Oct 6, 2011

ကလေး

ရခိုင်ပြည်နယ်မှာ ရိုက်ထားတယ်လို့ ဓာတ်ပုံဆရာ Marc Aurel က ဆိုတယ်
ကျနော် ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲလား ဆိုတာ တွေးမိတာနဲ့  ဒီပုံကို သိမ်းထားမိတာ တလနီးပါး ရှိပြီ ထင်ပါရဲ့
ခုမှပဲ ဘလော့မှာ တင်ဖြစ်တယ်

ဆရာတင်မိုးကဗျာထဲမှာတော့ အုန်းလက်ကို နွားလုပ်ပြီး ကစားတယ်
(အုန်းလက်နွားလေး ထားခဲ့မယ်လို့ ဆရာကြီးက ဆိုထားတယ်လေ)
ပစ်ထားတဲ့ ဘီးခွံတွေကို အပေါ်က ကလေးလိုပဲ လှိမ့်ပြီး ဆော့တယ်
ပျော်တာပဲ
ငယ်စဉ်မှာ တန်ဘိုးကြီးပစ္စည်းတွေက အရေးမပါပါဘူး
ရှိတာနဲ့ အလုပ်ဖြစ်တာပဲ
ငယ်စဉ်မှာ လိုတာက မိဘမေတ္တာရယ်
ရန်ဖြစ်ပြန်ချစ်ဖို့ သူငယ်ချင်းတွေရယ်ပေါ့
ခုခေတ် ကလေးတွေကို ကြည့်လိုက်ရင် ကစားစရာ တပုံတခေါင်းနဲ့
ကလေးရှိတဲ့အိမ်တွေ ကြည့်လိုက်ရင် အရုပ်တွေ ကစားစရာတွေနဲ့ ရှုပ်နေတာပဲ
မိဘများလည်း ပိုက်ဆံကုန်ကြမယ်

ဘာရယ်မဟုတ်ပါဘူး
ဘလော့ကို ၀င်ကြည့်တတ်သူတွေကို ဖတ်စရာ တခုခု ပေးဖို့ ရေးလိုက်တာပါး)


(ကဗျာဖန်တီးရှင်က ဆရာကြီးမင်းသုဝဏ်ဖြစ်တယ်လို့ စာဖတ်သူတဦးက ထောက်ပြပါတယ်။ ကျေးဇူးပါပဲ)

4 comments:

blueskyforest said...

မောင်းနှင်ထိမ်းကျောင်းခြင်းအတတ်ပညာကို ငယ်စဉ်ကတည်းက ဂွေလှိမ့်ရင်းတတ်မြောက်ခဲ့ပေမဲ့ ကြီးလာတဲ့အခါ သူများက ကိုယ့်ကို မောင်းနှင်တာပဲ ခံနေရတော့တယ်။ ဂွေဝဋ်လည်တာပဲလား မသိ။ ဂွေလှိမ့်သူများ သတိထားကြ။

gyawdee said...

ကလေး..ပြီးရင် ကလေးထိန်းနည်း ဆက်ရေးပါး)အရုပ်တွေအများကြီး ပူဆာမယ့် ကလေးလေးတွေ အများကြီးရပါစေကြောင်း)

ကံ့ကော်မောင် said...

"အုံးလက်နွားလေး ထားခဲ့မယ်" ဆိုတဲ့ စာသားပါတဲ့ ကဗျာဟာ တင်မိုးရေးတာမဟုတ်ပါ။ မင်းသုဝဏ်ရေးတဲ့ "သပြေသီးကောက်" ဆိုတဲ့ ကလေးကဗျာ ထဲကဖြစ်ပါတယ်။

waioo said...

blueskyforest ကရီစရာတော်တော်ပြောတာပဲ
လက်ခံတယ်ဗျာ၊ ခင်ဗျားပြောတာကိုလက်ခံတယ်