johnny walked
johnny walker ဆိုတာ အများစု သိကြမှာပါ။ ဟုတ်ပါတယ် ဂျော်နီဝါးကား သို့တည်းမဟုတ် ဂျော်နီလမ်းလျှောက်ပေါ့ ခင်ဗျာ။ ဒီလူ အမြဲတမ်း လမ်းလျှောက်နေတာ မညောင်းဘူးလားလို့ တွေးမိကြမှာ မဟုတ်ပါဘူး။ ဈေးကြီးတဲ့ ပုလင်းလို့ပဲ တွေးမိကြ၊ သောက်လို့ကောင်းတဲ့ အရည်လို့ပဲ တွေးမိကြမယ် ထင်ပါရဲ့။ မြန်မာပြည်က အိမ်တွေမှာတော့ ဒီအရက်ပုလင်းခွံတွေကို အိမ်ရှေ့ခန်းမှာ တွေ့ဖူးတယ်။ မှန်ဗီရိုထဲ အခန့်သား လမ်းလျှောက်နေတဲ့အခါ ရှိသလို ကြွက်လျှောက်တန်းပေါ်မှာ လမ်းသလားနေတဲ့အခါလည်း ရှိသပ။ မောင်ဂျော်နီ လမ်းလျှောက်တဲ့အမှတ်အသား ပါတဲ့ ကမ္ဘာကျော်အရက်ပုလင်းဆိုတော့လည်း အလှဆင်ပစ္စည်း ဖြစ်နေရှာပေါ့။
ဒီအမှတ်အသားကို ချင်းမိုင်မြို့ နိုက်ဘဇား/ညဈေး မှာ ရောင်းတဲ့ တီရှပ်တွေမှာလည်း အသွင်တမျိုးနဲ့ ဟောသလို တွေ့ရသဗျ။း)
ဒီတခါတော့ မောင်ဂျော်နီ လမ်းမလျှောက်နိုင်တော့ဘူး။ သူ့ပုံအောက်က စာတန်းမှာလည်း johnny walked တဲ့။ မောင်ဂျော်နီ လမ်းလျှောက်ခဲ့ပြီးပြီပေါ့ ခင်ဗျာ။ အင်း - ဘီးတပ်ကုလားထိုင်ပေါ် ရောက်နေပြီ ဆိုမှတော့ ဘယ်လောက်တောင် လမ်းလျှောက်ခဲ့ပါလိမ့် သနားစရား)
ကျနော်ကတော့ ဒီပုံကို သဘောကျတယ်။ သဘောကျစရာ တီရှပ်တွေ အရမ်းများတာပဲ။ စိုင်းစိုင်းခမ်းလှိုင် သူ့မွေးနေ့မှာ ၀တ်တဲ့ game over ဆိုတဲ့ ရယ်စရာ တီရှပ်လည်း အဲဒီမှာ ပေါမှပေါ။ တီရှပ်တထည် တန်ဘိုးက မြန်မာငွေ အနည်းဆုံး သုံးထောင် ကျော်မယ်။ အဲဒီဈေးမှာက ဈေးကို တင်ပြောထားတာ ဆိုတော့ ဆစ်နိုင်မှ တော်ကာကျမယ်။ မြန်မာပြည်သားတွေလည်း အရောင်းဈေးသည် လုပ်နေကြတ မဟုတ်လား။ တယောက်ယောက်နဲ့ သိရင် အတွင်းဈေးနဲ့ ၀ယ်ပေါ့ဗျာ။ ဒါဆို ကျပ်၃ ထောင် (ဘတ် တရာ) နဲ့ ရနိုင်မယ်။ ကဲ ဒါပါပဲ။ နိုက်ဘဇားအထိတော့ လမ်းမလျှောက်ကြနဲ့နော်။ တော်ကြာ မောင်ဂျော်နီလိုမျိုး ကုလားထိုင်ပေါ် ရောက်နေကြမယ်။း) :D
4 comments:
နေဦး နောက်တစ်မျိုးပြင်ရေးကြည့်ရအောင် သောက်လို့ကောင်းတဲ့ အရည် မဟုတ် သေရည် လို့လေ။ ပြီးတော့ - ဂျော်နီ လမ်းလျှေက်ကပေါ်တာကြာပြီဆိုတော့ အသက်ကြိးသွားလို့ လက်တွန်းလှည်းပေါ်ထိုင်နေရတာများလား။ လေဖြတ်သွားလို့လေ။ ဟဲဟဲ မအားတဲ့ကြားကဘဲ ရေးသူကမနေနိုင်မထိုင်နိုင်ရေး လို့ ဝေဖန်သူက ဝေဖန်ရပါကြောင်း။
ဂျော်နီ လမ်းစလျှောက်တာ ၁၈၂၀။ အခုမှ (၂၀၁၀ မှ) ကုလားထိုင်စီးတယ်။ Yay.... လမ်းဆက်လျှောက်မယ်။ (KM)
ချင်းမိုင် ညဈေးတန်းက ရှည်သလောက် ၀ယ်ရတာလဲ ပေရှည်တယ်။ ဆစ်ရလွန်းလို့လေ။ ကံကောင်းချင်ရင်လဲ ဘန်ကောက်က မာဘွန်ခရောင်းမှာ ၀ယ်ရတာထက် ဈေးတန်တယ်။ နှစ်ဈေးလုံးကတော့ ၀ယ်လို့အကောင်းကြီးမဟုတ်၊ ဘာလို့ဆို ဈေးဆစ်ပြီး ၀ယ်ရတဲ့ စနစ်ကို enjoy မဖြစ်လို့ပါ။
ကိုဇာ....(အဲ)ဂျော်နီ ရေချိန်လွန်သွားလို့ပါ။walker....walker...အေး..
အေ...(လေချဉ်တက်သံ)။ဒါမှပိုပြည့်စုံ မှာပေါ့း))
Post a Comment