Dec 14, 2008

the beginning of a nick name

ဂျက်လီဆိုတဲ့ နာမည်ပြောင်တခု ကောက်ရထားတယ်။ အရောင်းမြှင့်တင်ရေးဗျူဟာတခုကြောင့် ရခဲ့တဲ့ နာမည်ပါ။ ပြီးခဲ့တဲ့ ၁၀ ရက်အထိ အလုပ်လုပ်ခဲ့တဲ့ ထမင်းဆိုင်မှာ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းအမျိုးသမီးတယောက်က ထမင်းဟင်း ပါဆယ် လာဝယ်တဲ့အမျိုးသမီးတွေကို တခုခု ပြောလေ့ရှိတယ်။

မင်းရဲ့ အင်္ကျီ ငါကြိုက်တယ် i like your blouse (သို့မဟုတ်) မင်းဆံပင်ပုံစံ ငါကြိုက်တယ်၊ မင်းဆွဲကြိုးက လှလိုက်တာ၊ စသဖြင့်။ တနေ့တော့ အလုပ်မများတဲ့အချိန်မှာ သူ့ကိုမေးမိတယ် "မင်းက သူတို့ကို ဟိုဟာကြိုက်လိုက်တာ ဒီဟာကြိုက်လိုက်တယ်ပြောတာ တကယ်ဟုတ်ရဲ့လား" လို့။ သူက - "ကြိုက်လို့ ကြိုက်တယ် ပြောလိုက်တာလည်း ရှိပါတယ်။
တခါတလေလည်း သူတို့ ကျေနပ်သွားအောင် ပြောလိုက်တဲ့သဘောပါ။ ပြောလိုက်တော့ သူတို့ ကျေနပ်သွားကြတာပါပဲ" တဲ့။

မှန်လိုက်လေ။ သူပြောသလိုပါပဲ။ အနည်းနဲ့အများ ကျေနပ်သွားကြဟန် ရှိပါတယ်။ မပြောလည်း ရပါရဲ့။ ဒါပေမယ့် အရောင်းဝန်ထမ်းတွေက ဖောက်သည်တွေကို ဒီလိုနည်းနဲ့ မဟာမိတ်ဖွဲ့ကြတာ။ သို့ကလို ပြောထားတော့ အဲဒီဖောက်သည်နဲ့ ကိုယ်နဲ့ အဆင်ပြေသွားပြီပေါ့။ ကိုယ့်ကို ဂွီဂွမ် မလုပ်တော့ဘူး။

အဲသလို မဟာမိတ်ဖွဲ့တာ လုပ်သင့်တယ်လို့ ပြောလည်း ရပါတယ်။ တခြားနိုင်ငံသားတွေနဲ့ယှဉ်ရင် အမေရိကန်စားသုံးသူတွေက သိပ်ပြီး ပြဿနာ ရှာတတ်သလိုပဲ။ ကျနော် အလုပ်ဝင်ခါစတုန်းက အတိုင်ခံရဖူးတယ်။ ငါ့ဟင်းကို ဒီကောင်တွေ နမ်းကြည့် ရှူကြည့်တယ် တဲ့ ဆိုင်ရှင်ကို လူတယောက်က သွားပြောတယ်။ သူ့ဟင်းကို ဘာကြောင့် နမ်းရမှာလဲ။ ကျနော်တို့က ဒီဟင်းထမင်းအနံ့တွေ နေ့တိုင်းလိုလို ရှူရှိုက်နေရတာ။

လူတွေက ဗိုက်ဆာတဲ့အခါ ပိုပြီး ဒေါသထွက်တတ်တယ်လေ။ ဆိုင်မှာက နေ့လည်စာ ထမင်းနဲ့ဟင်း ၀ယ်ရဖို့အရေး သူတို့ တန်းစီရသေးတာ။ ဒါကြောင့် ဒေါသစက်ကွင်းကလွတ်အောင် ကျေးဇူးရှင်တွေကို မဟာမိတ်ပြုကြတာ ဖြစ်နိုင်တယ်။

နိဂုံးချုပ်ရရင် ဆိုင်အောက်ဆုံးထပ်မှာ ဒိန်ချဉ်ဆိုင် တဆိုင် ရှိတယ်။ အဲဒီဆိုင်ဝန်ထမ်းတွေကတော့ စားသုံးသူတွေကို အထူးတလည် ပြောမနေပါဘူး။ Thanks a lot, Have a good day စသဖြင့်လောက်ပဲ ပြောကြတယ်။
ကျနော်လည်း စားလို့ကောင်းတာကြောင့် သွားထိုင်ဖြစ်တယ် မကြာခဏ။ တရက်တော့ သူငယ်ချင်းတချို့ စားရအောင်လို့ သူတို့အတွက်ရော ကိုယ့်အတွက်ပါ များများ ၀ယ်ဖြစ်တယ်။ များများဝယ်တော့ ဆိုင်ရှင်က "မင်းက ဂျက်လီနဲ့ တူတယ် " တဲ့။ ခါတိုင်း သွားထိုင်စားနေတုန်းကတော့ ဂျက်လီနဲ့ မတူဘူး များများဝယ်တဲ့နေ့မှ ဂျက်လီနဲ့ တူတဲ့သဘေား)

ဂျက်လီဆိုတာ တရုပ်သိုင်းကားထဲက ငနဲလေ။ ဒီအကြောင်း သူငယ်ချင်းတချို့ကို ပြန်ပြောပြဖြစ်ကတည်းက ကျနော့်မှာ နာမည်ပြောင်တခု ထပ်တိုးသွားတော့တာပါပဲ။ 'ဂျက်လီ' တဲ့၊ အင်း - ခက်ကပြီ။

8 comments:

pandora said...

နာမည်တွေများလာပြီ. ရာဇာနီဝင်း။ ဇာဇာ။ ဂျက်လီ။ ဂျက်ဇာ..။

Ma Ma said...

ဒါဆို ဇာဇာ တို့အဖွဲ့ကလားဟင်

Kay said...

အမှတ်တမဲ့ကြည့်လိုက်ရင်..နဲနဲတော့..ဆင်သလို ရှိလို့နေမှာပါ။း)

Ko Kyaw said...

nick name ရသွားတဲ့ အကြောင်းလေး ရေးထားတာ ကြိုက်တယ်။
ပြန်တွေးကြည့်မှ ဟုတ်တယ်၊ ကိုဇာနည်က ဂျက်လီနဲ့ တူတယ်။ ကျနော်လည်း ဂျက်လီလို့ပဲ ခေါ်တော့မယ်၊ ဘယ်လိုလဲ :)

အောင်သာငယ် said...

ဒီမှာ နောက်ထပ် နံမည် လှလှလေး...

ခက်ကပြီ ဂျက်လီ...း)

Moe Cho Thinn said...

ဟောလိဝုဒ်က ကိုဒတ်သီရေတာ ရှေ့မှာ ဂျက်လီနဲ့ ဓာတ်ပုံ တွဲရိုက်ဖူးတယ်။ tips ၁ကျပ်တော့ မပေးလိုက်မိဘူးဗျို့..အဟိ။

Summer Field said...

ဒါကြောင့် ကိုဇာနည်ကို စတွေ့တုန်းက တစ်ယောက်ယောက်နဲ့ ဆင်တယ်လို့ အတွေးဝင်ခဲ့ဖူးတယ်..ခုလို ကိုယ့်ကို စင်တင်ဖော်တော့မှ ရေးရေးရှိလာတယ်..အင်း.ဂျက်လီလို လက်တော့ မသွက်ဘူးလားလို့.။ ပြီးတော့ နှုတ်ကလည်း.ရေထမ်းသမားငိုလောက်တယ်..ရေမရောင်းရလို့..
KMA

sin dan lar said...

ကိုဇာနည်ကို မမြင်ဖူးတဲ့ အတွက် ဂျက်လီကိုမြင်ရင် ကိုဇာနည်ဟု ယူဆထားပါမည်။