Jan 4, 2009

Jan 4

အိမ်ထောင်ပြုမယ်၊ မင်္ဂလာဆောင်မယ် ဆိုပြီး ရက်ရွေးတော့ လွတ်လပ်ရေးနေ့ကို ရွေးလိုက်တယ်။ နိုင်ငံရေးဆန်တာလည်း မဟုတ်၊ ဗေဒင်ဆရာပေးတဲ့ရက်လည်း မဟုတ်ရေးချမဟုတ်။ ဝေဒပြက္ခဒိန်ထဲက မင်္ဂလာရက်မြတ် ဆိုတာတွေလည်း မကြည့်ဖြစ်။ ရက်ရွေးဖို့ ဦးဇင်းသက်အောင်နဲ့ တိုင်ပင်လိုက်တာပါပဲ။

ဦးဇင်းက နက္ခတ်တွေ ဘာတွေ ကြည့်တတ်ပုံတော့ မရဘူးး) မကြည့်တတ်လည်း အရေးမကြီး၊ သူ့ကျောင်းမှာ မင်္ဂလာဆွမ်းကပ်၊ ပရိသတ်ကိုဧည့်ခံမယ် ဆိုတော့ ကျောင်းက ကိုယ်တော်တွေ အဆင်ပြေမယ့်နေ့၊ ဆွမ်းစားဆောင် အားတဲ့ရက်ကို မေး၊ ဆရာတော်ကိုလျှောက်ပြီး ရက် ၁ ရက် ရသွားတာ။ ဟုတ်ကဲ့ လွတ်လပ်ရေးနေ့ပေါ့း)

ဖိတ်ကြားထားသော ဧည့်သည်တော်များ ကြွရောက်ကြပါတယ်။
စိတ်မကောင်းစရာတခုက မိတ်ဆွေတချို့ကို မဖိတ်ဖြစ်လိုက်တာပဲ။ ကိုဘိုလေး ဆောဒီးဗျား) နောက်တခါ ထပ်ဆောင်ဖြစ်ရင် အသေအချာ ဖိတ်ပါ့မယ်း)

လွတ်လပ်ရေးနေ့မှာ ဆောင်တယ် ဆိုတော့ နှစ်စဉ်နှစ်တိုင်း မင်္ဂလာဆောင်နှစ်ပတ်လည်နေ့ကို လွန်သွားမှ သတိရတာမျိုး ဖြစ်စရာအကြောင်း သိပ်မရှိတော့ဘူး။ လွတ်လပ်ရေးနေ့ဟာ နိုင်ငံတခု အစပြုတဲ့ နှစ်ပတ်လည်နေ့။ ကျနော်နဲ့မဟေသီရဲ့ နှစ်ပတ်လည်နေ့။

အိမ်ထောင်ပြုပြီးပြီဆိုတော့ လူလွတ်သူငယ်ချင်းတချို့က မေးကြတယ်၊ အိမ်ထောင်ပြုတာ ကောင်းလား မကောင်းလား။ ဒီလို မေးခွန်းတွေက စွန့်စားတော့မယ်သူတွေ မေးတတ်တယ်လေ။ ဒီတော့ သူတို့စိတ်ကြိုက် ဖြေသင့်တာပေါ့။ ကောင်းတယ် လို့ပဲ ဖြေလိုက်ရုံး)

ငယ်တုန်းက ဖတ်ဖူးသလိုပါပဲ အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ဘ၀ ကိုယ့်အချိန်တွေ သူ့ကိုတ၀က်ပေး၊ ကိုယ်ကလည်း သူ့ဆီက တ၀က်ပြန်ယူတဲ့သဘောပါ။ အပြန်အလှန် နစ်နာကြတာပဲ။ အဲသလိုပဲ ဖြေဖြစ်တယ်။

ပထမ နှစ်ပတ်လည်နေ့တုန်းက မဟေသီကို ပြောဖူးတဲ့ ဟာသတပုဒ် ရှိတယ်။
"ကျမတို့ အိမ်ထောင်သက် ၂၀ ပြည့်အထိမ်းအမှတ် အနေနဲ့ ခြံထဲက ကြက်တကောင်ကိုချက်ပြီး ညစား စားလိုက်ကြရအောင် လို့ ဇနီးသည်က ပြောတယ်။ သူ့ယောက်ကျားက ဘာပြန်ပြောသလဲ ဆိုတော့ မလုပ်ပါနဲ့ကွာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကဖြစ်ခဲ့တဲ့ မှားယွင်းမှုအတွက် ဒီကြက်ကလေးမှာ အပြစ်မရှိပါဘူး" တဲ့း)

ဒီနှစ်မှာ ပြောဖြစ်တဲ့ နောက် ဟာသ တပုဒ်က နှစ်ငါးဆယ်ပြည့် အိမ်ထောင်သက်အတွက် ညစာ ထွက်စားတဲ့လင်မယား အပြန်လမ်းမှာ ယောက်ကျားက မျက်ရည်ကျတဲ့အကြောင်း။ သူ့မိန်းမ ထင်တာက ၀မ်းသာလို့ ကျတဲ့မျက်ရည်ပေါ့။ နောက်ဆုံးတော့ ယောက်ကျားက ပြောပြတယ်၊ ငါ လက်မထပ်ခင်က အကြောင်းတွေကို စဉ်းစားနေတာပါ၊ အဲဒီတုန်းက မင်းအဖေက ငါ့ကို သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တယ်၊ ငါ့သမီးကို ယူရင်ယူ မယူရင်တော့ မင်းကို ထောင် အနှစ် ၅၀ ချမယ် တဲ့။ အင်း - ထောင်အချခံလိုက်ရင်တော့ မနက်ဖြန်ဆို ငါ လွတ်ပြီး) ဆိုပဲ။

ဟာသဖတ်ပြီး ရယ်လိုက်တာ ကောင်းပါတယ်း) မရယ်ရင်တော့ ၀မ်းနည်းရမယ်း)

9 comments:

sin dan lar said...

ဟာသဖတ်ပြီးရယ်ချင်ပါတယ်...
ကိုဇာနီနောက်က ငရုပ်ကျည်ပွေ့နဲ့
မဟေသီကိုမြင်လို့ မရယ်ရက်တော့ပါဘူး...:P:P

sin dan lar said...

မေ့လို့.. မနက်ဖြန်ဟာ ကျွန်တော့်အတွက်အရေးကြီးတဲ့နေ့လို့
မနေ့က ကြိုပြောထားတယ်ဆိုတော့
ငရုပ်ကျည်ပွေ့မလာလောက်ပါဘူးလေ...

အောင်သာငယ် said...

ခုမှတော့ ဂလို မပြောသင့်ပါဘူးဗျာ... ကိုဇာလီ... အဲ.. ကိုဂျက်နီရယ်... ဟဲ... ဟဲ...

zarny win said...

၁။ အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာ သတို့သားအရံလုပ်ပေးဖို့ သူငယ်ချင်းတယောက်က ပြောလို့ ကူညီလိုက်ရသေးတယ်။း) အဲဒီအကြောင်း ရေးဖို့ ကျန်သွားတယ်။ နောင်များမှ ရေးတာပေါ့။ ပျော်ပျော်ပါးပါး။း)
၂။ မှတ်ချက် လာပေးသွားသူများ ကျေးဇူးတင်ပါတယ်။
ဇာနည်ဝင်း

Kay said...

တကယ်ကို ရီမိပါတော့တယ်။
အော်- အဲဒါကြောင့်..ဒီနေ့လို့ပြောတာကိုး။
တကယ့်နေ့ကြီးပဲ- အဟဲ
လွတ်လပ်ရေးနေ့ မှာ-

pandora said...

ကြည့်.. ၀မ်နင်ပေးထားတဲ့ကြားက လွတ်လပ်ရေးနေ့မှာ မလွတ်လပ်တဲ့ အကြောင်းတွေ ရေးပြန်ပြီ :D

အနော်လည်း ဟာသလေး တစ်ခု ကြားဖူးတယ်။

အမျိုးသားက ပြောတယ်။ မင်းကို မရခင်က ငါဟာ တလောကလုံးမှာ ရှိရှိသမျှ မိန်းမတွေကို လိုချင်တပ်မက်မောခဲ့တယ် တဲ့။ အမျိုးသမီးက အခုတော့ မလိုချင်တော့ဘူးပေါ့နော်.. လို့ မျှော်လင့်ချက်နဲ့ ပြန်မေးလိုက်တယ်။ အမျိုးသားက ပြန်ဖြေလိုက်တယ်။ အခုတော့.. တစ်ယောက်လျော့သွားတယ်လေ.. တဲ့။

ရယ်လိုက်ပါ.. ရယ်လိုက်ပါ.. :D

ကေလာ said...

အော်. . လွတ်လပ်ရေးနေ့မှာ မလွတ်မလတ် ဖြစ်သွားတာကိုး .. မြန်မာပြည်သား ပီသပါတယ်. .. ဟိ စတာ ချိတ်ချိုးနဲ့ နော်..

Moe Cho Thinn said...

တို့လဲ မင်္ဂလာဆောင် မတက်လိုက်ရဘူးလေ။ ဓာတ်ပုံတွေပဲ ကြည့်လိုက်ရတာ။ နောက်တခါ ဆောင်ရင်တော့ ဆက်ဆက် ဖိတ်ပါ။
ဒီတယောက်နဲ့ပဲ ပြောတာပါလေ :))

tututha said...

အမျိုးသားက အိမ်ထောင်သက် ၉ နှစ်ပြည့်တဲ့နေ့မှာ ပြောတယ် သြော် ငါ့ကိုယ်ငါနွားလုံးလုံးဖြစ်မှန်း ဒီနေ့မှပဲ သိလိုက်ရတော့တယ်တဲ့။ အမျိုးသမီးကပြန်ပြောတယ် ဟုတ်လား ကျမကလည်း လူမှတ်နေတာ နွားကြီးကို ယူထားမိမှန်းဒီနေ့မှပဲ သိလိုက်ရတော့တဲ့။ ရီသွားတယ် .. ရီသွားတယ် ရီရီရေ ...