face book က ကူးလာတဲ့ပုံပါရေကြီးနေတဲ့ ထိုင်းနိုင်ငံ တနေရာပေါ့
ရေကြီး မြေပျောက်လို့ ရေလွတ်ရာ နတ်စင်ပေါ် တက်ထိုင်တဲ့ခွေး
စင်ပေါ်က ပန်းအိုးတွေကို ကန်မချဘူး
ဖယ်ရကောင်းမှန်း မသိတာလား
လူတွေရဲ့ပစ္စည်းမှန်းသိလို့ မဖယ်ချင်တာလား မသိပါ
နတ်တင်တဲ့အစားအစာတွေတော့ ရှိဟန်မတူဘူး
ထိုင်းတွေက ရယ်ဒီမိတ် အရမ်းသုံးနေတာမို့ ရေဆိုလည်း ခွက်နဲ့မထည့် ပုလင်းနဲ့ထည့်
သောက်စရာရေတောင် ရှိပါ့မလား
လည်ပတ်နဲ့မို့ ပိုင်ရှင်ရှိတဲ့ကောင်လို့ ဆိုနိုင်တယ်
ပိုင်ရှင်ရော ဘယ်ရောက်နေပြီလဲ
ဓာတ်ပုံရိုက်သူက ခွေးပိုင်ရှင်ဆို တော်ပါသေးရဲ့
2 comments:
နတ်စင်ပေါ်တက်ထိုင်နေရလို့ ထင်ပါရဲ့ ..ထိုင်နေပုံလေးက မခို့ တရို့ လေး..
ခွေးနတ်စင်ကြီး ကြာလေပြီ ။ အသစ်လေးတွေ လာတော့ဘူးလား ။ ရေတောင် ကျသွားပြီ ဟာကို။
Post a Comment