Dec 24, 2010

Christmas and bloggers :D

ဘလော်ဂါများ သီချင်းဆိုရန် ဆုံးဖြတ်
Burma Strange News ကို ပို့တဲ့ သတင်း


ယခုနှစ် ခရစ်စမတ် ကာလမှ စတင်ပြီး သီချင်းဆိုရန် ဆုံးဖြတ်ချက် ချလိုက်ကြောင်း ထင်ရှားသည့် ဘလော်ဂါများက ယနေ့ ပြောဆိုလိုက်သည်။

“YouTube မှာ ပါတဲ့ သီချင်းတွေကို နားထောင်အပြီးမှာ တော်တော်လေး မခံချင်စိတ် ဖြစ်မိတယ်။ ငါတို့လည်း သီချင်းဆိုနိုင်တာပဲ လို့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်လိုက်တယ်” ဟု အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သူ ဆူရှီဆရာ ဘလော်ဂါတဦးက ပြောသည်။

“ဒီနေ့ကစပြီး ကျနော် သီချင်းဆိုမယ်” ဟု သူက ကျမ်းသစ္စာကျိန်ဆိုသည့် ပုံစံဖြင့် ညာဘက်လက်ဖ၀ါးကို ဖြန့် ထောင်ပြီး အလေးအနက် ဖြည့်စွက် ပြောလိုက်သည်။

သီချင်းဆိုရန် ဆုံးဖြတ်လိုက်သူ ဘလော်ဂါနောက်တဦးမှာလည်း အမေရိကန်တွင်ပင် အခြေစိုက်နေသူဖြစ်သည်။

“ကျနော်လည်း ဆိုမယ်ဗျာ။ ကမ္ဘာမြေကြီး ကျန်းမာဖို့ ကျနော် သီချင်းဆိုမှ ဖြစ်တော့မယ်” ဟု ၀ါရှင်တန်မြို့တော်တွင် အလုပ် လုပ်ကိုင်သည့် သူက ကဗျာဆန်ဆန် ကြွေးကြော်လိုက်သည်။

“ကျိန်ဆိုလည်း ကျနော် ကျိန်ရဲပါတယ်၊ ခယောင်းလမ်းကိုလည်း ဖြတ်ရဲပါတယ် အဲ - ကျနော် တကယ် ဆိုတော့မှာပါ။ ဒီဆုံးဖြတ်ချက်ဟာ ကျနော့်ရဲ့ နှစ်သစ် အဓိဋ္ဌာန်၊ အင်္ဂလိပ်လိုတော့ new year resolution ပေါ့ဗျာ” ဟု ဂုဏ်ယူစွာ ပြောပြသည်။

သီချင်းဆိုရန် အကြောင်းပြချက်ဖြင့် ဘလော့လောကမှ ထွက်မသွားရေးအတွက် သူတို့၂ဦးကို တိုက်တွန်းထားသည်ဟု သြစတြေးလျ အခြေစိုက် မြန်မာဘလော်ဂါတဦးထံမှ သိရသည်။ ၎င်းသည် မြန်မာဘလော်ဂါများ အသင်းကြီး၏ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည်။

“ဘလော့ ရေးနေတုန်း သီချင်းအော်ဆိုလည်း ရပါတယ်ရှင်” ဟု လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ်က လက်ထောက်ပြီး ပြောလိုက်သည်။

ခရစ်စမတ် ကာလတွင် ဘလော်ဂါ ၂ဦးကို ရုတ်တရက် စိတ်ပြောင်းသွားစေသည့် YouTube မှ သီချင်းများ












4 comments:

Kay said...

လက်ထောက်ပြောခွင့်ရ ဘလော့ဂါ မှ.. လက်မြှောက်ပြောခွင့်ရ..ဘလော့ဂါသတင်းထောက်အတင်း နှိုက် ( ဘလော့ဂ် မှာရော.. ကြုံသမျှ.. သတင်း ၀ဘ်ဆိုဒ် များမှာရော..) သို့.. ကြေးနန်းရိုက်ရာမှ.. လိ ထွက်သွားသော ၀ိုင်ယာ ကြိုးများ...

xxxx

ယူကျု အား အထူး ကျေးဇူးတင် လျက် ရှိသည်။ ထို အမေရိကန်မှ..ဘလော့ဂါ များအား.. တဖက်လှည့်.. ဖေ့စ်ဘွတ် မှ တဆင့် ( လိုက် ) ပေါင်းများစွာ မက်လုံးပေး လျက် တဖုံ.. အမည်ခွဲ များစွာ ဖြင့်..အကောင့်ဖွင့်..မိတ်ဆွေ ဖွဲ့ စေခိုင်းထားသော..အထူး သူလျှို များမှ တဆင့်.. မြှောက်ပင့် ပြောဆို ခိုင်းကာ တမျိုး ဖြင့်..ဘလော့ဂ် လောက..အား..ပြန်မလာ ရန်.. ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း။

မိမိ တို့ အနေဖြင့်.. ဘလော့ဂ် လောက မှာ..ဆက်လက်၍ မင်းမူ နိုင်ပြီ ဖြစ်သဖြင့်.. ငါသာလျှင် ငါ့ဘလော့ ရဲ့ အရှင်သခင်..ဧကန်အမှန်..မုချ မလွဲ..မပြောင်း မပျက်..ဆက်လက် တည်ရှိ နေမည် ဖြစ် ပေ တော့သည်။

ATN said...

ဟား... ဟား... ဟား...
Ho... Ho... Ho... :)

MG said...

ကေ ဆိုသူ ရေးတာကို သိတ်တော့ နားမလည်ပါ..။ သို့သော် ယူကျုကိုဖွင့်ဖို့ခက်တဲ့ ပရော့စီတွေ ဆင့်ကာဆင့်ကာကျော်မှ ဘလော့ဂ် တခုထဲ ၀င်ဖတ်လို့ရတဲ့..သာမန် မြန်မာ နိုင်ငံသား များ အတွက်တော့ ဖေ့စ်ဘွတ်ခ် ကထွက်ပေါက်ပါဘဲ.. ဒါကို စာနာနား လည်ပေး နိုင်ရင်ကောင်းပါမယ်။ ရွေးကောက်ပွဲ ကာလမှာ တတိုင်းပြည်လုံး အင်တာနက် ခက်တဲ့ချိန်.. ဖဘ တခုဘဲပွင့်နေခဲ့တာ လူတိုင်းသိပါတယ်..။ ခုလဲ..Internet speed က နှေးတော့ ကိုဇာနည်က ဘယ်လိုဘဲ ကြည့်စေချင် မြင်စေချင်ပေမဲ့ ဒီဘလော့ဂ် ထဲမှာလည်း..ကိုယ်တို့ဖွင့်လို့မရဘူး.. ဒါကြောင့် ဒိသီချင်းတွေကို facebook ပေါ်လဲတင်ပါဥိးလို့ ကိုဇာနည့်ကို တောင်းဆို လိုက်ပါတယ်။ နိုင်ငံပြင်ပမှာနေတဲ့ ဗမာလူမျိုးများ အတွက်သာ ရည်ရွယ်ပါတယ် ဆိုရင်တော့လည်း ရှိပါစေတော့လေ..။

Anonymous said...

ဒီကလည်း ဆိုချင်တာပဲ..။



ပေါက်