country style

ဒီမိုကရက်တစ်ပါတီရဲ့ ကြို့ပင်ကောက် မဲဆွယ် ဟောပြောပွဲ ဖြစ်ပါတယ်။ (Nov 3 - AP photo)
ကော်ဇော၊ အိပ်ယာခင်း တို့ကို စားပွဲမှာ ခင်းထားတယ်။ အသစ်တွေဖြစ်မှာပါ။ အမြင်ဆန်းတာပေါ့။ နောက်ခံအတွက် အနည်းဆုံး စောင် ၂ ထည်၊ လိုက်ကာ ၁ ခုကို သုံးထားတယ်။
ဒါလည်း အမြင် ဆန်းတာပါပဲ။
ဆံပင်ဖြူ အမျိုးသမီး ၂ ဦးလည်း ပရိသတ်ထဲ ရောက်နေတယ်။
အားနည်းချက် တခုလို့  ပြောရမလား - ပရိသတ်ထဲ လူကြီးတွေ ရောက်နေပေမယ့် လူငယ်တွေ ခုံအမြင့်နဲ့ ဖြစ်နေတယ်။ ကြမ်းတပြေးတည်း ထိုင်ဖို့ စီစဉ်ထားရင် ပိုကောင်းမယ်။ နယ်ခံတွေ စီစဉ်တာ ဖြစ်ဖို့ များတယ်။

နယ်က သာရေးနာရေးတွေမှာ အဲဒီလိုပဲ၊ စောင်တွေ အိပ်ယာခင်းတွေနဲ့ မဏ္ဍပ်ကို အလှဆင်ကြတယ်။ ဘုန်းကြီးကျောင်းက ငှားတာ ရှိသလို ရပ်ရွာ လူမှုရေး အဖွဲ့တွေဆီကလည်း ငှားကြတယ်။

ဒီပုံကို မြင်ရတာ ကျေးလက်ကို သတိရစရာပဲ။

Comments

မဟုတ်ဘူးဆရာ.ဒါက ကျနော်တို့ဆီမှာ အသားကျနေတဲ့ အခြေအနေ နိုင်ငံရေးသမားတွေက တိုင်းပြည်အုပ်ချုပ်မင်းလုပ်မဲ့ သူတွေဆိုတော့ အမြင့်မှာထိုင် ပြည်သူလူထုက သူနေရမဲ့ နင်းပြားဘ၀နဲ့ နီးတဲ့ အောက်မှာထိုင် အဲ့ဒီလိုမျိုး နေရာယူထားတာပါ စာနယ်ဇင်းသမားတွေကတော့ ဘေးမှာ ခုန်လေးနဲ့ထိုင်ဖို့ ချထားပေးသေးတယ်
အဲ့ဒါဓါတ်ပုံထဲမှာမပါလို့ စာနယ်ဇင်းသမားတွေကလဲ ကြောက်ရတယ်မဟုတ်လား..ပြည်သူလူထုကတော့ မစားရ၀ခမန်း ကြားနေရတာ ကြာလှပေါ့..

Popular Posts