Dec 26, 2008

necessary or not necessary

ကာတွန်းတွေမှာ ရှင်းပြချက် ဖွင့်ဆိုချက်တွေ အမြဲတမ်း ထည့်ဖို့ လိုသလား။ တယောက်နဲ့တယောက် အယူအဆ မတူကြ။

ဟိုတလောက မစ္စတာမောင်ရစ် ကာတွန်းတပုဒ် ဆွဲတယ်။ သူ့ကာတွန်းမှာ ဖွင့်ဆိုချက် ထုံးစံအတိုင်း ထည့်မထားဘူး။ အဲဒီကာတွန်းကို ကြိုက်သူတွေ ရှိတယ်။ မှတ်ချက် မပေးသူလည်း ရှိတယ်။ ကျနော်နဲ့ သိတဲ့သူ လေးငါးယောက်ကတော့ အဲဒီကာတွန်းကို သဘောမကျဘူး တဲ့။ ဦးဝင်းတင်ကို နှိပ်ကွပ်ထားတာလို့ ယူဆပါသတဲ့။


စု-လွှတ်-တွေ့ ဆိုတာ ဦးဝင်းတင်ရဲ့ ကြွေးကြော်သံ။

မစ္စတာရစ်က ဦးဝင်းတင်ခရေဇီ။ အဖိုးကြီးကို နှိပ်ကွပ်ပါ့မလား။ ဒီကာတွန်း တင်တဲ့ကာလမှာ ထူးခြားတာ တခုဖြစ်တယ်လေ။ အဲဒါကြောင့် ဒီကာတွန်းဆွဲလိုက်တာ ဖြစ်မယ်။ အဲဒီတုန်းက မှတ်မိလား ဦးနေ၀င်းရဲ့သမီး ဒေါ်ခင်စန္ဒာဝင်း အကျယ်ချုပ်က ပြန်လွတ်လာတဲ့ကာလ။

မကြိုက်တဲ့သူရှိလည်း မတတ်နိုင်ဘူး၊ ဆက်ပြီး လျှာရှည်ရရင် - ဒေါ်စုကို လွှတ်ဖို့ပြောတာ ဒေါ်စုကို မလွှတ်ဘဲ ကျေးဇူးရှင်တွေက ဟိုဂျီးဒေါ်ကို လွှတ်လိုက်ပါလေရော။ ဒေါ်စန္ဒာဝင်းဆိုတာလည်း တကယ့်မြွေပွေး။ အခု သူက အာဏာမရှိ ဘုန်းမရှိတဲ့အချိန်မို့ တီကောင်ဖြစ်နေရတာ။ ဒါပေမယ့် မြွေပွေးဖြစ်ခဲ့ဖူးသူကို ကာတွန်းဆရာက ကြောက်ရှာသား။ ဒါကြောင့် စုမလွှတ်ဘဲ ဘာကြီးလွှတ်လိုက်ပါလိမ့် ဆိုပြီး ပြေးရရှာတယ်။ သန်းရွှေကြီးပုံကိုလည်း ကျက်သရေမရှိအောင် ဖန်တီးထားတယ် ထုံးစံအတိုင်း။

ကာတွန်းတွေ ကဗျာတွေကို ဖွင့်ဆိုချက် လုပ်ဖို့ လိုမလား။ အဖြေက အမျိုးမျိုး ဖြစ်ပါလိမ့်မယ်။

2 comments:

အောင်သာငယ် said...

တခါတခါလည်း လိုတယ် ထင်ပါရဲ့ဗျာ...း)

Kay said...

ကိုမောင်ရစ်ရဲ့ ကာတွန်းတွေကို..အမြဲကြိုက်ပါတယ်။ ကောက်ကြောင်း သပ်ရပ်တာ..သဘောအကျဆုံး။ ဒီတခုကတော့.. ကာတွန်းဆရာက..ဦးဝင်းတင်ကို သရော်တာမဟုတ်မှန်း သိပေမဲ့.. အဲဒီလို ပုံပေါက်နေတယ်လို့ ထင်ပါတယ်။ တခါတခါ လဲ..အနုပညာဖန်တီးတဲ့နေရာ..အမြင်မတူတာ..လက်ဆလက်န ကွာတာ ရှိတတ်တာပဲလေ။ ဂျက်လီတောင်.. ဒီလောက် မြန်မာ သဒ္ဒါ ပြည့်စုံ ရှည်လျားအောင် ရေးတတ်ရဲ့သားနဲ့.. ခရစ်စမတ် မှာ..ဗိုက်ကားပြီး ပြန်လာတော့..သီချင်းသံတွေကြားလိုက်.. ဟိုဟာတွေမြင်လိုက်နဲ့.. စာလုံးတွေ.ပြန့်ကျဲသွားသေးတာပဲ.. အဟဲ