Dec 1, 2010

some photos from Jap and korean blogs

http://ameblo.jp/bolks/theme-10015889459.html မှာ တွေ့တဲ့ပုံ။တာချီလိတ်က ဖိုးသူတော်တွေ။တချို့ အာရှသားတွေကတော့ ထင်မှာပဲ၊ ဦးတည်ဘွားကို ပြောင်ထားတယ် ဆိုပြီး။အောက်ကပုံတွေကိုတော့ http://kr.blog.yahoo.com/imafrick/59.html?p=1&pm=l&tc=14&tt=1260776384 ကနေ ယူပါတယ်။တယ်လီဖုန်းလာလို့ အပေါ် တက်ပြောနေတာလားဟင်။ မြန်မာပြည် ကျေးလက်က ပုံပါ။ ဟဲလို -ဲဟုတ်ကဲ့ ပြောပါ၊ မြန်မာပြည်ကပါ လို့ ကိုရီးယား ဘလော်ဂါက ရေးထားပါတယ်။

ကရိန်ကား မပြောနဲ့ လှေခါးတောင် မသုံး၊ ခေါင်းတောင်း မကျိုက်ဘဲ အပြတ် လှုပ်ရှားနေတာက သူတို့အတွက် အမှန်တကယ် ရယ်စရာ ဖြစ်နေတာပေါ့။

မက္ကဆီကိုက ဆိုင်းဘုတ် တခု။ အမေရိကန်နဲ့ကပ်လျက် တိုင်းပြည် ဆိုတော့ အင်္ဂလိပ်စာ အားကောင်းမယ်လို့ မပြောနိုင်ပါဘူး။သူတို့က စပိန် ဘာသာပဲ သုံးကြတယ်လို့ ဆိုတယ်။ ဆိုင်ရှေ့က ဆိုင်းဘုတ်မှာ sorry, we are open လို့ ရေးထားတာမြင်ရင်တော့ ဓာတ်ပုံမရိုက်ဘဲ နေနိုင်ပါ့မလား။ကနေဒါက အိမ်သာတလုံး အဆင့်မြင့်ပုံကတော့ အင်း - မလွယ်ပါဘူး။ အန္တရာယ်ကို လွယ်မထားလိုသူတွေ အဲဒီအိမ်သာနဲ့ တွေ့လို့ကတော့း)

2 comments:

ရွှေရတုမှတ်တမ်း said...

ရှူးရှူးပေါက်တာများ ဘာခက်တာလိုက်လို့
ဟိုဖက်သွား...ပန်းလိုက်မှာပေါ့

MG said...

ဂျပန်ကပုံက ကိုယ်တို့ဆီမှာလဲရှိသလေ..။ ဖိုးသူတော်တွေပေါ့.. စကားပုံတောင်ရှိသေး.. ဖိုးသူတော် မျက်စေ့လည်လေ ဆန်ရလေ ဆိုတာ။ မန္တလေးသား စာရေးဆရာ လူထုဒေါ်အမာသား ညီပုလေးက သူတို့ မန္တလေးအကြောင်းကို ကျန်ခဲ့တဲ့ ၁၅ နှစ်လောက် ကထင်ရဲ့..။ ၀တ္တုတိုလေးတပုဒ်ရေးဘူးတယ်..။ "ဖိုးသူတော် မျက်စေ့လည်လေ.. အီကြာကွေး ရလေ" ..တဲ့။ ကဲ.. တွေးသာ ကြည့် တော့ ကိုဇာနည်ရေ့..။

တခါ ကိုရီးယားက မြန်မာပြည်ကျေးလက် ဆိုပြီး ဖုန်းတိုင်ပေါ်လှေခါးမရှိ တက်ပြီး ဖုန်းပြင်နေတာ ကိုပြောတာနော်..။ ဟုတ်ဖူးလေ.. တို့ရန်ကုန်မှာ သို့ မန္တလေးမှာ သာဖြစ်နိုင်မယ်.. ကျေးလက်က ဖုန်းမှ မရှိတာဘဲဟာ.. ကြွားတာ..ကြွားတာ..။ ဒီလိုပြင်တာ တို့ဆီမှာ ပုံမှန်ဘဲလေနော်..။ ခုမှတွေးမိ.. ကိုယ်တို့ဘ၀တွေက သူများတွေ အမြင်မှာ အောက်တန်းကျလှတာပါလား.. ရင်နာစရာပါဘဲ။ ဘာဖြစ်လို့လဲဟင်..။