Jan 10, 2009

Prime Minister

အလုပ်တခု လျှောက်ထားတယ်။ ကျနော့်မိတ်ဆွေတချို့လည်း အဲဒီမှာ ၀င်လုပ်နေတယ်။ ဘာအလုပ်ပါလိမ့်ဆိုပြီး လိုက်စုံစမ်းရင်တော့ တွေ့မှာပါပဲ။ အဲဒီအခါမှ "ဟင်၊ ဟယ်၊ အမ်၊ အောင်မယ်လေး၊ မထင်ရဘူးနော်" လို့ ပြောတဲ့သူတွေ ရှိနိုင်သလို၊ ငါလည်း အဲဒီမှာလုပ်ဖို့ လျှောက်လွှာတင်ဦးမှပဲ လို့ ဆုံးဖြတ်သူတွေလည်း ရှိပါလိမ့်မယ်။ ကဲ ကျနော့်လျှောက်လွှာ ဖတ်စေ -

သို့
သဘာပတိ

အကြောင်းအရာ။ ။ ဟိုနေ့ကပြောတဲ့ကိစ္စ။

ကျနော့်ကို ၁ နေရာ ပေးပါ။ လိုချင်တဲ့နေရာက ဝန်ကြီးချုပ်။ တကယ်လိုချင်တာက လည်ရာ ပြန်စားရေးဝန်ကြီး ဌာန။ ဒါပေမယ့် သူများ ဦးသွားပြီ။

အဲဒါမရတော့လည်း ကျန်တာ ရွေးယူမယ်လေ။ လစာ ငါးထောင့်ငါးရာ ရနိုင်မယ်လို့ မျှော်မှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ “တောင်ကျရေ နွားနှစ်ကောင် မဝ သလိုပ၊ မောင်ဘဖေ ငါးထောင် မရတာကြောင့်” ဆိုတဲ့ ကဗျာလည်း ရှိတယ်မဟုတ်လား။ ဟိုတုန်းက ၀န်ကြီးတွေက ငါးထောင် ရတဲ့သဘော။ ၀န်ကြီးချုပ်ဆိုတော့ သူတို့ထက် ငါးရာ ပိုရသင့်ပေတာပေါ့။

ဝန်ကြီးချုပ်က ဘာတွေလုပ်ရတယ် ဆိုတာတော့ ကျနော်လည်း မသိ။ သိလည်း မသိချင်ဘူး။ တချို့က အဲဒီနေရာအတွက် အသည်းအသန်ဖြစ်နေတယ် ဆိုတော့ အင်မတန် အိုကေမယ့် ရာထူး ဖြစ်လိမ့်မယ် လို့တော့ ထင်တယ်။ ကြုံတုန်း ယူထားတာ ဆိုပါစို့။

ဒီအလုပ်ရရင် ကိုယ့် ရှေ့ရေးအတွက် အထောက်အကူဖြစ်တယ်။ အလုပ်တခုခု လျှောက်တဲ့အခါ ကိုယ်ရေးရာဇ၀င်မှာ ဖြည့်စရာအကြောင်းအရာ တခု ရမယ်လေ။

ပြည်ပမှာ စင်ပြိုင်အစိုးရသစ် ပေါ်တော့မယ်လို့ ကြားတယ်။ ဘာရယ်လို့မဟုတ်ဘူး၊ ကျနော်လည်း နေရာတခုခု ရချင်တယ်။ ဒါပေမယ့် အဲဒီမှာ ၀င်အရွေးခံဖို့ ကျနော့်မှာ အခွင့်အရေး ရှိမယ် မထင်။ ၀မ်းနည်းစရာပဲ။ ဒါကြောင့်လည်း အခွင့်သာတဲ့အခါ ရတဲ့နေရာတခုခု ယူမယ်လို့ ဆုံးဖြတ်လိုက်ရတာပါ။

ဒါပါပဲ၊ နောက်နေ့ တွေ့တာပေါ့။

ကြိုတင်ကျေးဇူးတင်လျက်

မစ္စတာဇက်

စာကြွင်း- သဘာပတိရဲ့ အတည်ပေါက်ပို့စ် ကို ဖတ်အပြီး ဒီလျှောက်လွှာ တင်လိုက်တာပါ။

8 comments:

sin dan lar said...

crazyvilla မှာ ၀န်ကြီးချုပ် လုပ်မယ်လို့ပြောတာလားဟင်

tututha said...

သဘာပတိဟုတ်ဘူး နာယကဗျို့ နာယက မှားနေပြီ ဟီဟိ။

ဗီလိန် said...

ဟုတ်ပါ့ဗျာ။ အတွင်းရေးမှူး-၂ ကတော့ ကန့်ကွက်စရာမရှိပါဘူး။ လောလောဆယ်တော့ ဘုတ်အဖွဲ့နဲ့တိုင်ပင်နေပါတယ်။ လေးစားထိုက်တဲ့ ရှာပါးငပေါတစ်ဦးရဲ့ ကမ်းလှမ်းခံရတဲ့အတွက် ငပေါများဂေဟာကိုယ်စားဂုဏ်ယူမိပါတယ်ဗျာ။

ကေလာ said...

ဝံဂျီးတွေ တင် ဟုတ်ဝူး .. ၀ံဂျီးဂျုပ်ပါ လာအုံးမယ်တဲ့ .. ကေလာ တော့ပွတာပဲ . . ကွန်ပလိန်း တက်ပစ်မယ်.... ဟိ

Moe Cho Thinn said...

ရစေဗျား..
မြန်မာပြည်မှာ ၀ံဂျီးတွေက များပြီးသား..

ဖိုးဂျယ် said...

ကျတော်က သဘာပတိပါ
လာကြွားတာမဟုတ်ဘူးနော်
မှားနေလို့ လာအော်တာ ဟီးး
အားလုံးက အတူတူတွေပဲလေ
ကြီးသူရိုသေ ငယ်သူလေးစားပေါ့

ပိုက်ပိုက် said...

ဟဲလို....
ဟီးဟီး
ဆက်သွယ်ရေးဝန်ကြီးပါ
ဝန်ချီးချုပ်ကိုထောက်ခံပါတယ်

yatuyinnyo said...

ခုမှလည်ရာကပြန်ရောက်တာပါ