calendar

ဧရာဝတီ ၀ိုင်းတော်သားတယောက်ရဲ့ အလုပ်စားပွဲပေါ်က ပြက္ခဒိန်


ပြက္ခဒိန်မှာ ပုံက အဓိက ကျပါတယ်။ ပြက္ခဒိန် ၀ယ်သူ ၉၉% က ကြည့်ပျော်ရှုပျော်ရှိတဲ့ပုံ၊ ကိုယ်ကြိုက်တဲ့ပုံပါမှ အဲဒီ ပြက္ခဒိန်ကို ၀ယ်မှာပါ။
ပုံမှာ မြင်ရတဲ့ပြက္ခဒိန်ကိုတော့ အခမဲ့ဝေပါတယ်။
၂၀၁၀ မြန်မာပြည်မှာ မဲဆွယ်ကြပုံ နဲ့ ရွေးကောက်ပွဲရနံ့တွေပါတဲ့ ပြက္ခဒိန်ပါ။ i vote ဆိုတဲ့ပုံတောင် ပါသေး။
ဒီပုံတွေကြည့်ပြီး မတရားကျင့်မှု၊ ပျော်ပျော်ကြီး မတရား ကျင့်ခံမှု၊ ကြိုတင်မဲ ဆိုတာတွေ စိတ်ကူးထဲ ပေါ်လာတယ်၊ ဒါကြောင့် ချစ်စရာကောင်းတဲ့ နှုတ်ခမ်းနီမလေးတွေပုံကို ပရင့်အောက်ပြီး ကပ်ထားလိုက်တာပါ တဲ့။ စိတ်ညစ်စရာ နိုင်ငံရေးပုံရိပ်တွေကို အမြဲ ကြည့်နေရတာထက် ဒီပုံတွေနဲ့ပဲ ကိလေသာ ပွားများတော့မယ်လို့ ဆိုတယ်။

Comments

Anonymous said…
ဝိုင်းတော်သားတို့ ဘိုင်ကျင့်ဘိုင်ကြံ အလကားရသမျှ နှံလာခဲ့တာ.. ခုတော့ မျက်စေ့နောက်ရသပေါ့..။ အရင်ကတော့ ပိဋကတ်အိုးကွဲ လို့ ကြားဘူးရဲ့.. ဒီပုဂ္ဂိုလ်ကိုတော့ ကိလေသာအိုးကွဲလို့ ကင်ပွန်းတပ်လိုက်ရရင် ကောင်းမလား စဉ်းစားနေမိတယ်။

Popular Posts