

ကာတွန်းဆရာ Stephff (အမည်ရင်း Stephane Peray)က ဘန်ကောက်ဇာတိ၊ ၁၉၆၄ ဖွား၊ ပြင်သစ်လူမျိုး။
သူ့လက်ရာတွေက နိုင်ငံတကာ စာနယ်ဇင်းတွေမှာ တဖြည်းဖြည်း နေရာ ယူလာပါပြီ။ နိုင်ငံတကာမှာ ဖြစ်ပျက်နေတာတွေကို အရုပ်ဆွဲပြီး ပြောင်တဲ့သူပါ။

သွေးသံရဲရဲ လဲပြိုနေတဲ့ မြန်မာတွေက "ဘန်ကီမွန်း မင်းကို ဂရုစိုက်မယ်လို့  မင်း ထင်ရင်တော့ သိပ်ကို မှားသွားမယ် သူငယ်ချင်း" လို့ လှမ်းပြောနေပုံပါ။
သွေးအိုင်ထဲမှာတော့ ဘုန်းကြီး၊ တိုင်းရင်းသားပေါင်းစုံ တို့ကို ပုံဖော်ထားပြီး စစ်ဝတ်စုံနဲ့ငနဲကိုတော့ ကာတွန်းဆရာက သီချင်း ပေးဆိုထားတာတွေက တကယ့် အဖြစ်မှန်တွေကို ထင်ဟပ်နေပါတယ်။

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  လွတ်လပ်မှု။
ဒီကာတွန်းတွေထဲက တချို့ ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ဖော်ပြပြီးပါပြီ။
ဒီကာတွန်းတွေထဲက တချို့ ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ဖော်ပြပြီးပါပြီ။
1 comment:
ပထမပုံက စစ်အစိုးရ ခမြာ မောင်းကွဲကြီးတီးမိသွားတဲ့ အဖြစ်ကို သရုပ်ဖေါ်ထားတာကိုး.. မ..ထင်င်င်င်..ဟင်..ဟင်င်င်.. လို့မြည်သွားသလိုလေ။
တတိယပုံကတော့ ဘန်ကီမွန်းရဲ့ တကယ့် ပုံရိပ်စစ်ဘဲ.. သေချာကြည့်နော်.. တုန်လို့များတောင်နေသေး..ဟေး..ဟေး..။
human rights ဆိုတာ တကယ်ဘဲ အိမ်သာသုံးစက္ကူလောက် တန်ဖိုးရှိနေသေးရင် တောင် ကျေနပ်ရဦးမှာ...။ မရှိရင် မဖြစ်ဘူးဆိုပြီးတော့လေ။ ခုတော့ကွာ.. ပြောမထွက်တော့ဘူး ကိုဇာနည်ရာ..။ ၀မ်းနည်းလှပါဘိတယ်..။
နောက်ဆုံးပုံကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ရင်းနဲ့ကြည့်တော့ ဟိုက ပျင်းတောင်ပျင်းသေးတယ်လို့ ပြောမှာ ဘာလို့ဆို ဒေါ်စုက ရှင်းအောင်ပြောပြီးသား.. ကြည့်လေ ဧရာဝတီနဲ့ အင်တာဗျူးမှာ..ဟောသလို ရဲရဲကြီးပြောထားတာကို..
မေး။ ။ အန်တီအခုလွတ်လာတာကိုထောင်သေးသေးထဲကနေ ထောင်ကြီးကြီးထဲကိုလွတ်လာတာလို့
တချို့က ရေးကြ သုံးသပ်ကြတာတွေ တွေ့ရတယ်။ အဲဒီလိုမျိုး အန်တီခံစားရလား။
ဖြေ။ ။ အန်တီက အဲဒီလိုမမြင်ဘူး။ ပြောင်းပြန်မြင်တယ်။ အစတုန်းကလည်း အန်တီက လွတ်လပ်နေတယ်လို့
အန်တီ့ကိုယ်အန်တီသတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့အန်တီ့စိတ်လွတ်လပ်တယ်။ အန်တီ့
အတွေးအခေါ်နဲ့၊ အန်တီ့ယုံကြည်ချက်နဲ့ အန်တီရွေးတဲ့လမ်း အန်တီလျှောက်နေတာ။ ပြီးတော့စိတ်ထဲမှာ
မလွတ်လပ်ဘူးလို့မခံစားရဘူး။ အခုဒီလိုထွက်လာတော့လည်း အန်တီမလွတ်လပ်ဘူးလို့မခံစားရဘူး။
အခုကတော့ပိုပြီး အလုပ်များတာပေါ့နော်။ လက်တွေ့ကျကျ အပြောင်းအလဲတွေပဲ မြင်ရတယ်၊ တွေ့ရတယ်၊
ခံစားရတယ်။ တကယ်တော့ကိုယ့်အတွင်းစိတ်ကတော့ဒီအတိုင်းပဲ။
Post a Comment