
ဗိုင်းရပ်စ်တကောင်ကိုက်တာ ခံနေရတယ်။ ဟုတ်ပါတယ်၊ ကိုရီးယား ဗိုင်းရပ်စ်း) Love Story in Harvard ဟားဗတ်တက္ကသိုလ်ချစ်ပုံပြင် ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေတယ် လို့ ကြော်ငြာလိုက်တော့ ကြည့်ဖူးသူတွေက ပြောကြတယ် သူတို့လည်း ကြိုက်သတဲ့။
သရုပ်ဆောင်တွေအကြောင်း အရင်ပြောရရင် မင်းသမီးအဖြစ် Kim Tae-hee ဆိုတဲ့ ကလေးမက သရုပ်ဆောင်တယ်။ သူကို ဂူဂယ်လိုက်တော့ 1980 ဖွားလို့ စွယ်စုံကျမ်းက ဆိုတယ်။ ကိုရီးယားကနာမည်ကြီးတက္ကသိုလ်တခုကနေ ဖက်ရှင်ဒီဇိုင်း ဘာသာရပ်နဲ့ ဘီအေဘွဲ့ ရထားတယ်။ SBS ရုပ်သံဌာနရဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့သေးတယ်။
ဒီကလေးမကိုကြည့်ပြီး သူ့လို ကြည့်ကောင်းတဲ့တယောက် တို့ဆီမှာလည်း ရှိသားပဲလို့ တွေးမိတယ်။ သူ့ လိုပဲ "သက်မွန်မြင့်"လည်း အဆင်းလှတာပဲ။ ဟုတ်တယ်နော်။
ဒီကလေးမ သရုပ်ဆောင်တာ ကောင်းတယ်။ သရုပ်ဆောင်ဆုကြီးတွေတောင်ရထားတယ် ဆိုပဲ။
ဟောသမှာ ဆုစာရင်း-
* 2007 Daejong Film Awards: Overseas Popularity Award-Female (The Restless)
* 2007 Paeksang Arts Awards: Movie section Popularity Award-Actress (The Restless)
* 2005 Paeksang Arts Awards: TV section Popularity Award (Love Story in Harvard)
* 2004 SBS: Highest Popularity Award for actress (Love Story in Harvard)
* 2004 SBS: 10 Stars Award
* 2004 KBS: New Actress Award (Forbidden Love)
* 2003 SBS: New Star Award (Screen & Stairway to Heaven)
မင်းသားက Kim Rae-won ဆိုတဲ့ ကောင်လေး။ ၁၉၈၁ ခုနှစ်ဖွား။ သူက သရုပ်ဆောင်၊ မော်ဒယ်၊ ဆယ်ကျော်သက်ကတည်းက ရုပ်သံမှာ လှုပ်ရှားခဲ့သတဲ့။ သူလည်း ခေသူမဟုတ် ဘွဲ့ရ ပညာတတ် ဆိုပေမယ့် ရုပ်ရှင်ထဲမှာတော့ အင်္ဂလိပ်စကားပြောခန်းတွေမှာ အသံထွက် အားနည်းတာ တွေ့ရတယ်။ black ကို blat လို့ သုံးလေးခါမက အသံထွက်တယ်း)
ဇာတ်လမ်းကတော့ ဟားဗတ်တက္ကသိုလ်ရောက် ကိုရီးယားကျောင်းသားတွေရဲ့ ကြည်နူးစရာတွေကို ရိုက်ထားတာပါ။ စာသင်တာ စာလေ့လာတာတွေလည်း ပါပါတယ်၊ ခုချိန်ထိ ကြည့်ရသမျှတော့။ နောက်ဆုံးတော့ မင်းသမီးနဲ့ မင်းသား ညားကြလေသတည်း နဲ့ အဆုံးသတ်ထားတယ်၊ ပြီးတော့ ကလေးသုံးယောက်တောင် ရသွားသေးရဲ့လို့ ၀ီကီစွယ်စုံကြမ်းက ဆိုတယ်။
ဝီကီမှာ နိဒါန်းပျိုးထားတာကတော့ ၂၀၀၄ မှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တယ်၊ အောင်မြင်တယ် တောင်ကိုရီးယားမှာရော အရှေ့အာရှမှာပါ။ အမျိုးသားသရုပ်ဆောင် အင်္ဂလိပ်စကားပြောညံ့တာတောင် အောင်မြင်တယ်။ အမျိုးသမီးသရုပ်ဆောင်တွေက သိသိသာသာကို အင်္ဂလိပ်စကားပြော ပိုကောင်းတယ် တဲ့။ ဟားဗတ် ဆိုပေမယ့် ကယ်လီဖိုးနီးယားမှာရှိတဲ့ တက္ကသိုလ် ၂ခုမှာ ရိုက်ခဲ့တာလို့ ဆိုတယ်။
တနေရာမှာ ဇာတ်ပို့မင်းသမီးက ဗီလိန်ဇာတ်ပို့ (လူကြမ်းမင်းသား)ကို နမ်းဖို့ ကြိုးစားတယ်။ ဟိုသကောင့်သားက အနမ်းမခံဘူး။ ငါက ရှေးရိုးဆန်တဲ့ကောင်ကွ တဲ့။ အဲသလိုပြောပြီး သူက အဲဒီကလေးမကို နမ်းပါလေရော။ ဒီကောင်ကလည်း နေရာတကာ ရှေးရိုးဆန်တဲ့သတ္တ၀ါပဲ။း) ကျနော်တို့နိုင်ငံက အမျိုးသားတွေလည်း သူ့လိုပဲ ရှေးရိုးဆန်ကြမယ်ထင်တယ်း)
ဇာတ်လမ်းက ခပ်တိုတိုရိုက်လို့ရမှာပါ။ နို့ပေမယ့် လနဲ့ချီပြီး တီဗွီမှာ ပြလို့ရအောင် ရိုက်တာက ပညာပဲ။ လူတွေ တီဗီရှေ့လာထိုင်စောင့်ပြီးကြည့်အောင်လုပ်နိုင်တာ ပိုပြီး ပညာပါတယ်။း)
ဇာတ်လမ်းကို လှည့်လိုက်တာ၊ ဆွဲဆန့်တာတွေကို သည်းခံပြီး ကြည့်နေရတယ်။ သူတို့ ဘယ်လို တင်ဆက်သလဲ ဆိုတာကို လေ့လာချင်၊ မင်းသမီးကို ကြည့်ချင်တော့လည်း သည်းခံရတယ်လေ။း) ဘာကြောင့် လူတွေ ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြိုက်နေရသလဲ ဆိုတာကိုလည်း လေ့လာဖြစ်တယ်။ လေ့လာဆဲပဲ။ ကျနော့်မဟေသီက စာမေးပွဲတွေ ဆက်တိုက်ရှိနေလို့ ကိုရီးယားလေ့လာမှုကို ခဏဆိုင်းထားရတယ်။ သဘက်ခါတော့ ပြန်အစပြုနိုင်ကောင်းရဲ့။
တရုတ်မတယောက်က ပြောဖူးတယ်၊ ကိုရီးယားမင်းသမီးတွေချောတယ် ဆိုတာ မိတ်ကပ်ကောင်းလို့ပါ ဆိုပဲ။ သူပြောတာလည်း တချို့မင်းသမီးတွေအတွက် မှန်ကောင်း မှန်ပါလိမ့်မယ်။
ရန်ကုန်က ရုပ်ရှင်ဗီဒီယို ဒါရိုက်တာတွေကတော့ ကိုရီးယားကားတွေကို သိပ်အထင်မကြီးဖို့ ပြောတယ်။ သူတို့လည်း စွမ်းဆောင်နိုင်ပါတယ်လို့ ဆိုလိုဟန်ရှိတယ်။
ရုပ်ရှင်တကား အောင်မြင်ဖို့ ဆိုတာ ဒါရိုက်တာကောင်းရုံနဲ့ ဘယ်လုံလောက်မလဲ။ ဒါရိုက်တာဆိုတာ ခေါင်းစဉ်ခွဲလေးတခုပါ။ တခြားခေါင်းစဉ်ခွဲတွေလည်း အနည်းဆုံး ဆယ်ခု ဆယ့်ငါးခု ရှိပါလိမ့်မယ်။ ။ THE EN :D
8 comments:
အဲဒါထွက်တာ ကြာပေါ့။ အစ်မတစ်ယောက်ဆို ခဏခဏပြန်ကြည့်တယ်။ ပြန်ကြည့်လိုက် ငိုလိုက်...
သူ့အစားမောလိုက်တာ။
မင်းသမီးလေး ချောတာကို ကိုဇာနည်နဲ့ အပြိုင် ငမ်းသွားတယ်။
သူငယ်ချင်းတယောက်ကတော့ ပြောဖူးတယ်။ ကိုရီးယားမလေးတွေ လှလွန်းလို့ ကြိုက်ပြီး ယူတာ မွေးလာတဲ့ကလေးတွေက ရုပ်ဆိုးလိုက်တာ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံး ပလပ်စတစ်ဆာဂျရီ လုပ်ပြီး လှအောင် လုပ်ထားကြလို့ တဲ့။ ခေတ်ပေါ်နည်းပညာလဲ တကယ့် မျိုးရိုးကိုတော့ ဘယ်ဖျက်နိုင်မလဲလေ။ အဲလို ပြောသူကိုယ်တိုင်က ကိုးရီးယားမ။ သူကတော့ မျက်နှာမပြုပြင်ထားဘူး.. :D
အင်း wallpaper မှာ တပုံတိုးပြီးပေါ့...း)း)
အဲဒီ ကင်ထယ်ဟီး ပုံတွေ..... အများကြီးရှိတယ်....။
ယူမလား
စာရေးသူက သက်မွန်မြင့်ကို ကြိုက်တယ်ထင်တယ်.. ကင်ထယ်ဟီးကိုတောင် သက်မွန်မြင့်နဲ့ နှိုင်းထားတယ်.. ဒါပေမဲ့ အကွာကြီးပါ.. သက်မွန်မြင့်က သူတစ်ချိန်ဆန်းတက်တုံးကသာ လှသလိုလိုရှိပေမဲ့.. ခုနောက်ပိုင်း မျက်နှာကြီးက ဖောင်းကားနေတာပါပဲ.. ကင်ထယ်ဟီးက ဒီလောက်ချောတာ.. အဟီး.. ယောကျာင်္းလေးကြည့်တော့ မင်းသမီးအကြောင်း အရင်ဂူဂဲလ်တယ်.. မဗေဒါတို့ကြည့်ရင်တော့ မင်းသားအကြောင်း အရင် ဂူဂဲလ်ဖြစ်တယ်.. ဟီး.. ဟီး.. ကင်ထယ်ဟီးမှာ လီဝမ်ဆိုတဲ့ မောင်တစ်ယောက်ရှိတယ်.. သူလဲ မင်းသားပဲ.. အရမ်း အရမ်းချောတယ်.. မောင်နှမ ၂ယောက်လုံးချောတယ်ဆိုတော့ သေချာတာ သူတို့ က ပလပ်စတိတ် ဆာဂျူရီ မဖြစ်နိုင်ဘူး.. တကယ်ချောတာဖြစ်မှာ..
ဟေ့-
သက်မွန်မြင့်ကို မထိနဲ့
း)
ဇာနည်ဝင်း
ကင်ထယ်ဟီးကတော်တော့်ကိုချောတာ။ မိန်းကလေးချင်းတောင်ငေးရတယ်၊ သူ့ ရုပ်ရည်မျိုးက
ရှာမှရှားပဲနော်။ အားကျလိုက်တာ။ ဘယ်ဘ၀ကဆုတောင်းကောင်းလို့ လဲမသိဘူး။ ငါလဲ
နောက်ဘ၀ကျ ကင်ထယ်ဟီးလောက်ဆိုတော်ပါပြီ။ (ဖြစ်ချင်တာလေးကသိပ်တော့မများပါဘူး..ဟဲဟဲ)
ကင်ထယ်ဟီးပုံတွေလိုချင်ရင် winteryuri@g..
ဆက်သွယ်လိုက်နော်။ ပုံလှလှလေးတွေအများကြီးရှိတယ်။
(မလှတာတစ်ပုံမှကိုမရှိတာ)
ကင်ထယ်ဟီးကတော်တော့်ကိုချောတာ။ မိန်းကလေးချင်းတောင်ငေးရတယ်၊ သူ့ ရုပ်ရည်မျိုးက
ရှာမှရှားပဲနော်။ အားကျလိုက်တာ။ ဘယ်ဘ၀ကဆုတောင်းကောင်းလို့ လဲမသိဘူး။ ငါလဲ
နောက်ဘ၀ကျ ကင်ထယ်ဟီးလောက်ဆိုတော်ပါပြီ။ (ဖြစ်ချင်တာလေးကသိပ်တော့မများပါဘူး..ဟဲဟဲ)
ကင်ထယ်ဟီးပုံတွေလိုချင်ရင် winteryuri@g..
ဆက်သွယ်လိုက်နော်။ ပုံလှလှလေးတွေအများကြီးရှိတယ်။
(မလှတာတစ်ပုံမှကိုမရှိတာ)
Post a Comment