Jun 13, 2010

why i want to stay in NY?

နယူးယောက်မှာ နေချင်ရတဲ့ အကြောင်း
၁။ နယူးယောက်မှာ ဒီကနေ့ တတိယအကြိမ်မြောက် မြန်မာအစားအစာ ပွဲတော် လုပ်မယ်လို့ ဆိုတယ်။
၂။ နယူးယောက်မှာ မြန်မာတွေလည်း များတယ်။
ဒါကြောင့် နယူးယောက်မှာ နေချင်တယ်။
အစားအသောက် စာရင်းတွေ ကြည့်ကြပါဦး။ ဖတ်ရတာ အရသာ ရှိလိုက်တား) အရသာ ရှိတဲ့အကြောင်းကို ရေးမှ အရသာရှိတဲ့ပို့စ် ဖြစ်မယ်လေး)

မစားဖူးတာတွေလည်း ပါတယ်။
အားလုံးလိုလိုက စားချင်စရာတွေချည်းပဲး)

မြန်မာပြည်က မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ရှာတဲ့ပွဲလို့ ဆိုတယ်။ ဒီကနေ့ တနင်္ဂနွေ နေ့ ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ဆိုပဲ။ သွားပြီး အားပေးကြပေတော့။ အခု ဒီပို့စ် ရေးနေချိန်ကပဲ နယူးယောက် စံတော်ချိန် မနက် ၁၀ နာရီခွဲနေပြီ။ လိပ်စာ အပြည့်အစုံက-

Full Address:
PS-12 James B Colgate School
42-00 72nd Street
Woodside, NY 11377
Corner of Woodside Ave and 72nd Street in Queens, New York.

ဒီပွဲကို စီစဉ်တာက မိုးကြိုး ဆိုတဲ့ အဖွဲ့။ သူတို့ဝက်ဆိုက် http://blog.moegyo.org/ မှာတော့ သူတို့ အကြောင်းတွေ ရေးထားတယ်။ ဓာတ်ပုံတွေလည်း ရှိတယ်။ ဓာတ်ပုံတပုံက စကားလုံး တသိန်းဆိုလား ကြားဖူးတယ် မဟုတ်လား။ ပုံတွေကို ကြည့်သင့်တာပေါ့။ ဘာအဖွဲ့လဲ ကိုယ်ဘာလုပ်ပေးနိုင်မလဲ သိချင်ရင်
http://www.moegyo.org/faq.php ကို သွားပါ။ (ကျနော်ကတော့ အဖွဲ့ဝင် မဟုတ်ပါဘူး။ လုပ်အားပေးတော့ လုပ်ချင်ပါတယ်။ ဒါမျိုးပွဲ ဖိတ်စာတွေကို မြန်မာလို စာစီစာရိုက် လုပ်ချင်တယ် ဆိုရင် ကျနော့်ကို ဆက်သွယ်ပါး)

အင်း - လိုရင်း ပြောရရင် နယူးယောက်မှာ သွားနေရရင် ကောင်းမယ်။ မြန်မာရနံ့တွေ ရဖို့ အထီးမကျန်ဖို့ပေါ့း)

3 comments:

Anonymous said...

သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗျာ ...
ဝိတ် လျော့နေတာမို့ သွားမစားဖြစ်တော့ ပါဘူး ... ဂျာမဏီ ပွဲ ကြည့် ရင်း ဆိုင်က salad တဗူး ဘဲ ၀ယ်စားပလိုက်တယ် ... ကြော်ငြာ တာ နောက်ကျတယ် ....

mie nge

kay said...

နေချင်သူတွေ သွားကြပေါ့။း(

ကေ said...

အစားပုပ်တဲ့ တရုတ်ကလေး တစ်ယောက်များ တွေ့မိကြသလား။ သူက မစားရအညှော်ခံ ကြော်ငြာကမ်းနေလေရဲ့၊ ဇာနည်ဝင်း ဘလော့ထဲမှာလေ။
နောက်ပြီးသူက နယူးရောက်မှာ သွားနေချင်ပြန်သေးသတဲ့။ အထီးကျန်မှာ စိုးလို့တဲ့။ တစ်ကယ်တော့ သူ့မှာ အမ ဘဲကျန်နေတာနော်။ ချင်းမိုင်မှာလေ။ သူ့ချစ်သူလေးကိုပြောတာ။ ဟဲဟဲဟဲ။း)