကို။
ကျနော်လည်း ငယ်တုန်းကတော့ ငါးတွေကို ဖန်ပုလင်းထဲ ထည့်မွေးဖူးတယ်။ ခုတော့ မမွေးချင်တော့ဘူး။ သူတို့ကို အကျဉ်းချထားသလို ဖြစ်နေလို့။
ဖန်ပုလင်း၊ ဖန်လှောင်အိမ်ထဲက ငါးတွေ ခမျာ သနားစရာ။
အစာတော့ ပုံမှန် စားရပါရဲ့။ ဒါပေမယ့် ပိုင်ရှင်က အကြောင်းတခုခုကြောင့် အစာမကျွေးဖြစ်ဘူး၊ ဂရုမစိုက်ဖြစ်ဘူးဆို ငတ်ပြီ။ သေပြီ။
တချို့အိမ်တွေက ငါးကန်တွေမှာ လေပိုက် တပ်ထားပေးတယ်။ ငါးတွေကို အောက်စီဂျင် ပေးတဲ့သဘော ဖြစ်မယ်။ အဲဒီ ပိုက် တပ်ဖို့အတွက် မော်တာ အသေးလေး လိုမယ်။ မော်တာကို ကန်ထဲ ထည့်ထားရင် ငါးတွေ နားမသက်သာဘူး။ ဒါက တကယ့် ဆိုးကျိုး။
နောက်ဆိုးကျိုးတခုက ငါးကန်ဟာ ငါးအတွက် အကျဉ်းထောင်ကြီးလို ဖြစ်နေတာပဲ။ (ငါးတွေကလည်း အဲသလို ထင်မယ်လို့ ယူဆရတယ်။) ကန်ကြီးတော့ ထောင်ကြီးကြီးပေါ့။ ကန်သေးရင်တော့ တိုက်ပိတ်ထားသလို ဖြစ်မယ်။

ကိုယ့်ဧည့်ခန်း အလှဆင်ဖို့ မွေးထားတဲ့ ငါးတွေကို ကြည့်ရတာ အစပိုင်းမှာတော့ ဟုတ်တုတ်တုတ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ ငါးတွေကို သနားစိတ် ၀င်လာကြမယ် ထင်ပါတယ်။
နိဂုံး ချုပ်ပါမယ်။ လက်ဝှေ့သမားတွေဟာ အရင်ဘ၀က ကြက်တိုက်တဲ့သူတွေ ဖြစ်ခဲ့တယ်လို့ တချို့က ရယ်စရာ အဖြစ် ပြောကြတယ်။ ကြက်တွေကို တကောင်နဲ့တကောင် အသေအကြေ တိုက်ခိုက်ခိုင်းတဲ့အတွက် ကိုယ်လည်း နောက်ဘ၀တခုမှာ ၀ဋ်လည်တဲ့အနေနဲ့ တိုက်ရ ခိုက်ရတယ် လက်ဝှေ့ကြိုးဝိုင်းထဲမှာ၊ အသေအကြေ၊ ရေကုန်ရေခန်း၊ ပုဝါမကူ ရေမရှူစတမ်း။
နိဂုံး ထပ်ချုပ်ရရင် ဒီဘ၀မှာ အကျဉ်းကျနေသူ ကျခဲ့သူတွေက အရင်ဘ၀အဆက်ဆက် ငါးမွေးခဲ့လို့များလားလို့ တွေးမိပါတယ်။
ဒီအတွေး မမှားဘူး ဆိုရင်တော့ ဒီဘ၀ ငါးမွေးသူများလည်း လာမယ့် ဘ၀တွေမှာ အင်း - - - -
5 comments:
ဟုတ်လောက်ပါတယ်...
ကျမတော့..အိမ်မှာ ငါး အလှမွေးတာ..ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးဘူး( ကိုဇာနည်ထက် ပို အတွေးအမြင်စောတယ်) ငှဲငှဲ-
ငှက်လှောင်အိမ် များကိုလည်း ထိုနည်း၎င်း အင်မတန် ဘ၀င်မကျ ခံစားရပါတယ်။
စကားမစပ် ခင်တယ်ဆိုရင်.. word verification လေး ဖြုတ်ပေးပါ လို့-း)
တို့လဲ ဘာကောင်မှ မမွေးပါ...
အစောကတည်းကတွေးတတ်ခြင်းပေါ့... ငှဲငှဲ
အမ ခင်မင်းဇော်
အင်း ... ဒီအတိုင်းဆို အရင်ဘ၀တုန်းက ငါးမွေးခဲ့ဖူးတာဖြစ်မယ် ....
အခုလဲ ငါးကမွေးထားပြန်ပြီ ... ပြန်လွှတ်ဖို့ကလဲ ချောင်းမြောင်းတွေထဲ သူတို့အသက်မရှင်မှာစိုးတယ် .. အိမ်မွေးအလှမွေးတဲ့ငါးဆိုတော့ ... နုတယ်လေ
ကောင်းကောင်းမွန်မွန်တော့ သေသေချာချာထားပါတယ်ဗျ ... အစာရေစာ ၀၀လင်လင်နဲ့ .. လိုလေသေးမရှိအောင်ပေါ့ မတတ်နိုင်ဘူးလေ ... နောက်ဘ၀ကျရင် ထောင်ကျတိုက်ပိတ်ခံရလဲ အဆင့်မြင့်မြင့်ထောင်နဲ့ အဆင့်မြင့်တိုက်ခန်းတော့ ဖြစ်မှာပဲ ..... ငှင်းငှင်း ...
အဲဒါဆို..ခင်ဗျား..ကိုအောင်ဒင်..ဆရာမမေငြိမ်း (အိမ်ကငါးတွေသူ့ကိုပေးမလို့) တို့နဲ့ပေါင်းလို့မရဘူး..:)
Post a Comment