Dec 13, 2009

Maonfai or Lanna Kingdom

ကဲ - သွားကြမယ်။

ဒါ တနေ့ညက ရောက်ခဲ့တဲ့နေရာ။ ကျနော့်အိမ်နဲ့ သိပ်မဝေးဘူး။ ဆိုင်ကယ်နဲ့ဆို ၁ဝ မိနစ်ပေါ့။ ချင်းမိုင်မြို့ လားနားဆေးရုံနောက်ဘက်မှာ။ Soi Lanna Hospital ဆိုရင် တက္ကစီသမား လိုက်ပို့တတ်မှာပါ။ လမ်းသွယ် ၉ ထဲမှာ ရှိတယ်။ အဲဒီအဆောက်အအုံကို Maonfai လို့ ခေါ်တယ်။ ဘာအဓိပ္ပာယ်မှန်းတော့ မသိဘူး။ ပုံစံကတော့ ကျေးလက်ပြတိုက်။ လမ်းကြိုလမ်းကြားထဲမှာ ရှိတယ်။ အင်္ဂလိပ်လို တလုံးမှ ရေးမထားဘူး။ (မာန သိပ်ကြီးတာပဲး)။ အဝင်ဝမှာ ညောင်မုတ်ဆိတ် ခေါ်မလား အဲဒါတွေ ကျနေတယ်။


အပေါ်ထပ်မတက်ခင် ဖိနပ်ချွတ်ဗျာ။ ဖိနပ်စင်မှာတော့ လူ အယောက် ၁ဝဝ ကျော်ရဲ့ ဖိနပ်တွေ ထားနိုင်မယ် ထင်ပါရဲ့။ ဖိနပ်စင်ဘေးမှာ ရှေးဟောင်း မီးခံသေတ္တာကြီးတလုံးလည်း ရှိတယ်။ ပြတိုက်ဆိုတော့လည်း စုံပါ့။ အပေါ်မှာ မြင်ရတာကတော့ အပေါ်ထပ် လူသွားစင်္ကြန်ပေါ့ဗျာ။ လန်းနားခေတ်အိမ်ကြီးရခိုင်တွေဟာ ဂလိုပါလားလို့ အထင်ရောက်အောင် စီမံထားပုံရ။


သိပ်မဝေးလှသေးတဲ့ ရှေးခေတ်က ဒီဒေသမှာ ဒေသခံတွေ ဘယ်လို နေထိုင် စားသောက် ဝတ်ဆင်ကြတယ် ဆိုတာကို လေ့လာချင်သူများအတွက် ပြင်ဆင်ထားတဲ့ ပြတိုက်ပေါ့။ အသုံးအဆောင်တွေ အဝတ်အစားတွေ ပစ္စည်းတွေ ပြထားသလို မိုဒယ်အဖြစ် သရုပ်ဆောင်တဲ့သူတွေကိုလည်း တွေ့ရတယ်။

လန်းနားခေတ် (Lanna Kingdom) ဒေသတွေ ဆိုတာ ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၈ ခု ကို ဆိုလိုတာပါ။ ချင်းမိုင်၊ ချင်းရိုင်၊ နန်၊ လမ်ပန်း၊ လမ်ဖွန်း၊ မယ်ဟောင်ဆောင်၊ ပြီးတော့ Phayao နဲ့ Phrae လို့ ခေါ်တဲ့ ခရိုင်တွေပေါ့။ အသံမထွက်တတ်လို့ အင်္ဂလိပ်လိုပဲ ကော်ပီ ကူးပေးလိုက်တယ်။ လန်းနားခေတ်တုန်းကတော့ ဒီဒေသတွေအပြင် မြန်မာပြည်နဲ့ လာအိုနိုင်ငံက ဒေသတချို့လည်း ပါဝင်တယ်လို့ ဆိုတယ်။ လန်းနားဆိုတာ စပါးခင်းပေါင်း တသန်း လို့ အဓိပ္ပာယ်ရ ဆိုပဲ။ ၁၂ ရာစုနဲ့ ၁၅ ရာစုအတွင်း ဖြစ်ထွန်းခဲ့တယ်။ နောက်ပိုင်း တခြားဒေသက စစ်ဘုရင်ကြီးငယ်တွေလက်ချက်နဲ့ လန်းနားခေတ်ပျက်ရတယ်။ မြန်မာတပ်တွေ ပါသလို လာအိုတပ်တွေတောင် ပါ ဆိုပဲ။ ကုလသမဂ္ဂ မရှိတဲ့ခေတ်ဆိုတော့ ထစ်ခနဲရှိ စစ်ဖြစ်ကြတဲ့ခေတ် ဆိုပါစို့း)

အဲဒီခေတ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဘောင်သွင်းပြထားတာတွေ့ရတယ်။ ဘောင်တွေကို ခပ်ဟောင်းဟောင်းဖြစ်အောင် တမင်တကာ လုပ်ထားတယ်။

ကျနော် ရောက်သွားတဲ့အချိန်က ည။ ကင်မရာလည်း ယူမသွားပါဘူး။ ဒီပုံတွေကိုတော့ အင်တာနက်ကနေ ကော်ပီကူးထားတာပါ။ အခမ်းအနားတခုအတွက် ရှေးစတိုင် ပုံးဖာမှောက်ဆင်ထားသူတွေလေ။ (the photos in this post are from various web sites: Sorry for using without permissions!)

ဒီပြတိုက်မှာ မင်္ဂလာပွဲတွေ ဘာတွေလည်း လက်ခံကျင်းပပုံ ရတယ်။


စားစရာတွေလည်း ဒီမှာပဲ ရနိုင်တယ်။ ဟုတ်တာပေါ့။ လန်းနားခေတ် ရိုးရာ အစားအစာတွေပေါ့။ ကြိုက်တာယူစားစနစ်နဲ့ သုံးဆောင်ရုံသာ။ လမ်းဘေးဈေးသည်တွေရဲ့ ဈေးဝိုင်းလေးမှာ လှည့်ပတ်ပြီး ယူစား။ ကပြင်ကျယ်ကြီးမှာလည်း စားပွဲတွေ ခင်းထားတယ်။ စားစရာတွေ ယူပြီး အဲသမှာ သွားစားလည်း ရတာပဲ။


မုန့်သည်တွေက ရှေးခေတ်ကအတိုင်း ဝတ်ထားကြတယ်။ ကျနော်တို့သွားတဲ့အချိန်က မှောင်နေတော့ ရေနံဆီမီးတိုင်လား ဘာမီးတိုင်လေးတွေလဲမသိ ထွန်းကြတယ်။ မုန့်ကတော့ အစုံ။ မုန့်လင်မယား၊ ကောက်ညှင်းမုန့်၊ ကောက်ညှင်းထုတ်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထန်းသီးမုန့်၊ ကြံချောင်း၊ မြေပဲတောင့် စသဖြင့် ဆယ်မျိုးတော့ ကျော်မယ် ထင်တယ်။ ငှက်ပျောဖက် အရမ်း သုံးတယ်။ ငှက်ပျောဖက်ကို ခွက်ပုံစံလုပ်ပြီး ကြက်ဥခေါက်ထားတဲ့ဟာ တဇွန်း လောင်းထည့်ပြီး မီးနည်းနည်းနဲ့ကင်တာလည်း တွေ့တယ်။ ဖက် မမည်းခင် ကြက်ဥ ကြက်တာပဲ။

အပေါ်က ဟို၃ယောက် ဝိုင်းနေတဲ့နေရာကတော့ အရက်အိုးတွေ ရှိတဲ့နေရာ။ ဝါးခွက်အသေးလေးတွေနဲ့ ဆန်အရက် ထည့်ပေးမယ်။ ကျနော့်ကိုတော့ Rice Wine လို့ ပြောတာပဲ။ ဆန်အရက်နံ့ နည်းနည်း ရှူကြည့်ပြီး မကြိုက်လို့ မသောက်ဖြစ်ဘူး။ ဒီလူတွေရဲ့ ကျောဘက်မှာ ရှိတဲ့ မန်ကျီးဖျော်ရည်ပဲ အားပေးခဲ့တယ်။ ဖန်ခွက်နဲ့ မထည့်ပေးဘူး။ ဝါးခွက်ပဲ ရှိတယ်။


မုန့်ဆိုင်တွေရဲ့ ကျောဘက်မှာ အသုံးအဆောင်တွေ ခင်းကျင်းထားတယ်။ ထမင်းချိုင့်တွေကတော့ မျက်နှာကျက်မှာ။

ပြည်တွင်း ပြည်ပ ဧည့်သည်တွေ စိတ်ဝင်စားအောင် လုပ်ထားတာ။ မဲခေါင်မြစ်ဘေး ၆ နိုင်ငံက သတင်းသမား အယောက် ၁ဝဝ ဝန်းကျင် သွားကြတယ် အဲဒီညက။ အဘိုးကြီး အဘွားကြီး သုံးယောက်ကလည်း မိုဒယ်သဘောမျိုး ထိုင်နေကြတယ် အိမ်ဦးခန်းလိုမျိုး နေရာမှာ။ သူတို့လည်း ရိုးရာမုန့်တွေ စားတယ်။ သတင်းသမား ၃ယောက်လောက်က သူတို့ကြားထဲကို အလှည့်ကျ ဝင်ထိုင်ပြီး ဓာတ်ပုံရိုက် ဟာသလုပ်ကြတာတွေ့တော့ စိတ်မကောင်း ဖြစ်မိလိုက်သေးတယ်။ လူကြီးကို လူကြီးမှန်း မသိ။ ကိုယ့်နိုင်ငံက သတင်းသမားတွေ မဟုတ်တော့ ဝင်မပြောလိုက်ဘူး။

ကျနော်တို့ကို အကတွေ အတီးတွေနဲ့ ဧည့်ဝတ်ပြုတယ်။ ကိန္နရာအကလည်း ပါတယ်၊ အဲဒီ အကဟာ တိုင်လူမျိုး (ရှမ်းလူမျိုး)တို့ရဲ့ အကဖြစ်ကြောင်း ကြေညာတယ်။ ဆီမီးခွက်အက၊ ဖယောင်းတိုင်အက၊ သိုင်းအက စသဖြင့် စုံပါရဲ့။ လန်းနားခေတ် ရိုးရာဝတ်စုံတွေနဲ့ ကကြ တီးကြတယ်။

တီးမှုတ်ကခုန်တာတွေ မလာခင် အဓိကအစားအစာ ဖြစ်တဲ့ ကောက်ညှင်းပေါင်းနဲ့ ဟင်းလေးငါးမျိုး ကျွေးတယ်။ လန်းနားခေတ်မှာ ကောက်ညှင်းပေါင်းကို ထမင်းသဘောမျိုး စားကြတယ်လို့ ဆိုတယ်။
ကျွေးတဲ့ဟင်းကတော့ တို့စရာနဲ့ အသီးအရွက်တချို့ (မုန်ညှင်းပြုတ်၊ ပဲသီးတောင့်၊ သခွားသီး တို့ကို ခရမ်းသီးမီးဖုတ် ခပ်စပ်စပ်နဲ့တို့စား)၊ ကြက်သားကြော်၊ ဝက်ခေါက်ကြော်၊ ပြီးတော့ နည်းနည်းစပ်တဲ့ ဟင်း ၂မျိုးက အသီးအနှံနဲ့ အသား ရောချက်ထားတာ။

လန်းနားခေတ်ကအတိုင်း တသဝေမတိမ်း ဝတ်ကြတာတော့ မဟုတ်ဘူး) ချိတ်ထားတဲ့ ပုံတချို့မှာ လန်းနားခေတ်က အမျိုးသမီးတချို့ အင်္ကျီ မပါဘူး။ အသားက ညိုညို။ ထမီတော့ ဝတ်တာပေါ့။ ထမီကို ခါးမှာ ပတ်တယ်။ အမျိုးသားတွေလိုပဲ ရင်ကို ဖွင့်ထားတာပဲ။ ရာသီဥတု ပူလို့ ဖွင့်ထားသလား မသိပါ။

အစောပိုင်းမှာ သူတို့ အင်္ကျီ တဘက် လုံချည် စသဖြင့်တို့အကြောင်း ရှင်းပြတာလည်း ကြားလိုက်ရသေးတယ်။

လန်းနားခေတ်ပြပွဲတခုမှာ ဓာတ်ပုံရိုက်ထားတာ ကျနော့်မှာ ရှိပါတယ် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရိုက်ထားတာ။ နောက်နေ့တွေမှ (ဒါမှမဟုတ် ရှေ့နှစ်ထဲး) တင်လိုက်ဦးမယ်။ ခုတော့ သူများပုံတွေနဲ့ပဲ ဒီပို့စ်ကို တင်လိုက်ပါတယ်။ ။






7 comments:

မေငြိမ်း said...

ဒို့များ ရှိတုန်းကတော့ အဲဒီ ပြတိုက် မရှိသေးဘူးလား မသိ..။ ဒါပေမဲ့ ကောင်မလေးတွေ လန်းနားခေတ်အတိုင်း အ၀တ်အစား ဂရုမစိုက်တာတော့ မကြိုက်လှဘူး :P
ဘာပဲဖြစ်ဖြစ် .. လာလည်တဲ့အခါ အရောက်သွားမယ့်စာရင်းထဲ တို့ထားပီ..။

shwezinu said...

ကျေးဇူးဘဲဗျာ လန်းနားခေတ် တောင်သွားလည်ချင်လာပြီ

Moe Cho Thinn said...

မုန့်သည်တွေ ရောင်းတဲ့ မုန့်တွေ အကုန်စားချင်တယ်။ သမိုင်းကို နားလည်အောင် ပြထားသော်ငြားလည်း မုန့်ကိုပဲ အထူးပြု နားလည်သွားတယ်။

ကိုဇာနည်လို ၀တ်စားဆင်ယင်ပုံကို ဓာတ်ပုံနဲ့ တိုက်မကြည့်မိလိုက်ဘူး။ :)

Anonymous said...

Crictroth [url=http://manatee-boating.org/members/Order-cheap-Buspar-online.aspx]Order cheap Buspar online[/url] [url=http://wiki.openqa.org/display/~buy-differin-no-prescription-online]Buy Differin no prescription online[/url]

Aung said...

လန်းနားခေတ်ဆိုတာဘာလဲ။

Aung said...

လန်းနားခေတ်ကိုသွားချင်လိုက်တာ........

Aung said...

မုန့်တွေကစားချင်စရာကြီး...........