
စွန့်စားမှုတော့ ဟုတ်ပါဘူး ကချင်ပြည်နယ် (နေရာတချို့)ရဲ့ နေ့စဉ်ဘ၀ပါ လို့ သူက ဆိုတယ်
ကျနော်လည်း အဲဒီလို ကျေးလက်ဆန်ဆန်ဘ၀မှာ နေခဲ့ဖူးတယ်
ပျော်စရာကောင်းသလား မေးရင်တော့ ဒီလိုပါပဲ လို့ ဖြေရမယ် ထင်တယ်
ဒီလိုပါပဲ
ငယ်တုန်းကတော့ မြို့ပြကို စိတ်ဝင်စားတယ် အားကျတယ်
အခု မငယ်တော့ချိန်မှာ မြို့ပြဟာ မက်စရာ သိပ်မရှိဘူး
စားသောက်စရာမျိုးစုံ ၀ယ်လို့ရတာ အင်တာနက် အဆင်ပြေတာ စသဖြင့် မက်စရာတွေတော့ ရှိတာပေါ့လေ
နောက် - ၁၀ နှစ် မတိုင်ခင်တော့ မြို့ပြကနေ ခွာနိုင်ကောင်းပါရဲ့
အဲဒီအချိန်ဆို ကျေးလက်မှာလည်း အင်တာနက် ပိုအဆင်ပြေနေရောပေါ့
အင်း
အင်တာနက်စွဲနေတာနဲ့ပဲ မြို့ပြကို ဖက်တွယ်နေသူတွေ အတော်များနေပြီ ထင်ပါရဲ့
ဓာတ်ပုံအတွေးလေးပါ
တော်သေးပြီ
3 comments:
ကျနော် နေခဲ့တဲ့နေရလားမသိဘူး ကျနော်ကောင်းကောင်းမှတ်မိနေဒယ်
ရေနံမှော် တစ်ခုဖြစ်တဲ့ မှော့်ကယ်ရေနံမှော်ကိုသွားတဲ့လမ်း
နဲ့တစ်ပုံစံထဲပဲ လွမ်းတယ်ဗျာ...
အဲ့တောထဲမှာ ကျနော် ၁ နှစ်လောက်နေဖူးတယ်
I am the person who took this picture and posted on Panoramio (Google Earth).
It was 35 km South of Putao.
I took this picture in March 2007.
If you view on Google earth you can see this picture at the exact location. ( 27.059778°N 97.627723°E .. copy these coordinate pair and paste into the search box)
The people were coming from Myitkyina to Putao
I appreciate you that you credited me.
ကျော်နိုင်ဝင်း ပြောတဲ့အတိုင်း ဂူဂယ်ဒေါ့ကွန်ကနေ ရှာလိုက်တာ ပူတာအို - မြစ်ကြီးနား ဒေသကို တန်း ရောက်သွားတယ်။ (ဒါပေါ့ - အွန်လိုင်းကနေ ရောက်တာပေါ့။) google earth, google map တို့မှာ ကိုယ့်ဒေသကို ကိုယ်ပြန်ကြည့်ရတာ တကယ့် ပီတိပဲ။ သွားကြည့်ကြပါအုံး။
http://www.google.com/maps?q=27.059778%C2%B0N%2097.627723%C2%B0E&layer=c&ll=27.364450,97.401695&cbll=27.364450,97.401695&photoid=po-687382&z=7&ei=vOfvTt7pFoWHrAf3j9CICQ&sa=X&oi=geocode_result&ct=photo-link&cd=1&resnum=1&ved=0CB8Q8wEoADAA
Post a Comment