ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းမိုင်မြို့ပြင်က Lana Resort ဆိုတဲ့ နေရာမှာ ရိုက်ထားတဲ့ ပုံတွေပါ။

ဂျပု - ဒီလို မပြောလို့ ဘယ်လိုပြောရမှာလဲဟ ခွေးမသားရ။
လောရှည် - အင်း - ပြောမရရင်တော့ နောက်တခါတွေ့ရင် ခြေသလုံးသာ ပြေးကိုက်ပေတော့။ ဒီကောင်တွေ ဒီနေရာမှာ ဘာလာလုပ်တာလဲ မင်းသိလား။
ဂျပု - အလေ လာလိုက်တာ နေမှာပေါ့။ လူသတ္တ၀ါတွေက အလုပ်မရှိ လျှောက်သွားနေကြတာ မင်းလည်း သိသားပဲ။
လောရှည် - မင်းကို ဓာတ်ပုံရိုက်လိုက်တဲ့ ငနဲကို ကြည့်ရတာတော့ ရည်ရည်မွန်မွန် သန့်သန့်ပြန့်ပြန့် ရိုးရိုးသားသား ရှိပုံရတယ်။
ဂျပု - အင်း ဟုတ်တယ်။ ဒါပေမယ့် နည်းနည်းတော့ ကြောင်တယ်။ သူတို့တည်းတဲ့ Lana ထဲမှာ ငါလျှောက်ပြေးနေတော့ အသေအချာ လိုက် ကြည့်နေတယ်။ ကျန်တဲ့ငနဲတွေကတော့ ခပ်တည်တည်ပဲ။
ဂျပု - သွားဖြဲပြလိုက်ပေါ့ကွာ။
4 comments:
အဲဒီနေရာကို နှစ်ခေါက်လား သုံးခေါက်လား မသိဘူး ... အလွန် အေးချမ်း လှပတဲ့ နေရာလေးပါ ... တောင်ကြားထဲမှာ ရှိတယ်လေ ...
ချင်းမိုင်မှာ နေခဲ့ဖူးတယ်...
အဲကို မရောက်ဖူးဘူး...း(
ပုံတွေမြင်ရတော့ဘူး။း(။တောက်တဲ့+လိပ်အင်တာနက်အစုတ်ပလုပ်)။
ချင်းမိုင်ရောက်တိုင်း ကတိုက်ကရိုက်နဲ့ အဲဒီနေရာလေးတွေ မရောက်ဖူးခဲ့ဘူး။ လှတယ်။ သိပ်လှတယ်။
Post a Comment